ခြောက်မိနစ်သာ အသက်ရှင်ခဲ့သည့် မျက်နှာချင်းဆက်အမြွာ



အိန္ဒိယနိုင်ငံတွင် မွေးဖွားခဲ့သည့် မျက်နှာချင်းဆက် အမြွှာနှစ်ဦးမှာ မိနစ်ပိုင်းသာ အသက်ရှင်ခွင့် ရရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် သောကြာနေ့က အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ ဆေးရုံတွင် ၂ ပေါင် ၆ အောင်စ အလေးချိန်ရှိ အမြွှာကလေးငယ် နှစ်ဦးမွေးဖွားခဲ့သည်။ အမြွာ ကလေးငယ်နှစ်ဦးသည် ဦးနှောက်ချင်း ဆက်စပ်နေသည့်အတွက် ဆရာဝန်များအနေဖြင့် ခွဲစိတ်ကုသနိုင်ခဲ့ခြင်းမရှိဘဲ ခြောက်မိနစ်သာ အသက်ရှင်ခွင့်ရခဲ့သည်။

နှလုံးနှင့် ခြေလက်အင်္ဂါအစိတ်အပိုင်းများ ကိုယ်စီရှိသော်လည်း ဦးနှောက်ချင်း ဆက်စပ်နေမှုမှာ မျိုးဥ ကွဲပြားခြင်းမရှိဘဲ ဖွံ့ဖြိုးလာခဲ့ခြင်းကြောင့်ဖြစ်ပြီး အကြိမ် ၁ သန်းလျှင် တစ်ကြိမ်သာ ဖြစ်လေ့ရှိသည့် ကြုံတောင့်ကြုံခဲကိစ္စဖြစ်ကြောင်း အဆိုပါဆေးရုံမှ ဆရာဝန် ကာတင်ဗီယက်စ်က ပြောသည်။

Ref:Dailymail
Nz(ရိုးရာလေး)
Previous
Next Post »
Powered by Blogger.