မေ ၁၅ ရက် တိုင်းတာချက်များအပေါ်အခြေခံ၍ ဒေါက်တာထွန်းလွင်၏ မုန်တိုင်းရွေ့လျားနိုင်သောလမ်းကြောင်း ခန့်မှန်းချက် |
မေလ ၁၅ ရက် ညနေ ခန့် မှန်းချက်များအရ လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်ဖြစ်လာနိုင်ကာ ကုန်းတွင်းသို့ တစ်နာရီလျှင် လေ တိုက်နှုန်း ၄၀-၄၅ မိုင်ခန့်ဖြင့် ငါးရက်အတွင်း ဖြတ်ကျော်ဝင် ရောက်နိုင်ကြောင်း ဒေါက်တာ ထွန်းလွင်က ခန့်မှန်းသည်။
မုန်တိုင်းရွေ့လျားရာလမ်း ကြောင်းသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်၍ မိုးလေဝသ သတင်းများကို ပြည်သူလူထုက စောင့်ကြည့်နားထောင်ရန် လို ကြောင်း ဒေါက်တာထွန်းလွင်က အကြံပြုသည်။
လတ်တလောခန့်မှန်းချက် များအရ ရခိုင်ပြည်နယ်မြောက် ပိုင်းဒေသများသို့ ဝင်ရောက်နိုင်ပြီး မုန်တိုင်းလမ်းကြောင်း အခြေအ နေအရ ဘင်္ဂလားဒေ့ရှ် ကမ်းခြေ (သို့မဟုတ်) မြန်မာ- ဘင်္ဂလား ဒေ့ရှ် နယ်စပ်ကမ်းခြေတို့သို့ ဦး တည် တိုက်ခတ်ဖြတ်သန်းနိုင် ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းသည်။
မုန်တိုင်းငယ်၏ အရှိန် ကြောင့် မြန်မာနိုင်ငံသို့ အနောက် တောင်မုတ်သုံလေဝင်ရောက်နိုင် ကာ လေထုမငြိမ်မသက်ဖြစ်ပြီး မိုးတိမ်တောင်အန္တရာယ်ကိုပါ သ တိပြုရန် ဒေါက်တာထွန်းလွင်က ဆက်လက်ပြောသည်။
မြန်မာနိုင်ငံ ဒေသအနှံ့တွင် ယခုရက်ပိုင်းအတွင်း ညနေပိုင်းအချိန်များ၌ မိုးကြိုးပစ်ခြင်း၊ လေပြင်းကျခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ၎င်းက သတိပေးထားသည်။ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကလည်း လေဖိအားနည်းရပ်ဝန်းသည် မေလ ၁၆ ရက် နံနက်တွင် မုန်တိုင်းငယ် စတင်ဖြစ်ပေါ်နိုင်ပြီး သုံးရက်မှ လေးရက်ခန့်အထိ ပင်လယ်ပြင်တွင် တိုက်ခတ်နေမည်ဖြစ်ကာ မေလ ၂၀ ရက်၌ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ဝင်ရောက်လာနိုင် ကြောင်း သတင်းထုတ်ပြန်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း သို့ မုန်တိုင်းငယ်အဆင့်ဖြင့် ဝင်ရောက်ရန် ၉၀ ရာခိုင်နှုန်းခန့် သေချာနေကြောင်း မိုး/ဇလတာဝန်ရှိ သူတစ်ဦးက ပြောသည်။
ထို့ကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်း ကမ်းရိုးတန်းဒေသ များကို ပထမအဆင့် နှိုးဆော်ပြီး ငါးရက်အတွင်း မုန်တိုင်းဖြတ် ကျော်ဖွယ် ရှိနေကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။
အဆိုပါမုန်တိုင်း အရှိန် ကြောင့် မုတ်သုံလေဝင်ရောက် လာနိုင်ကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။
အောင်သစ်လွင် - 7day
Sign up here with your email
ConversionConversion EmoticonEmoticon