အစိုးရသစ်လက်ထက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ပထမဦဆုံး အပြောင်းအလဲတွင်
ရန်ကုန်မြို့၏ မဟာသင်္ကြန်ပွဲတော်၌ စီးပွားဖြစ်သင်္ကြန်မဏ္ဍပ်များနှင့် ကမ္ဘာအေးဘုရားလမ်းနှင့်
ကန်တော်ကြီးကန်ပတ်လမ်းများတွင် မဏ္ဍပ်များဆောက်ခွင့်မပေးသည့် ညွှန်ကြားချက်နှင့်
ပတ်သက်၍ ဝေဖန်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
အဆိုပါညွှန်ကြားချက်ကို ဧပြီ ၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံး၌ တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ထုတ်ပြန်ပြောဆိုခဲ့ခြင်း
ဖြစ်သည်။
အစိုးရသစ်က ¤င်းတို့၏ လုပ်ပိုင်ခွင့်အာဏာကို ရရှိသည့်အချိန်မှသာ ညွှန်ကြားချက်အသစ်ကို ထုတ်ပြန်ခဲ့ရသည့်အတွက်သင်္ကြန်ပွဲတော်ကာလနှင့် နီးကပ်သွားရခြင်းဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက
ပြောသည်။
''မဏ္ဍပ်တွေကို ချပေးဖို့အချိန်က အစိုးရသစ် ပြောင်းလဲတဲ့အခြေအနေမှ လုပ်နိုင်တဲ့အတွက်
မတ် ၃၁ ရက်မှာ အစိုးရပြောင်းပြီး ဧပြီ ၁ ရက်ကစလို့ ဒီကိစ္စတွေကို မြန်မြန်ဆန်ဆန်ဆုံးဖြတ်ပြီး
၂ ရက်မှပဲ အသိပေးနိုင်တဲ့အခြေအနေမျိုးရှိပါတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ လုပ်နိုင်တဲ့အခွင့်
အာဏာက ဒီအချိန်ကျမှရှိလို့ ဒီအချိန်မှ အသိပေးနိုင်တာ ဖြစ်ပါတယ်'' ဟု ၄င်းကပြောသည်။
ထို့ပြင် နှစ်စဉ် မဏ္ဍပ်များဆောက်လုပ်၍ ကြိုတင်လက်မှတ်များရောင်းချလျက်ရှိသည့် စီးပွားရေး
မဏ္ဍပ်များမှာလည်း အဆိုပါညွှန်ကြားချက်အပေါ် ဝေဖန်မှုများရှိသကဲ့သို့ မဏ္ဍပ်များတည်ဆောက်မှုကို
ဆက်မလုပ်ရန် စီစဉ်သူများလည်းရှိရာ အချို့မှာမိသားစုမဏ္ဍပ်များအဖြစ် ပြောင်းလဲ၍ တည်ဆောက်
သွားရန် စီစဉ်နေကြကြောင်း မဏ္ဍပ်တည်ဆောက်သူများက ပြောသည်။
''ကျွန်တော့်မဏ္ဍပ်ကတော့ ကမ္ဘာအေးဘုရားလမ်းပေါ်မှာဆိုတော့ အဲဒီနေရာမှာဆောက်လို့ မရတော့
ဘူး။ ဒါပေမဲ့ တခြားနေရာမှာ ဆောက်ခွင့်ရအောင်တော့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့
အကောင်းစား အများကြီးခေါ်ထားတာဆိုတော့ မရရအောင် နေရာလိုက်ရှာနေရတာပေါ့။ အခုလော
