ကျွန်မတို့ နေရာတိုင်းမှာ အများစုက စွမ်းအင်နဲ့ ငွေကြေးသက်သာစေဖို့ ကြိုးပမ်းလာကြတဲ့အတွက် အရင်တုန်းက သုံးနေကျ မီးလုံးတွေနေရာမှာ စွမ်းအင်သုံးစွဲမှု နည်းပါးတဲ့ မီးလုံးတွေကို အစားထိုး သုံးစွဲလာကြပါတယ်။ ဒါပေမဲ့ အမေရိကန် ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး အေဂျင်စီက အရေးပေါ် သတိပေးထားပါတယ်။ စွမ်းအင် သက်သာစေတဲ့ မီးလုံးများကွဲသွားတဲ့အခါမှာ အဆိပ်ငွေ့ ထွက်ရှိတတ်ပြီး အလုံပိတ်ထားတဲ့ အခန်းထဲမှာ ကွဲခဲ့ရင်တော့ အများဆုံးလက်ခံနိုင်တဲ့ ပမာဏထက် အဆ ၂၀ ပိုများတဲ့ မာကျူရီ အဆိပ်ငွေ့တွေ ထွက်ရှိမှာ ဖြစ်ပါတယ်။ စွမ်းအင်ချွေတာရေး မီးသီးများက ဖြစ်စေနိုင်တာတွေကတော့-
-မူးဝေခြင်း
-ခေါင်းကိုက်ခြင်း
-လေဖြတ်ခြင်း
-ပင်ပန်းနွမ်းနယ်ခြင်း
-အာရုံစူးစိုက်နိုင်မှု မရှိခြင်း
-စိတ်ပူပင်ခြင်း
စွမ်းအင်သက်သာစေတဲ့ မီးလုံးတွေမှာ မာကျူရီ ဓာတ်ငွေ့တွေ ပါဝင်တဲ့အတွက် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေအတွက် အန္တရာယ် ရှိပါတယ်။ အထူးသဖြင့် ဦးနှောက်၊အာရုံကြော စနစ်၊အသည်းနဲ့ ကျောက်ကပ်တွေကို ထိခိုက်စေတတ်ပါတယ်။နှလုံးသွေးကြော၊ကိုယ်ခံအား စနစ်နဲ့ မျိုးပွားစနစ်တွေအပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။
ဒီမီးလုံးကထွက်တဲ့ အဆိပ်ငွေ့တွေက ကင်ဆာဖြစ်စေနိုင်တဲ့အထိ တွေ့ရတယ်လို့ ဂျာမနီနိုင်ငံ ALAB ဓာတ်ခွဲခန်းက လေ့လာမှုတစ်ရပ်က ဖော်ပြနေပါတယ်။ဒါ့အပြင် စွမ်းအင်ချွေတာရေး မီးသီးတွေက အရေပြားကို ထိခိုက်စေနိုင်တဲ့ ခရမ်းလွန် ရောင်ခြည်များကို ထုတ်လွှတ်နိုင်တဲ့အတွက် အရေပြားကင်ဆာ ဖြစ်စေပြီး အရေပြားကို ပျက်စီးစေတတ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ၄င်းမီးလုံးများပျက်သွားတဲ့အခါ ပုံမှန်စွန့်ပစ်နေကျ အမှိုက်တွေလို ပစ်လို့မရပါဘူး။ အိမ်ထဲမှာ မီးလုံးတစ်လုံး ပျက်သွားတဲ့အခါ အဆိပ်ငွေ့တွေအားလုံး ထွက်သွားစေဖို့အတွက် အိမ်မှာ ရှိတဲ့ ပြတင်းပေါက်တွေ၊တံခါးပေါက်တွေ အားလုံးကို ၁၅ မိနစ်လောက် ဖွင့်ထားပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
Ref:idealist4ever
ခင်သူဇာ - Trend Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon