ဒီတစ်ပတ်မှာတော့ Myanmar Idol ပြိုင်ပွဲမှာ ပရိသတ်တွေ အသိအမှတ်ပြု အားပေးခဲ့သော်လည်း Voting စနစ်ကြောင့် Winner ဆုနဲ့ လွဲချော်ခဲ့ရသူ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ အဆိုတော် နင်ဇီမေရဲ့ ပြိုင်ပွဲတစ်လျှောက် အတွေ့အကြုံ တချို့နဲ့ ရှေ့ဆက်လျှောက်မယ့် အနုပညာလမ်းကြောင်းကို မေးမြန်းထားပါတယ်။
Myanmar Idol ပြိုင်ပွဲတစ်လျှောက် ဖြတ်သန်းခဲ့ရတဲ့ နင်ဇီမေရဲ့ အတွေ့အကြုံတွေကို ဝေမျှပေးပါဦး။
Myanmar Idol ကတော့ ညီမဘဝအတွက် အမှတ်တရတွေ အများကြီးရှိခဲ့တဲ့ ပြိုင်ပွဲတစ်ခုပါ။ ဒီပြိုင်ပွဲမှာ ရခဲ့တဲ့အတွေ့အကြုံ တွေကလည်း မှတ်တိုင်တစ်ခုဖြစ်ခဲ့တယ်။ ညီမအတွက် ဘဝတစ်ခု ဖြစ်ခဲ့တယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ အရရော ပညာတွေပါ အများကြီး ရခဲ့ပါတယ်။
နင်ဇီမေအတွက် Myanmar Idol ပြိုင်ပွဲတစ်လျှောက်လုံးမှာ အမှတ်တရအဖြစ်ဆုံးက ဘာဖြစ်မလဲ။
အမှတ်တရတွေကတော့ အများကြီးရှိခဲ့တယ်။ ညီမအတွက် အမှတ်ရဆုံးကတော့ Bottom 3 မှာ သွားထိုင်ခဲ့ရတဲ့အချိန်ပါပဲ။ အဲ ဒီတုန်းက ညီမဘာမှ မပြင်ဆင်ထားခဲ့မိဘူး။ ရှော့ခ်ဖြစ်ခဲ့ရတယ်။ မိဘတွေကအစ ညီမအတွက် စိတ်မကောင်းဖြစ်ခဲ့တယ်။ Bottom 3 မှာက ညီမနှစ်ခါ ထိုင်ခဲ့ရပေမယ့် ပထမအကြိမ်မှာ ထိုင်ခဲ့ရတာကတော့ ညီမအတွက် မမေ့နိုင်တဲ့ အမှတ်တရပါပဲ။
Myanmar Idol ပြိုင်ပွဲက ပရိသတ်တွေရဲ့ Voting စနစ်နဲ့သွားခဲ့တဲ့ အပေါ်မှာ ဘယ်လိုမြင်သလဲ။ ပရိသတ်တွေက နင်ဇီမေကို အရည်အချင်း ရှိတယ်လို့ သတ်မှတ်ထားရဲ့သားနဲ့ Voting စနစ်ကြောင့် ဆုနဲ့လွဲချော်
ခဲ့ရတယ်လို့ မှတ်ချက် ပြုတဲ့အပေါ်မှာ ဘယ်လိုပြောချင်သလဲ။
ညီမအနေနဲ့ကတော့ Mya-nmar Idol ပြိုင်ပွဲမှာ ညီမဆုရရ၊ မရရ ကျေနပ်တယ်။ ပြိုင်ပွဲမှာ ညီမကို ချစ်လို့၊ ခင်လို့ ပွဲစဉ်တစ် လျှောက်လုံး Vote တွေပေးပြီး အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို လည်း ညီမကျေးဇူးအများကြီးတင် ပါတယ်။ Myanmar Idol Winner တစ်ယောက်မဖြစ်ခဲ့ပေမယ့် ညီမ ပရိသတ်တွေ အများကြီးရရှိခဲ့ပါ တယ်။ အဲဒီအတွက် ပရိသတ်တွေ ကို ပြန်ပြီးကျေးဇူးဆပ်တဲ့အနေနဲ့ ညီမအနုပညာကို အကောင်းဆုံး ကြိုးစားလုပ်ဆောင်သွားမယ်။ ညီမကိုလည်း ဆက်ပြီးအားပေးစေချင်ပါတယ်။
ရှေ့ဆက်လျှောက်မယ့် နင်ဇီမေရဲ့ အနုပညာလမ်းကြောင်းကိုလည်း ပြောပြပေးပါဦး။
ဟုတ်ကဲ့။ ညီမ အခုတစ်ကိုယ်တော်အခွေအတွက် စီစဉ်နေပါတယ်။ ပရိသတ်တွေလက်ထဲကို ဒီနှစ်မကုန်ခင်အတွင်းမှာပဲ ရောက်နိုင်အောင် ကြိုးစားနေပါတယ်။
