သူငယ်ချင်းအစစ်နဲ့အတု ခွဲခြားပေးနိုင်တဲ့အချက်


သူငယ်ချင်းကောင်းဆိုတာ ဘဝမှာ အရမ်းကိုအဖိုးတန်တဲ့သူမျိုးပါ။ ဒါပေမယ့် သူငယ်ချင်းကောင်းဆိုတာလည်း ဆုံဆည်းရခဲပါတယ်။ ဘဝမှာ အစစ်အမှတ်တွေမတွေ့ပဲ မိတ်ဆွေတုတွေ တွေ့တတ်တာများပါတယ်။ အချို့ကျတော့လည်း အသိမိတ်ဆွေတွေတော့ အများကြီးရှိပါရဲ့ ဒါပေမယ့် တကယ့်တကယ်တမ်းဆို ဘေးနားမှာ ဘယ်သူမှမရှိတော့ပါဘူး။ ဒီတော့မိမိဘေးနားမှာ ရှိနေတဲ့သူငယ်ချင်းတွေထဲမှာ မိမိကို တကယ်ခင်တာ ဘယ်နှယောက်ရှိမလဲ။

သိပ္ပံပညာအရ လူတစ်ယောက်ဟာ သင်နဲ့ရယ်တဲ့အခါ အူလှိုက်သဲလှိုက်ရယ်တတ်ရင် သင့်ရဲ့သူငယ်ချင်းအစစ်ဖြစ်ဖို့များပြီး ဟန်ဆောင်ပြီး “ဟ ဟ” လို့ဝတ်ကျေတန်းကျေရယ်တတ်တဲ့သူတွေဟာ အတုအယောင်တွေ ဖြစ်တာများတယ်လို့ဆိုပါတယ်။ သူငယ်ချင်းအစစ်တွေဟာ သင်နဲ့အတူ အူလှိုက်သဲလှိုက်ရယ်တတ်ပြီး ရယ်လိုက်လို့သူတို့ရုပ်ဆိုးမှာသိရင်တောင် ပါးစပ်ကြီးတွေ ဖြဲပြီးရယ်တတ်ကြပါတယ်။ ဘာလို့လည်းဆိုတော့ ခံစားချက်ချင်းဆက်နွယ်ပြီး သင့်ဘေးမှာအ၇မ်းကို သက်တောင့်သက်သာရှိလို့ပါ။

University of California, Los Angeles က Greg Bryant က လူတွေ အတူတကွရယ်တဲ့ အသံတွေကို
အသံသွင်းခဲ့ပြီး အခြားလူတွေကိုဖွင့်ပြခဲ့ပါတယ်။ ပြီးတော့ အဲ့ဒိနားထောင်နေတဲ့သူတွေကို အသံဖိုင်ထဲကသူတွေဟာတကယ့် သူငယ်ချင်းတွေဟုတ်မဟုတ် ခန့်မှန်းခိုင်းရာမှာ ၆၁%အထိမှန်ကန်ခဲ့ကြပါတယ်။

Source:metro
shwemom
Previous
Next Post »
Powered by Blogger.