လိမ်တာကိုဖော်ထုတ်နိုင်ဖို့ နည်းလမ်းများစွာရှိပါတယ်။ တစ်ချို့ကလည်း လူတစ်ယောက်နှာခေါင်းကို ပွတ်မပွတ်ကြည့်ပါလို့ ဆိုပါတယ်။ ဒါပေမယ့် နှာခေါင်းပွတ်တာဟာလည်း အရမ်းအားကိုးရတဲ့အချက်အလက်တော့မဟုတ်ပါဘူး။
“Liespotting”စာအုပ်ကိုရေးသားသူ၊Calibrate လုပ်ငန်းရဲ့ CEO Pamela Meyerက “တကယ်တော့ လိမ်
တာကို သိဖို့သေသေချာချာကြည့်ဖို့ပဲ လိုပါတယ်”လို့ဆိုပါတယ်။
(၁) သူတို့ရဲ့အပြုံးကိုကြည့်ပါ။
တကယ်ပြုံးတဲ့သူဟာ မျက်လုံးထဲမှာပေါ်ပါတယ်။ ဒါပေမယ့် အပြုံးတုကတော့ နှုတ်ခမ်းမှာပဲပေါ်ပါတယ်။ တစ်ခါတစ်လေ ပြုံးနေတဲ့သူတွေ့ရင် သဘောကောင်းတယ်။ အမှန်ပြောတယ်လို့ ထင်နေတတ်ပါတယ်။ ဒါပေမယ့် ဒီတစ်ခါ သူတို့ပြုံးရင် နှုတ်ခမ်းကို မကြည့်ပါနဲ့။ မျက်လုံးကိုကြည့်ပါ။
(၂) လက်ကိုမကြည့်နဲ့ မျက်နှာကိုကြည့်။
ဟိုကုတ်ဒီကုတ်လုပ်ရင် ညာနေတာဆိုပြီး ပြောလေ့ရှိကြပါတယ်။ ဒါပေမယ့် အချို့က ညာတာမဟုတ်ပဲနဲ့လည်း ဟိုကုတ်ဒီကုတ်လုပ်လေ့ရှိတတ်ပါတယ်။ ဒါပေမယ့် တကယ်ကြည့်ရမှာက မျက်နှာအမူအရာဖြစ်ပါတယ်။
shwemom
Sign up here with your email
ConversionConversion EmoticonEmoticon