ကျုံးဘေး၌ ရေစုပ်စက်ဖြင့် ရေကစားခွင့် ပြန်လည် ခွင့်ပြု ဧပြီ ၁၀ ရက်အထိ လျှောက်ထားနိုင်


ကျုံးရေသုံးစွဲမှု လျှော့ချရန် ရည်ရွယ်ချက်ဖြင့် ယခုနှစ်သင်္ကြန်တွင် ကျုံးဘေး၌ ရေသုံးစွဲကစားခွင့် ပိတ်ခဲ့ခြင်း ကို ယခုအခါ ပြန်လည် ခွင့်ပြုလိုက်ပြီဖြစ်သည်။

ပြီးခဲ့သော ဖေဖော်ဝါရီလကုန်ပိုင်းက ကျင်းပခဲ့သော မန္တလေးမြို့တော် ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် 
ကျင်းပရေး ဦးစီး ကော်မတီညှိနှိုင်းအစည်းအဝေးတွင် သင်္ကြန်ရေ ကစားမဏ္ဍပ်များတွင်သုံးမည့် ရေ
ပိုက်ခေါင်း အရွယ်အစား၊ အရေအတွက်များကို ကန့်သတ် သတ်မှတ်ချက်များထုတ်ပြန်ခဲ့ပြီး နှစ်စဉ် ခွင့်ပြုခဲ့သည့် တစ်ဦးချင်း တစ်ပိုင်တစ်နိုင်ရေစုပ်စက်များဖြင့် ကစားခွင့်လျှောက်ထားခြင်းကိုလည်း ခွင့်မပြုရန် သတ်မှတ်ခဲ့သည်။

သင်္ကြန်တွင်း နှစ်စဉ် ကျုံးရေ သုံးစွဲမှုမှာ ရေဂါလန်ပေါင်း သန်း ၄၀ ၀န်းကျင်ရှိရာ ထိုသို့ ကန့်သတ်
လိုက်သည့်အတွက် ကျုံးရေ သုံးစွဲမှု ထက်ဝက်ခန့် သက်သာသွားနိုင် ကြောင်း ပွဲတော်ကျင်းပရေး
ဦးစီးကော်မတီ ၀င် ဦးသက်နိုင်ထွန်းက ပြောကြားသည်။ သို့ရာတွင် ဧပြီ ၁ ရက်တွင် မန္တလေးတိုင်း
ဒေသကြီး အစိုးရအဖွဲ့က ပြုလုပ်သော မြန်မာ့ ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အစည်းအဝေး
ဆုံးဖြတ်ချက်အရ ကျုံးရေ သည် ကျုံး၏ ရေပိုထွက်ပေါက်များမှ အစဉ် ထွက်ရှိနေသဖြင့် သင်္ကြန်တွင်း ကျုံးဘေး၌ ရေစုပ်စက်ဖြင့် ရေပက်ခြင်းသည် အများ ပြည်သူ ကျုံးရေသုံးစွဲမှုကို ထိခိုက်မှု မရှိနိုင် ကြောင်း ဆွေးနွေးဆုံးဖြတ်မှုများအရ ပြန်လည် ခွင့်ပြုလိုက်ကြောင်းနှင့် ထိုသို့ ကစား ခွင့်အတွက် စည်ပင်သာ 
ယာရေးနှင့် သန့်ရှင်း မှုဌာနသို့ ဧပြီ ၄ ရက်မှ ၁၀ ရက်အထိ လာရောက်လျှောက်ထားနိုင်ကြောင်းကို စည်ပင်သာယာရေးကော်မတီက မန္တလေး နေ့စဉ်သတင်းစာကတရားဝင် ကြေညာ ထားသည်။

ယခင်နှစ်က ကစားခွင့်ရပါက ရေစုပ်စက် တစ်လုံးလျှင် ကျပ် တစ်သိန်းနှုန်း ပေးသွင်း ရသော်လည်း
ယခုနှစ်တွင် ကျပ် နှစ်သိန်းပေးသွင်းရန် သတ်မှတ်ထားသည်။ စည်ပင် သာယာက ယခုနှစ်တွင်
ကျုံးအနောက်ဘက် လမ်း ၈၀ ပေါ်တွင် ၇၅ ခု၊ ကျုံးမြောက်ဘက် ၁၂ လမ်းတွင် ၇၅ ခု သတ်မှတ်
ခွင့်ပြုသွားမည် ဖြစ်ကာ အချင်း နှစ်လက်မ ရေစုပ်စက်ဖြင့်သာ ပက်ကစားရန်နှင့် ရေအားပြင်းထန်သည့် နော်ဇယ် ရေပိုက်ခေါင်းတပ်ဆင်၍ ကစား ခွင့်မပြုကြောင်း
သတ်မှတ်ထားသည်။

ဖြိုးဝေကျော် - မြန်မာတိုင်းမ်
Previous
Next Post »
Powered by Blogger.