လောဆယ်ကတော့ မဏ္ဍပ်ဆောက်ဖို့အတွက် မြေဈေးတွေက အရမ်းကြီးသွားတော့ ကျွန်တော်တို့
လည်း နည်းနည်းလိုက်ရတာခက်နေတယ်'' ဟု God Theatre မဏ္ဍပ်စီစဉ်သူ ဦးအာကာကျော်က
မြန်မာတိုင်း(မ်)ကို ပြောသည်။
မဏ္ဍပ်တည်ဆောက်သူအချို့မှာ ၄င်းတို့ကြိုတင်ရောင်းချထားသည့် လက်မှတ်ကြေးများကို ပြန်အမ်း၍
အစီအစဉ်ဖျက်သိမ်းမှုများ ရှိသကဲ့သို့ ကုမ္ပဏီများနှင့် ချိတ်ဆက်ကာ ဆက်လက်လုပ်ဆောင်သွားမည့်
မဏ္ဍပ်များလည်းရှိကြောင်း ¤င်းက ပြောသည်။
''တချို့တွေ ပိုက်ဆံပြန်အမ်းတဲ့သူတွေ ရှိတယ်လို့လည်း ကြားပါတယ်။ ပြန်အမ်းတဲ့သူတွေကတော့
မလုပ်တော့ဘူးပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့မဏ္ဍပ်ကတော့ ဆက်လုပ်မယ်လို့ စဉ်းစားထားတဲ့
အတွက်ဖြစ်အောင်တော့ ဆက်လုပ်သွားမှာပါ။ ကုမ္ပဏီတွေနဲ့ချိတ်ဆက်ပြီးတော့ ဆောက်သွား
ပါမယ်။
အခုက စီးပွားဖြစ်မဏ္ဍပ်ဆောက်တဲ့ သူတွေကို ဆောက်ခွင့်မပေးတော့ဘူးပေါ့။ ဒါပေမဲ့အိမ်ပိုင်တဲ့၊
ခြံပိုင်တဲ့သူတွေက သူတို့အိမ်ရှေ့မှာ မိသားစုမဏ္ဍပ်မျိုးဆောက်လို့ရတော့ သူတို့တွေက မြေဈေး
တွေမြှင့်ပြီး သူတို့တွေက စီးပွားဖြစ်ကုန်တယ်'' ဟု ဦးအာကာကျော်က ပြောသည်။
အစိုးရသစ်က မည်သည့်မဏ္ဍပ်များကိုမှ ဆောက်လုပ်ခွင့် မပေးသေးသည့်အခြေအနေတွင်
စီးပွားဖြစ်မဏ္ဍပ်များတည်ဆောက်ရန်စီစဉ်ကာ ကြိုတင်လက်မှတ်များရောင်းချခဲ့သည့်အတွက်
ကြိုတင်လက်မှတ်ဝယ်ယူထားသူများကို စီစဉ်သူများကသာ ဖြေရှင်းပေးရန် တာဝန်ရှိသည်ဟု
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
အစိုးရအပြောင်းအလဲမတိုင်ခင်နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်သစ်၏ ညွှန်ကြားချက်များမထုတ်ပြန်မီ
အချိန်တို့၌ ကမ္ဘာအေးဘုရားလမ်းမပေါ်တွင် မဏ္ဍပ်ဆောက်ရန် လျှောက်ထားမှုမှာ မဏ္ဍပ်ကြီး ၃၁ဝ
ခုနှင့် မဏ္ဍပ်လတ် ငါးခုရှိကြောင်း သိရပြီး ယင်းမဏ္ဍပ်အားလုံးကိုလည်း လုံးဝခွင့်ပြုမည်
မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၏ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက
ပြောသည်။
