စည်းကမ်းရှိ၊ လုံခြုံစွာ ကားမောင်းမယ်ဆိုရင် ကားဒိုင်ခွက်ဘောင်ရှိ မီးသင်္ကေတများ ရဲ့ အဓိပ္ပာယ်ကို သိထားဖို့ လိုမှာပါ။ ဒီလက္ခဏာတွေကို နားလည်မယ်၊ သတိပြုမယ်ဆိုရင် မောင်းနေရင်းကားမှာ တခုခုဖြစ်လာရင် ဘာဖြစ်နေလဲ ဆိုတာကို သိနိုင်ပြီး လိုအပ်သလို ဘာလုပ်ရမလဲဆိုတာကိုပါ ကြိုပြီးလုပ်တတ်အောင် ပြင်ဆင်ထားနိုင်ပါလိမ့်မယ်။
ကားမှာရှိတဲ့ သတိပေးချက်မီးလက္ခဏာ၊ သင်္ကေတ တကယ်တော့ အခု ၁၅၀ ကျော်တောင်ရှိနိုင်ပါတယ်။ ဒါတွေအားလုံးကို အလွတ်မကျက်နိုင်ပေမယ့် အသုံးအဝင်ဆုံး၊ ဖော်ပြချက် အများဆုံးရှိတတ်တဲ့ အရာများကို အောက်မှာ စာရင်းပြုထားပါတယ်။ အောက်ကအကြောင်းအရာတွေထဲမှာ လက္ခဏာရဲ့ အဓိပ္ပာယ်တွေကိုနားလည်ရုံသာမက ဒီမီးလုံးတွေ လင်းလာရင် ဘာလုပ်ရမလဲဆိုတာကိုပါ သိနိုင်ဖို့ ရှင်းပြထားပါတယ်။
ပထမဆုံးအနေနဲ့ ဒီမီးတွေအရောင်စုံ တခါထဲ ပွင့်လင်းလာလို့ ရှုတ်ပြီး စိတ်မပူလိုက်ပါနဲ့။ အေးအေးစေးစေးနဲ့ စိတ်ရှော့နေဖို့ မှတ်မိပါ။
များသောအားဖြင့်သတိပေးတဲ့ မီးတွေလင်းနေပေမဲ့လည်း ကားက ဆက်ပြီးတော့ ကောင်းကောင်းမောင်းထွက်နေဦးမှာပါ။ ပြင်ဖို့၊ ဖြည့်ဖို့ လိုတဲ့ ဟာလေးတွေ နည်းနည်းပါးပါးရှိလို့ မီးရောင်ပြလာတာ ဖြစ်ပါလိမ့်မယ်။ ကားပြင်ဆိုင်သွားပြီးတော့၊ ဒါမှမဟုတ် ကိုယ့်တိုင် ကြည့်ရှုပြီးတော့ ပြင်လိုက်ရုံပါဘဲ။
သတိပေးချ က် မီးသင်္ကေတအရောင်စုံရဲ့ အဓိပ္ပာယ်
လက္ခဏာအရောင်တစ်မျိုးစီရဲ့ အဓိပ္ပာယ်ဟာ များသောအားဖြင့် ဖြစ်နေတဲ့ဥစ္စာက ဘယ်လောက်အရေးကြီးသလဲ ဆိုတာကိုညွှန်ပြတာပါ။ အစိမ်း သို့မဟုတ် အပြာရောင်လင်းနေတဲ့ လက္ခဏာတွေက အသိပေးရုံဖြစ်ပြီး ဘယ်စနစ်က ဘာလုပ်နေသလဲဆိုတာကို ပြောပြရုံပါ။ စိုးရိမ်စရာလုံးဝမရှိပါဘူး။ အဝါ သို့မဟုတ် လိမ္မော်ရောင် သင်္ကေတက အပိုင်းအစအချို့  ပြင်ဆင်ဖို့ လိုနေပြီလို့ သတိပေးတဲ့ အရောင်ပါ။ မီးပွိုင့်မှာ မီးမနီခင် မီးဝါရောင်ပြသလိုမျိုးပေါ့။ ဒါတွေပြီးလို့ မီးနီနေပြီဆိုရင်တော့ အရမ်းအရေးကြီးပြီ၊ တခုခုကို ချက်ချင်းပြင်ဖို့ လိုနေပြီလို့ အဓိပ္ပာယ်ရပါတယ်။
