သတိရှိစေချင်တယ် ဖုန်းမသုံးရဆိုတဲ့နေရာတွေမှာ...







ဓါတ်ဆီဆိုင်တွေမှာ ဆီဖြည့်ရင် ဖုန်းမသုံးရဆိုတဲ့ သတိပေးဆိုင်းဘုတ်တွေ၊ ဂက်စ်အိုးတွေနား ဖုန်းမသုံးရဘူးဆိုတဲ့ သတိပေးစကားတွေ အမြဲလိုလိုကြားနေပေမယ့် ကိုယ်တွေအပါအဝင် လူတော်တော်များများ သတိမမူသလို အမှု့မဲ့အမှတ်မဲ့ ပေါ့ပေါ့တန်တန်သဘောထားပြီး သုံးစွဲနေကြတာ မျက်မြင်ကိုယ်တွေ့ပါပဲ။ လက်တွေ့ဖြစ်တာလည်း နီးနီးကပ်ကပ်မမြင်ဖူးတဲ့အခါ ကျတော့ ခပ်ပေါ့ပေါ့အတွေးနဲ့ နေနေမိတာလည်း ပါတာပါ။

. အခုအချိန်မှာတော့ အမြဲတမ်းလိုလို အချိန်ပြည့်နီး ပါးဖွင့်ထားတတ်တဲ့ ဖုန်းအင်တာနက်ရယ်၊ ဝိုင်ဖိုင်ရယ်ကိုတောင် ဖွင့်ဖို့အတော်ကလေးလန့်မိပါတယ်။ တကယ်လက်တွေ့ ဝေဒနာခံစားပြီး ထိတ်လန့်စရာ အန္တရာယ်ကြုံတွေ့ဖူးတဲ့ မိတ်ဆွေတယောက်ကိုမြင်မှ ကြောက်လန့်စိတ်နဲ့အတူ ဆင်ခြင်ဖို့အသိတရား ရလာခဲ့လို့ပါပဲ။ ကိုယ့်ပတ်ဝန်းကျင်က လူတယောက် ခုလိုမဖြစ်ဘူးဆို မီးဖိုချောင်လည်း ဖုန်းတကိုင်ကိုင်၊ ကားဆီဖြည့်ရင်လည်း အမှတ်တမဲ့သုံးချင်သုံးမိသလို နေ့စဉ်ရက်ဆက် ခေါင်းအုံးဘေး အားသွင်းကြိုး တပ်လျက် တရေးနိုးကြည့်လိုက် အိပ်သွားလိုက်နဲ့ အခန့်မသင့်တဲ့အခါ ဖုန်းပေါက်ကွဲမယ့်အချိနိကို စောင့်နေမိတဲ့လူ တယောက်လိုပါပဲ။ 

အခုချိန်မှာတော့ ကြောက်လန့်စိတ်နဲ့အတူတူ အသိတရားလည်းဝင်လာတဲ့အခါ ကိုယ့်ချစ်ခင်တဲ့လူတွေ သူငယ်ချင်းတွေကို မထင်မှတ်ပဲ ဒီလိုအဖြစ်ဆိုးမျိုး မကြုံတွေ့စေချင်တာကြောင့် အသိအန်တီတယောက်ရဲ့ အမှတ်မထင်ကံဆိုးမှုကို ပြောပြချင်တာပါ။ သူကိုယ်တိုင်ကလည်း နောက်လူတွေမဖြစ်အောင် သတင်းလာမေးတဲ့လူတိုင်းကို အသိပေးရှင်းပြပြောပြ ပါတယ်။

သူက အိမ်မှာတယောက်တည်း အေးအေးလူလူ ထမင်းဟင်းချက်နေတာပါ။ အိမ်သုံးဂက်စ်မီးဖိုနဲ့ ဟင်း အိုးတည်နေတုန်း မီးဖိုခန်းထဲမှာပဲ ခုံတလုံးဆွဲပြီး ဟင်းအိုးကိုလည်းစောင့် အပျင်းလညိးပြေ ဖုန်းကိုယူပြီး Facebook ကြည့်ဖို့အင်တာနက်လိုင်းကိုအဖွင့် ဝုန်းကနဲဆို ဂက်စ်အိုးကထပေါက်ကွဲပြီး သူ့မျက်နှာကိုမီး တွေထလောင်ပါတော့တယ်။

ကြောက်လန့်စိတ်နဲ့တယောက်တည်း မီးကိုလည်းရအောင်ငြိမ်းသတ်၊ မျက်နှာကိုလည်းရေတွေလောင်ပြီး ပူပူထူထူဆေးခန်းသွားပြဖို့ထွက်လာတဲ့အခါ အပြင်လူတွေရဲ့ ထိတ်လန့်တကြားဆေးရုံသွားမှဖြစ်မယ်ပြောသံတွေနဲ့အတူ အရေးပေါ်အထူးကုဆေးရုံရောက်ခဲ့ပါတယ်။ ခွဲခန်းလည်းဝင်ပြီး ယခုအချိန်အထိ ဆေးကုသနေဆဲပါ။ 

အန်တီကိုယ်တိုင်က သူခုလိုဖြစ်တာကိုနမူနာယူပြီး ဆင်ခြင်နိုင်ကြအောင်လို့ သူ့ရဲ့ ယခင်ပုံနဲ့ လက်ရှိဖြစ် နေတဲ့ပုံကိုယှဉ်တွဲပြီးမြင်ရအောင်လို့ ဓါတ်ပုံရိုက်ခိုင်းပါတယ်။ ခုချိန်မှာ သူ့အနားဖုန်းကပ်လာရင်တောင် ကြောက်လန့်စိတ်ဝင်နေတဲ့အထိပါ။ ဘလိုပဲဖြစ်ဖြစ် ဒီအကြောင်းအရာကိုဖတ်မိတဲ့သူတိုင်း နည်းနည်းကလေးပဲဖြစ်ဖြစ် ဆင်ခြင်နိုင်ကြမယ်ဆိုရင် အမှတ်မထင်ဖြစ်လာမယ့် ဆိုးဆိုးဝါးဝါးအဖြစ်အပျက်တွေကို ချစ်ခင်တဲ့အသိမိတ်ဆွေတွေ မကြုံတွေ့ရတဲ့အတွက် နေ့စဉ်ရက်ဆက် လုံးပမ်းနေရတဲ့လူ့ဘဝအမောတွေ ထပ်မတိုးဘဲ ပုံမှန်ကလေးပဲ ခပ်အေးအေးနေနိုင်ကြသေးတာပေါ့လေ။.

တကယ်စေတနာနဲ့ မြင်တဲ့လူတွေဆင်ခြင်နိုင်အောင် ဓါတ်ပုံပေးတင်တဲ့ အန်တီလည်း အမြန်ဆုံးကျန်းမာပြီး စိတ်ချမ်းချမ်းသာသာနဲ့ ဝေဒနာတွေကင်းပါစေ။

Ahtin Kaya facebook
Previous
Next Post »
Powered by Blogger.