နေပြည်တော်တွင် ၀န်ထမ်းဖယ်ရီကား ၂ စီးတိုက်၊ အများအပြား ဒဏ်ရာရ





ဒီကနေ့ ၂၉ ရက်ေန့က နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ၀န်ထမ်းတွေ နေထိုင်တဲ့ ဧက ၁၀၀၀ ဓနသိဒ္ဓိရပ်ကွက်ရှိ ရတနာမြိုင်လမ်းနဲ့ သုခမြိုင်လမ်းဆုံမှာ မနက် ၈ နာရီ ၂၃ မိနစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဖြစ်စဉ်မှာ စာရင်းစစ်ရုံးက၀န်ထမ်းတွေနဲ့ အလုပ်သမားဝန်ကြီးဌာနက ၀န်ထမ်းတွေ ရုံးသွားဖို့ လာကြိုတဲ့ ကားနှစ်စီး လမ်းဆုံမှာ တိုက်မိတာဖြစ် ပါတယ်။

ဒီလိုတိုက်မိတဲ့အတွက် ကားနှစ်စီးပေါ်မှာပါတဲ့ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၂၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိတဲ့သူတွေကို နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ထားပြီး စိုးရိမ်ရတဲ့ အနေအထားမရှိဘူးလို့ နေပြည်တော် အမှတ် ၃ ရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

ကားနှစ်စီးပေါ်မှာ စုစုပေါင်း ၀န်ထမ်းဦးရေ ၈၀ ဦးခန့်ပါတယ်လို့ သိရပါတယ်။ ကားမောင်းသူ နှစ်ဦးကိုတော့ အရေးယူဖို့ ဆောင်ရွက်နေပြီး လောလောဆယ်မှာတော့ ကုတင် ၁၀၀၀ ဆေးရုံးကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။။ 

သတင်း – နေဖြိုးဝင်း / DVB၊ ဓာတ်ပုံ – MOI
Previous
Next Post »
Powered by Blogger.