လေပြင်းတိုက်ခိုက်မှုကြောင့် ကချင်ဒုက္ခသည်စခန်းများ အိမ်ခြေရာချီ ပျက်စီး




ကချင်ပြည်နယ် ချီဖွေမြို့နယ်နဲ့ ဆဒုံးမြို့နယ်အတွင်းက စစ်ဘေးရှောင် အိုင်ဒီပီဒုက္ခသည်စခန်း ၃ ခုမှာ ဒီကနေ့ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တဲ ၅၀၀ ထက်မနည်း ပျက်စီးသွားပါတယ်။

ချီဖွေမြို့နယ် ဖရဲခက် (Hpare Hkyet) အိုင်ဒီပီ ဒုက္ခသည်စခန်းမှာ ဒီကနေ့ မနက် ၂ နာရီကနေ ၅ နာရီအထိ လေပြင်းတိုက်ခိုက်ခဲ့တဲ့အတွက် အိမ်ခြေ ၃၀ လောက် လုံးဝပျက်စီးခဲ့ပြီး ကျန်အဆောက်အဦတွေ အမိုး အကာတွေ ပျက်စီးကုန်တယ်လို့ ကချင်ဒုက္ခသည်ကော်မတီ ဥက္ကဋ္ဌ ဦးဇော်ရော်က ပြောပါတယ်။

အလားတူ ဆဒုံးမြို့နယ်က မဂါးယန်နဲ့ ဆိုင်းအောင် ဒုက္ခသည်စခန်း ၂ ခုမှာလည်း ဒီနေ့ မွန်းလွဲပိုင်းကပဲ လေပြင်းတိုက်ခိုက်ခဲ့တဲ့အတွက်လည်း မဂါးယန် စခန်းမှာ ဒုက္ခသည် အိမ်ခြေ ၃၀၀ ကျော် ပျက်စီးသွားသလို ဆိုင်းအောင် စခန်းမှာလည်း အိမ်ခြေ အများအပြား ပျက်စီးသွားတယ်လို့လည်း ပြောပါတယ်။

“ဖရဲခက်မှာဖြစ်တာက မနက်အစောပိုင်းကဖြစ်တာ။ ဒါပေမယ့် ဒီမဂါးယန်နဲ့ ဆိုင်းအောင်စခန်းက ဒီနေ့လယ်ပိုင်း မွန်းလွဲ ၁ နာရီ ၂ နာရီအတောအတွင်းမှာဖြစ်တယ်။ ဆိုတော့ မဂါးယန်မှာ တဲက ၃၀၀ ကျော်ပျက်သွားတယ်။ ဆိုင်းအောင်မှာလည်း ပျက်တယ်။ ဒါပေမယ့် ဘယ်လောက်ပျက်တယ်ဆိုတာ အခုစာရင်းကောက်နေတုန်းပဲ။ ”

စခန်းတခုမှာ အိမ်ခြေ ၅၀၀ကနေ ၆၀၀ လာက်ရှိကြပြီး ထိခိုက်သေဆုံးတာတော့ မရှိပေမယ့် လတ်တလောမှာ မိုးလည်းရွာနေလို့ အမိုးအကာတွေ ပြန်လည်ပြုပြင်ဖို့ အရေးတကြီး အကူအညီတွေ လိုအပ်နေတယ်လို့လည်း ကချင်ဒုက္ခသည်ကော်မီတီ အကြီးအကဲက ပြောပါတယ်။

ဓာတ်ပုံ – Dabang Ji Bu / (နော်နိုရင်း - DVB)
Previous
Next Post »
Powered by Blogger.