အောက်မှာပြထားတဲ့ လက္ခဏာတွေက ယာဉ်မောင်းသူတွေအနေနဲ့ ဂရုမစိုက်လို့မရတဲ့ သင်္ကေတတွေပါ။ ဒီဟာတွေကို အလွတ်မှတ်ထားကြည့်ပါ။ မှတ်လို့လည်း လွယ်ပါတယ်။ ဒါဆိုရင် နောက်တစ်ခေါက် ကားထဲဝင်တဲ့အခါ စိတ်အေးလက်အေးနဲ့ မောင်းနှင်နိုင်ပါပြီ။
အစိမ်း သို့မဟုတ် အပြာရောင်လင်းနေတဲ့ လက္ခဏာများ။ ။
ဘယ်ကွေ့၊ ညာကွေ့ သင်္ကေတများ။ ။
ကားစာအုပ်ထဲမှာ လူသိအများဆုံးသင်္ကေတဖြစ်ပါလိမ့်မယ်။ ဘယ်ဘက်ကွေ့၊ ညာဘက်ကွေ့ တခြားကားတွေကိုအသိပေးတဲ့ လမ်းညွှန်မီး အပြင်မှာ ဖွင့်ထားပြီး လင်းနေလား၊ မလင်းဘူးလားဆိုတာကို ပြပါတယ်။
နေ့ခင်းလင်းသော ကားအရှေ့မီး (Daytime Running Light) (DRL)။ ။
ဒီအာအယ် (DRL) လို့ခေါ်တဲ့ နေ့ခင်းမှာလင်းနေတဲ့ ကားအရှေ့မီးက အရောင်မှိန်မှိန်နဲ့ ကားအရှေ့မီးတွေ ဖွင့်ထားတယ်လို့ အသိပေးပါတယ်။
လေးဘီးမောင်း ဖွင့်ထားခြင်း (All Wheel Drive) (AWD)။ ။
လေးဘီးမောင်း ဖွင့်ထားခြင်း (All Wheel Drive) (AWD)။ ။
အေဓဗယ်ယူဒီ (AWD) ဟုခေါ်လေးဘီးမောင်း ဖွင့်ထားခြင်းကို ပြတဲ့လမ်းညွှန်က လက်ရှိမှာ သင့်ကားက ဘီးလေးဘီးလုံးပေါ်မှာသွားနေပါတယ်လို့ အကြောင်းကြားတဲ့သဘောပါ။ ဒီမီးလင်းနေတယ်ဆိုရင် တော့လ် (Torque) က ဘီးအားလုံးအပေါ်မှာ ညီညီညာညာ ဖြန့်ဝေထားခြင်းခံရပါတယ်။ ဒီမီးက အဝါတို့ လိမ္မော်ရောင်တို့လို အရောင်လည်း ပြောင်းသွားတတ်ပါတယ်။ ဒါဆိုရင် လေးဘီးမောင်းစနစ်က တခုခုဖြစ်နေပြီ ဆိုတဲ့ သဘောပါ။
အီကိုလို့ခေါ်တဲ့ မီး (ECO)။ ။
အီကိုလို့ခေါ်တဲ့ မီး (ECO)။ ။
ဒီမီးလင်းနေရင် သဘာဝနဲ့အညီ ဆီကုန်သက်သာစေသောစနစ်နဲ့ ကားမောင်းကြောင်း ကြေငြာနေတာပါ။
အဝါ သို့မဟုတ် လိမ္မော်ရောင်ရှိ လက္ခဏာများ။ ။
ဆီကုန်ခါနီး အကြောင်းကြားသောမီး။ ။
အဝါ သို့မဟုတ် လိမ္မော်ရောင်ရှိ လက္ခဏာများ။ ။
ဆီကုန်ခါနီး အကြောင်းကြားသောမီး။ ။
ဒီသင်္ကေတက လိမ္မော်ဝါရောင် လင်းလာပြီဆိုရင် ဆီနည်းနေပြီဆိုတဲ့ သဘောပါ။ မကြာခင် ဆီဖြည့်ပါတော့။ အထူးသဖြင့် လမ်းကြမ်းအဝေးပြေးသွားမဲ့အခါ ဒီမီးလင်းလာရင် ဆီဆိုင်ရှိနေတဲ့ နေရာမှာ ရောက်နေတုန်း မြန်မြန်ဖြည့်လိုက်ပါ။
အေဘီအက်စ်၊ အီးအက်စ်ပီ၊ ဘီအေအက်စ် မီးများ။ ။