လတ်တလောမှာ အနုပညာလှုပ်ရှားမှုက ဘာတွေလုပ်နေပါသလဲ။
ညီမ အခုရက်ပိုင်းတွေမှာတော့ ဖျော်ဖြေပွဲတွေအတွက် ခရီးတွေ တောက်လျှောက်ထွက်နေရပါတယ်။ နယ်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုအားပေးကြတဲ့ ပရိသတ် တွေကိုလည်း ညီမကျေးဇူးတင်ပါတယ်။
နောက်ထပ် Myanmar Idol ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမယ့်သူတွေအတွက် အကြံပြုစကား ပြောပေးပါဦး။
Season 2 မှာ ဝင်ပြိုင်ကြမယ့်သူတွေကိုတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာရော ပြင်ဆင်မှုအပိုင်းမှာပါ အစစအရာရာပြင်ဆင်ထားကြပါလို့ ပြောချင်တယ်။
Myanmar Idol ပြိုင်ပွဲအပြီး သင်္ကြန်တွင်းမှာ ပရိသတ်တွေနဲ့ တိုက်ရိုက်ဖျော်ဖြေခဲ့ရတဲ့အတွေ့ အကြုံတွေကိုလည်း ပြောပြပေးပါဦး။
သင်္ကြန်မှာက ပရိသတ်တွေ နဲ့ တိုက်ရိုက်ဖျော်ဖြေခွင့်ရခဲ့တဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ အရမ်းလည်း ပျော်မိတယ်။ အရင် ကဆို ဒီလိုဖျော်ဖြေဖို့အတွက် တစ် ခါမှမစဉ်းစားမိခဲ့ပါဘူး။ အခု TV ကနေလည်း Live လွှင့်ပေးခဲ့တဲ့အတွက် ကျေးဇူးလည်းတင်တယ်။ အဲဒီအတွက် ပရိသတ်တွေကို ညီမ အကောင်းဆုံးကြိုးစားဖျော်ဖြေ ပေးခဲ့ပါတယ်။
တကယ်လို့သာ Myanmar Idol ပြိုင်ပွဲကို နင်ဇီမေ ဝင်မပြိုင်ဖြစ်ခဲ့ဘူးဆိုရင် အခုအချိန် အနုပညာလမ်းကြောင်းမှာပဲ ရပ်တည်နေမှာလား။
ညီမ Myanmar Idol ကို ကြော်ငြာကနေတွေ့ခဲ့ပြီး ဝင်ပြိုင် ဖြစ်ခဲ့တာပေါ့နော်။ တကယ်လို့သာ ဒီဟာကို ဝင်မပြိုင်ခဲ့ဘူးဆိုရင် တော့ ညီမ အခုအချိန် ပညာရေးဘက်ကိုပဲ ရွေးချယ်လုပ်ဖြစ်နေမယ်ထင်ပါတယ်။
ပညာရေးကိုပဲ ဦးစားပေးသွားမယ် ဆိုတော့ ညီမလေးရဲ့ ပညာရေးကိုလည်း ပြောပြပေးပါဦး။
ဟုတ်ကဲ့။ ညီမ အခု မြန်မာစာ ဒုတိယနှစ် တက်နေတာပါ။
Myanmar Idol ပြိုင်ပွဲတစ်လျှောက်လုံး ညီမကို အစဉ်တစိုက် အားပေးခဲ့ကြတဲ့ ပရိသတ်တွေ အတွက် နင်ဇီမေရဲ့ စကားလက်ဆောင်ပြောပေးပါဦး။
ပထမဆုံးအနေနဲ့ ကတော့ ညီမကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူး အများကြီးတင်ပါတယ်။ ပြိုင်ပွဲမှာ ညီမကို Vote တွေပေးပြီး အားပေးခဲ့ကြတဲ့ ပရိသတ်တွေအတွက် ညီမအနုပညာကို ရိုးရိုးသားသားနဲ့ အကောင်းဆုံး ကြိုးစားသွားပါ့မယ်။ ပရိသတ်တွေဖြစ်စေချင်တဲ့ အတိုင်း ညီမကို စိတ်မပျက်စေရပါဘူး။ ညီမရဲ့ တစ်ကိုယ်တော် အယ်လ်ဘမ်ကိုလည်း ပရိသတ်တွေလက်ထဲကို အမြန်ဆုံးပို့နိုင်အောင် ကြိုးစားနေပါတယ်။
ကျေးဇူးတင်ပါတယ်။
ဖြူဖွေးသန့် - 7day
Sign up here with your email
ConversionConversion EmoticonEmoticon