တောင်ဒဂုံတွင် လူသုံးဦးက ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဓားဖြင့်ဝိုင်းခုတ်သဖြင့် သေဆုံး

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဓားဖြင့်ခုတ်ခံရသည့်နေရာကို တွေ့ရစဉ်
အသက်(၁၃)နှစ်အ ရွယ် ကလေးငယ်တစ်ဦးအားကြိမ်း မောင်းနေသူများကို တားမြစ်ခဲ့ သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အား တားမြစ်ခံရသည့် အမျိုးသား သုံးဦးက ဓားဖြင့်ခုတ်သတ်ခဲ့သည့် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ရန် ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဓားဖြင့်အခုတ်ခံရသူ တောင်ဒဂုံမြို့နယ်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းသည် မေလ ၂၉ ရက် ည ၉ နာရီတွင် ဇနီးဖြစ်သူနှင့် အိမ်ပြန်လာစဉ် တားမြစ်ခံခဲ့ရသူများဖြစ်သည့် ကျော်လင်းနိုင် (ခ) ဂျပန်ကြီး၊ ဘိုလင်းနှင့် အောင်မြင့်ဦးတို့က နောက်မှလိုက်ကာ ဓားဖြင့်ခုတ်ပြီးနောက် ထွက်ပြေးခဲ့ကြောင်း တောင်ဒဂုံမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦး ကပြောသည်။

‘‘ဓားနဲ့ခုတ်ခံရတဲ့အချိန်က ရပ်ကွက်ထဲမှာ မီးပြတ်နေတယ်။ စတိုးဆိုင်ထဲကို ရပ်ကွက်အုပ်ချုပ် ရေးမှူး ၀င်ပြေးလာတော့ နောက် က ဓားကိုင်လာတဲ့လူသုံးယောက် က ခုတ်တယ်။ စတိုင်းဆိုင်ပိုင်ရှင် ကလည်း ကလေးထိမှာစိုးလို့ ၀င် မဆွဲရဲဘူး။ နောက်မှ သွေးအိုင်ထဲ လဲနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဆေးရုံဝိုင်းပို့ခဲ့ပေမယ့် လမ်းမှာဆုံးသွားတယ်’’ဟု အဆို ပါ ရဲအရာရှိကပြောသည်။

ဓားဖြင့်ခုတ်သူ အမျိုးသား သုံးဦးက အသက်(၁၃)နှစ်အရွယ် ကလေးငယ်တစ်ဦးကို ကြိမ်းမောင်းနေ၍ ဦးဇော်ဝင်းက ၀င်ရောက် တားမြစ်ခဲ့ပြီးနောက် ရုံးမှအိမ်သို့အပြန် ယင်းကိစ္စကို မကျေနပ်သောကြောင့် ဓားဖြင့် နောက်မှ လိုက်ခုတ်ခဲ့ခြင်းဟု သေဆုံးသူဘက်က ထွက်ဆိုခဲ့ သည်။

‘‘ဇနီးဖြစ်တဲ့သူနဲ့ ရပ်ကွက် ရုံးကနေ ဆိုင်ကယ်စီးပြန်လာတုန်း နောက်က ဆိုင်ကယ်နဲ့ လိုက်လာ တယ်။ ပြီးမှ ရှေ့ကပိတ်ရပ်ပြီး ဓားနဲ့ဝိုင်းခုတ်တော့ စတိုးဆိုင်ထဲ ၀င်ပြေးတာပါ။ အမျိုးသမီးက တော့ ဆိုင်ကယ်မှောက်တဲ့နား မှာ ကျန်ခဲ့တယ်’’ဟု ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးကပြောသည်။

ဓားဖြင့်အခုတ်ခံရသူ ဦးဇော် ၀င်းသည် ဘယ်ဘက်ရင်အုံဘေး ထိုးသွင်းဒဏ်ရာ၊ ဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာ၊ ၀ဲလက်ညှိုးပြတ် ရှဒဏ်ရာရရှိခဲ့ပြီး သင်္ဃန်းကျွန်း စံပြဆေးရုံသို့ ပို့ဆောင်စဉ် သေ ဆုံးခဲ့သည်။

ပြစ်မှုကျူးလွန်သူများဖြစ် သည့် ကျော်လင်းနိုင် (ခ) ဂျပန် ကြီး၊ ဘိုလင်းနှင့် အောင်မြင့်ဦး (ခ) သုတတို့ကို ပြစ်မှုပုဒ်မ ၃၀၂/ ၁၁၄ ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူများကို လိုက်လံဖမ်းဆီးနေ ကြောင်း တောင်ဒဂုံမြို့မရဲစခန်း မှ ရဲအရာရှိတစ်ဦးကပြောသည်။

ဖိုးတုတ် - 7day
Previous
Next Post »
Powered by Blogger.