အေဘီအက်စ်၊ အီးအက်စ်ပီ၊ ဘီအေအက်စ် မီးများ။ ။
ကားက လုံခြုံရေးအတွက် ဖြည့်ဆည်းထားသော စနစ်များ တခုခုချို့ ယွင်းနေကြောင်း ပြောကြားသောမီးသင်္ကေတပါ။ အေဘီအက်စ် ဆိုရင်တော့ ယာဉ်စစနှိုးတဲ့ အချိန်မှာ ခဏလေးလင်းလာတတ်ပါတယ်။ ပြီးရင် သူကပြန်ပျောက်သွားပါလိမ့်မယ်။
မီးတခုခုပျက်နေကြောင်း ပြောကြားသောမီးသင်္ကေတ။ ။
မီးတခုခုပျက်နေကြောင်း ပြောကြားသောမီးသင်္ကေတ။ ။
ဒါလင်းနေရင် ကားကရှေ့မီး၊ နောက်မီး မီးတခုခုက ပျက်နေတယ်ဆိုတဲ့ သဘောပါ။ ညဘက်မှာ မောင်းနေတယ်ဆိုရင် ပိုပြီးတော့သတိထားပါ။ ကားပြင်ဆိုင်ကို ချ က်ချ င်းသွားပြီး မီးလုံးအသစ်တပ်ပါ။
ကလေးလုံခြုံရေး မီးသင်္ကေတ။ ။
ကလေးလုံခြုံရေး မီးသင်္ကေတ။ ။
ကလေးတွေနဲ့ ခရီးသွားမယ်ဆိုရင် ဒီမီးကို အမြဲတမ်းလင်းနေလားလို့ ကြည့်ကြည့်ပါ။ လင်းနေရင် ကလေးလုံခြုံရေးစနစ်ပွင့်နေတယ်ဆိုတဲ့ သဘောပါ။ မလိုဘူးဆိုရင် ပိတ်လိုက်ပါ။
ဒီမီးလင်းနေပြီဆိုရင် ယာဉ်မောင်းသူအနေနဲ့ အနားယူသင့်ပါပြီ။ ဒီမီးကို အစထဲက ဘယ်နှစ်နာရီကြာရင် ပွင့်ပါလို့ အချိန်ပေးထားလို့ ရပါတယ်။
အချိန်ပြည့်ပြီဆိုရင် ကော်ဖီဆိုင်၊ လက်ဖက်ရည်ဆိုင် တခုခုမှာ ကားဝင်ပြီး အနားယူပါတော့။
ပလက်လင်းနေသော မီးသင်္ကေတ။ ။
အချိန်ပြည့်ပြီဆိုရင် ကော်ဖီဆိုင်၊ လက်ဖက်ရည်ဆိုင် တခုခုမှာ ကားဝင်ပြီး အနားယူပါတော့။
ပလက်လင်းနေသော မီးသင်္ကေတ။ ။
ဒီဆယ်အင်ဂျင်ရှိတဲ့ ကားတွေမှာ တွေ့ရပါတယ်။ ဒီမီးလင်းနေရင် ခဏစောင့်ပြီး မီးပိတ်သွားတော့မှ ကားကို အင်ဂျင်နှိုးပါ။ အင်ဂျင်ထဲမှာ တခုခု
ချို့ ယွင်းနေတာရှိလားလို့ စမ်းသပ်နေတဲ့ မီးပါ။
အင်ဂျင်ဆီနဲ့ လေဖိအားစမ်းသော စနစ်ရဲ့ မီးသင်္ကေတ။ ။
ချို့ ယွင်းနေတာရှိလားလို့ စမ်းသပ်နေတဲ့ မီးပါ။
အင်ဂျင်ဆီနဲ့ လေဖိအားစမ်းသော စနစ်ရဲ့ မီးသင်္ကေတ။ ။
မီးက လိမ္မော်ရောင်ရှိနေပေမယ့် ဒီပုံပေါ်လာရင် ချက်ချင်းပြင်ဖို့လိုနေပါပြီ။ တခါတလေကြရင် MIN ဆိုတဲ့ စာလုံးလေးတွေ ပေါ်လာပါလိမ့်မယ်။ အဲဒီအခါကျရင် အင်ဂျင်ဆီကိုပြန်ဖြည့်ပြီး ကားပြင်တတ်သူ တစ်ယောက်ယောက်ကို ပြကြည့်ပါ။
အနီရောင်မီးလက္ခဏာများ။ ။