''ကမ္ဘာအေးမှာ တကယ်တမ်းလျှောက်ထားတဲ့ မဏ္ဍပ်ကြီး ၃၁ဝ နဲ့ အလတ် ငါးခု ရှိပါတယ်။ ဒီမဏ္ဍပ်
အားလုံးကို ခွင့်မပြုတာပါ။ ဘယ်မဏ္ဍပ်ကိုမှ ခွင့်မပြုတာပါ။ အခုအပြင်မှာ သတင်းတွေထွက်နေပါ
တယ်။ တချို့မဏ္ဍပ်တွေကို ခွင့်ပြုပြီး တချို့မဏ္ဍပ်တွေကို ခွင့်မပြုဘူးဆိုပြီး အဲဒါ မဟုတ်ပါဘူး။ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ ဆောက်မယ့်မဏ္ဍပ်အားလုံးကို လုံးဝခွင့်မပြုတာပါ''ဟု ၄င်းက
ပြောသည်။
ယင်းကဲ့သို့ ကမ္ဘာအေးဘုရားလမ်းနှင့်ကန်ပတ်လမ်းများတွင် မဏ္ဍပ်များကို ဆောက်လုပ်ခွင့်မပြုခြင်း
သည် ကမ္ဘာအေးဘုရားလမ်းပေါ်တွင် တည်ဆောက်ထားသည့် ခုံးကျော် တံတားနှစ်စင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်နိုင်သည့်အတွက်နှင့် အယ်လ်နီညိုရာသီဥတုကြောင့် ကြုံတွေ့နိုင်သည့်
ရေရှားပါးမှုပြဿနာများကို ကြိုတင်စဉ်းစားကာ အဆိုပါနေရာများတွင် တည်ဆောက်ခွင့်မပေးခြင်း
ဖြစ်ကြောင်း နော်ပန်းသဉ္ဇာမျိုးက ပြောသည်။
''ကမ္ဘာအေးဘုရားလမ်းပေါ်မှာဆို လောလောလတ်လတ်ကမှ ပြီးသွားတဲ့ ခုံးကျော်တံတားနှစ်စင်း
ရှိပါတယ်။ ဒီတံတားနှစ်စင်းရဲ့ အတက်အဆင်း အခြေအနေတွေကြောင့်ပြည်သူ့ဧရိယာတွေ အများကြီး
ဆုံးရှုံးသွားပါတယ်။ အဲဒီနေရာတွေမှာ မဏ္ဍပ်ဆောက်ရင်ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နိုင်တဲ့
အတွက်ကြောင့် တံတားကြီးနှစ်စင်း နေရာယူသွားတဲ့အတွက် မဏ္ဍပ်ဆောက်ဖို့ ခွင့်မပြုနိုင်တော့ပါဘူး။
နောက်ပြီး အယ်လ်နီညို ရေရှားပါးမှု ပြဿနာကြောင့် နောင်လာမယ့် တစ်လခွဲမှာ ရင်ဆိုင်ရမယ့် ရေရှားမှု
ကို ရှောင်ရှားတဲ့အနေနဲ့ အဲဒီနှစ်နေရာမှာ မဏ္ဍပ်တွေဆောက်တာကို ခွင့်ပြုနိုင်ခြင်းမရှိတော့ပါဘူး'' ဟု
၎င်းက ပြောသည်။
ထို့ပြင် မဏ္ဍပ်တည်ဆောက်ရန် လာရောက်လျှောက်ထားသူတိုင်းသည် မဏ္ဍပ်တည်ဆောက်ရာတွင်
လိုက်နာရမည့် စည်းကမ်းချက် ၄၄ချက်ကို မလွဲမသွေလိုက်နာရမည်ဖြစ်ပြီးယင်းစည်းကမ်းချက်များ
သည် ယခင်အစိုးရအဆက်ဆက်ကတည်းက ရှိခဲ့သော်လည်း လိုက်နာမှုပိုင်းမှာ အားနည်းခဲ့ကြောင်း
၎င်းကပြောသည်။
