၁၉၉၂ ခုနှစ်တွင် Apple ၏ မိုဘိုင်းထုတ်ကုန် စိတ်ကူးမျိုးကို ရရှိခဲ့ကြောင်း ပြောကြားခဲ့သည့် ဖလော်ရီဒါပြည်နယ်တွင် နေထိုင်သော သောမတ်စ်အက်စ်ရော့စ်ဆိုသူက ၎င်းအနေဖြင့် ကန်ဒေါ်လာ ၁၀ ဘီလျံနှင့် ကုမ္ပဏီ၏ အနာဂတ် ဝင်ငွေများအားလုံးမှ ၁.၅ ရာခိုင်နှုန်းကို ရရှိလိုကြောင်း Apple ကို တရားစွဲဆိုထားသည်။
အဆိုပါ စိတ်ကူးကို သောမတ်စ်က “အီလက်ထရောနစ် စာဖတ်ထုတ်ကုန်” ဟု အမည်ပေးကာ မူပိုင်ခွင့်တင်ခဲ့သည်။ မူပိုင်ခွင့်တွင် မီဒီယာနှင့် ဆက်သွယ်မှုဆိုင်ရာ tool များပေါင်းစပ်ဖန်တီးရန် ဒီဇိုင်းထုတ်ထားသည့် ထုတ်ကုန်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုစိတ်ကူးသည် Apple ၏ iPhone, iPod, iPad နှင့် အခြားထုတ်ကုန်များ၏ အပိုင်စီးခံခဲ့ရကြောင်း ၎င်းက စွပ်စွဲထားသည်။
Apple သည် စမတ်ဖုန်းဒီဇိုင်းနှင့် သုံးစွဲသူအတွေ့အကြုံကို တော်လှန် ပြောင်းလဲခဲ့ကြောင်း အများက လက်ခံထားကြသည်။ Apple အနေဖြင့် ၎င်း၏ ကိုယ်ပိုင်အမြင်သဘောထားနေရာတွင် သုတေသနနှင့် တိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာ ဗျူဟာအဖြစ် ယဉ်ကျေးမှုတစ်ခုကို မွေးစားခြင်းသာဖြစ်ကြောင်း ရော့စ်၏ တရားစွဲဆိုချက်တွင် ဖော်ပြထားသည်။
ဂုဏ်ပြုသင့်သူကို အသိအမှတ်မပြုဘဲ ၎င်းကိုယ်တိုင် စိတ်ကူးပုံဖော်ထားသည့် iPhone များကို နေရာအနှံ့တွေ့မြင်နေရသောကြောင့် သောကဖိစီးလျက်ရှိကြောင်း၊ အဆိုပါ ဒဏ်ရာသည် ငွေကြေးဖြင့် တိုင်းတာလို့မရသလို အလျော်ပေး၍ မရကြောင်း ရော့စ်က တရားစွဲဆိုချက်တွင် ဖော်ပြထားသည်။
Ref: CultofMac
စိုးထက် - Internet Journal
Sign up here with your email
ConversionConversion EmoticonEmoticon