ကားခါးပတ်ဝတ်ဖို့လိုကြောင်း အသိပေးသော မီးသင်္ကေတ။ ။
အနီရောင်မီးလက္ခဏာများ။ ။
ကားခါးပတ်ဝတ်ဖို့လိုကြောင်း အသိပေးသော မီးသင်္ကေတ။ ။
ကားခါးပတ်ကို မဝတ်ကြတာများပါတယ်။ ဒီမီးလင်းလာရင် ခါးပတ်မပတ်ထားလို့ဖြစ်ပြီး ခါးပတ်မဝတ်မခြင်း ဒီမီးက မှိတ်တုန့်မှိတ်တုန့်နဲ့ လင်းနေပါလိမ့်မယ်။
အပူချိန်မြင့်နေကြောင်း အသိပေးသောမီးသင်္ကေတ။ ။
အပူချိန်မြင့်နေကြောင်း အသိပေးသောမီးသင်္ကေတ။ ။
ဒီမီးလင်းနေရင် ကားအင်ဂျင်က အပူချိန်အရမ်းမြင့်နေပါတယ်။ ကားအကြာကြီး မောင်းထားတဲ့အတွက် အင်ဂျင်ပင်ပန်းနေပြီလို့ သဘောရပါတယ်။ ကားကိုရပ်ပြီး ရေဒီရေဒါကို အအေးခံပါ။
အရေးပေါ်ဖြစ်နေကြောင်း အသိပေးသောမီးသင်္ကေတ။ ။
အရေးပေါ်ဖြစ်နေကြောင်း အသိပေးသောမီးသင်္ကေတ။ ။
ဒီမီးက ကိုယ့်ကားလမ်းမှာ ပျက်နေတဲ့အကြောင်းကို လမ်းမှာသွားနေတဲ့ တခြားကားတွေကို အသိပေးတဲ့ အရှေ့၊ အနောက်မီးတွေပွင့်နေကြောင်း ပြောကြားပါတယ်။ မလုပ်သင့်ပေမယ့် ရပ်ဖို့နေရာမရှိရင် တချို့ တွေက ဒီမီးကိုဖွင့်ပြီး ရပ်သွားတာတွေလဲ ရှိတတ်ပါတယ်။
ဘက်ထရီအားကုန်ခါနီး သတိပေးသောမီးသင်္ကေတ။ ။
ဘက်ထရီအားကုန်ခါနီး သတိပေးသောမီးသင်္ကေတ။ ။
ဘက်ထရီရဲ့ အားကတော်တော်နည်းနေပြီ၊ သေခါနီးပြီဆိုပြီး အကြောင်းကြားတဲ့မီးပါ။ အသစ်ပြန်ဖြည့်ဖို့ ဘက်ထရီ တခုခုကို မြန်မြန်ရှာယူပါ။
အရှေ့လေအိတ်ပိတ်ထားကြောင်း သတိပေးသောမီးသင်္ကေတ။ ။
အရှေ့လေအိတ်ပိတ်ထားကြောင်း သတိပေးသောမီးသင်္ကေတ။ ။
ဒီမီးလင်းနေတဲ့အခါ မိမိက၊ ဒါမှမဟုတ် တစ်ယောက်ယောက်က အရှေ့လေအိတ်ကို ထွက်မလာအောင် ပိတ်ထားကြောင်း ကားက အသိပေးနေတာပါ။ တခုခုတိုက်မိခဲ့ရင် ကာကွယ်ပေးဖို့ လေအိတ် ထွက်မလာနိုင်တော့ဘူး။
ဘရိတ်အုတ်တဲ့စနစ်နဲ့ ပတ်သတ်ပြီး သတိပေးသောမီး။ ။
ဘရိတ်အုတ်တဲ့စနစ်နဲ့ ပတ်သတ်ပြီး သတိပေးသောမီး။ ။
ဒီမီးက ဘရိတ်ရည်ကုန်နေရင် လင်းလာတတ်တဲ့မီးပါ။ ဘရိတ်ရည်ကို မကြာခင်ကမှလဲထားတယ်ဆိုရင် ဘရိတ်အုတ်တဲ့စနစ် အနားတွေပေါက်နေလို့ ဖြစ်နိုင်ပါတယ်။
motors.com.mm
motors.com.mm
Sign up here with your email
ConversionConversion EmoticonEmoticon