''များသောအားဖြင့် ပါမစ်လျှောက်တဲ့သူတွေက ပါမစ်ကိုပဲလျှောက်တယ်။ စည်းကမ်းချက် ၄၄ ချက်ကို
သေသေချာချာ သိရှိနားလည် ထားခြင်းမရှိဘူးဆိုတာ တွေ့ရပါတယ်။ မနက်ကလည်း မဏ္ဍပ်ဆောက်
မယ့်သူ တော်တော်များများနဲ့ အင်တာဗျူးလုပ်တယ်။ ရှေးယခင်ကလို လျှောက်တယ်၊ မဲနှိုက်ပြီးပေးတာ
မဟုတ်ပါဘူး။ သူတို့တွေထဲက တော်တော်များများက စည်းကမ်းချက် ၄၄ ချက်ကို မသိတဲ့သူတော်တော်
များနေပါတယ်။ မဏ္ဍပ်ဆောက်မယ့်သူတွေက စည်းကမ်းကိုလိုက်နာရုံနဲ့မပြီးသေးဘဲ စည်ပင်မှာဖွဲ့ထား
တဲ့ အင်ဂျင်နီယာဌာန မဏ္ဍပ်နေရာချထားရေးအဖွဲ့ကမဏ္ဍပ်လုပ်ချင်တဲ့နေရာမှာ ရေပိုက်ဆက်သွယ်နိုင်မှု
ရှိမရှိ၊ မဏ္ဍပ်တစ်ခုနဲ့တစ်ခု ပေ ၁ဝဝ ခြားခြင်း ရှိမရှိ၊ မဏ္ဍပ်ရဲ့ တည်ဆောက်မှု ပုံသဏ္ဌာန် ဒါတွေကို
ကွင်းဆင်းလေ့လာမှာပါ။ မဏ္ဍပ်ဆောက်ဖို့တော့ ခွင့်တောင်းပါရဲ့ ရေပိုက်သွယ်မှု အဆင်မပြေရင်
ဒီနေရာမှာ မဏ္ဍပ်ခွင့်ပြုချက်ရမှာ မဟုတ်ပါဘူး'' ဟု ၄င်းက ပြောသည်။
အဆိုပါ လိုက်နာရမည့် စည်းကမ်းချက် ၄၄ ချက်တွင် ယခုအစိုးရသစ်လက်ထက်တွင် အချက် ၄၄ ချက်အနက် နောက်ဆုံးအချက်ကိုသာ ပြန်လည်ပြင်ဆင်ခဲ့ကြောင်း နော်ပန်းသဉ္ဇာမျိုးက ပြောသည်။
''မဏ္ဍပ်ဆောက်သူတိုင်း အချက်နှစ်ချက်သိရပါမယ်။ စည်းကမ်းချက်တွေထုတ်ထားတဲ့ ၄၄ ချက်မှာ
အစိုးရအသစ်မှာ ပြင်လိုက်တဲ့ အဲဒါက ရိုးရာသင်္ကြန်ကို ခုတုံးလုပ်ပြီး ဆောက်တာကို ခွင့်မပြုတော့ဘူး။
ဒါကိုလိုက်နာရမယ်။ ဌာနက အင်ဂျင်နီယာမှူးကြီး စိစစ်ပြီး နှစ်ခုပေါင်းစပ်ပြီးသွားရင် ပါမစ်ကို တရားဝင်
ပွင့်လင်းမြင်သာစွာ ချပေးပါမယ်'' ဟု ၄င်းက ပြောသည်။
၂ဝ၁၆ ခုနှစ် သင်္ကြန်ကာလအတွင်း ပြည်သူများ အေးချမ်းစွာ ရေကစားနိုင်ရေးအတွက် ရန်ကုန်တိုင်း
ဒေသကြီးအစိုးရအဖွဲ့က လုံခြုံရေးအင်အား တိုးချဲ့ ဆောင်ရွက်ပေးမည်ဖြစ်ပြီး လုံခြုံရေးရဲအင်အား ၈,ဝဝဝ
ကျော်ဖြင့် သင်္ကြန်ကာလအတွက် လုံခြုံရေးပေးမည်ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး
တင်အောင်ထွန်းက ပြောကြားထားသည်။
မြတ်ငြိမ်းအေးနှင့် ရဲမွန် - မြန်မာတိုင်းမ်
Sign up here with your email

ConversionConversion EmoticonEmoticon