ကိုယ်ရံတော်စက်ရုပ်များနဲ့ လက်ဝတ်ရတနာဈေးဝယ်ထွက်တဲ့ တရုတ်သူဌေး






တရုတ်သူဌေးတစ်ဦးဖြစ်တဲ့ Tuhaoက သူရဲ့ချမ်းသာကြွယ်ဝမှုကို စက်ရုပ်တွေနဲ့ဈေးဝယ်ထွက်ပြီး ကြွားဝါခဲ့ပါတယ်။

Guangdong ပြည်နယ် Guangzhouမြို့မှာ လက်ဝတ်ရတနာထွက်ဝယ်ခဲ့တာဖြစ်ပါတယ်။ သူ့နောက်မှာတော့
စက်ရုပ်၈ဦးက ကိုယ်ရံတော်အဖြစ်ပါခဲ့ပါတယ်။

သူရဲ့ပိုက်ဆံအိတ်အပြင်အခြားအသုံးအဆောင်တွေကို စက်ရုပ်တွေကိုသယ်ခိုင်းခဲ့ပါတယ်။ သူ့ကိုလူတွေက Tuhaoလို့ခေါ်ကြပြီး Tuhaoရဲ့အဓိပ္ဗါယ်ကတော့ နေ့ချင်းညချင်းချမ်းသာလာတဲ့အချောင်သမားလို့ ဆိုလိုတာလို့ သိရပါတယ်။

စက်ရုပ်တွေဟာ တရုတ်နိုင်ငံမှာ တဖြည်းဖြည်းနဲ့ခေတ်စားလာပါတယ်။ မကြာသေးမိကပဲ guiyang မြို့မှာ စက်ရုပ်စားပွဲထိုးများနဲ့ဆိုင်တစ်ဆိုင်ဖွင့်ခဲ့ပါတယ်။ တရုတ်သိပ္ဗံနဲ့နည်းပညာ တက္ကသိုလ်တစ်ခုက မကြာမီက ဂျပန်မော်ဒယ်နဲ့တူတဲ့ စက်ရုပ်တစ်ရုပ်ကို တည်ထွင်ခဲ့ပြီး ထိုစက်ရုပ်ဟာ သူမဘေးမှာရှိတဲ့သူနဲ့ အပြန်အလှန်ဆက်သွယ်ပြောဆိုနိုင်ပါတယ်။

Source: cctvnews
shwemom
Previous
Next Post »
Powered by Blogger.