Apple သည် လက်ရှိ iPhone များတွင် ပါဝင်သော ၃.၅ မီလီမီတာ နားကြပ်ပေါက်နေရာတွင် အစားထိုးမည့် ကြိုးမဲ့နားကြပ်စနစ်ကို ဖန်တီးလျက်ရှိကြောင်း အမေရိကန် မူပိုင်ခွင့်တစ်ခုအရ သိရသည်။
အဆိုပါမူပိုင်ခွင့်တွင် ၎င်းနားကြပ်များသည် Lightning မှတစ်ဆင့် အားသွင်းခြင်းနှင့် သီချင်းနားထောင်ခြင်းတို့ ပြုလုပ်နိုင်ကြောင်းလည်း ရှင်းလင်းဖော်ပြထားသည်။ Apple သည် နားကြပ်ကို ကြိုးဖြင့် ချိတ်ဆက်ထားမှု ပြတ်တောက်သွားပါက ကြိုးမဲ့စနစ်ဖြင့်လည်း ချက်ခြင်း ချိတ်ဆက်ပေးမည် ဖြစ်ကြောင်း မူပိုင်ခွင့်သစ်တွင် ဖော်ပြထားသည်။
နားကြပ်တွင် ပါဝင်သော ပရိုဆက်ဆာနှင့် memory တို့သည့် ကြိုးနှင့် ကြိုးမဲ့ချိတ်ဆက်မှုများကို ချောမွေ့စွာ ပြောင်းလဲပေးနိုင်သည်။ ၎င်းတွင်အသုံးပြုနိုင်သော ပရိုဆက်ဆာများကို Intel သို့မဟုတ် AMD သို့မဟုတ် ARM မှ system-on-a-chip အဖြစ်ဖော်ပြထားသည်။ ထို့အပြင် နားကြပ်တွင် Bluetooth, Wi-Fi နှင့် NFC အပါအဝင် ကြိုးမဲ့ချိတ်ဆက်မှုအမျိုးမျိုး ပါဝင်လာသည်။
ဓာတ်ပုံနှင့်တကွ ထွက်ရှိလာသော မူပိုင်ခွင့်တွင် ခေါင်းမှတပ်ရသော နားကြပ်၊ နားဆို့များကဲ့သို့ နားနှင့်ဝင်ဆံ့သော နားကြပ် သို့မဟုတ် အခြားနားကြပ်ပုံစံများဟူ၍ မူပိုင်ခွင့် ဖော်ပြထားခဲ့သည်။
Apple သည် iPhone နှင့် iPod များအတွက် ဖန်တီးမည့် lightning နှင့် တွဲဖက်အသုံးပြုနိုင်သော ကြိုးမဲ့နားကြပ်မှာ လက်ရှိထုတ်လုပ်ထားသော ၅.၄၉ ဒေါ်လာတန် ၃.၅ မီလီမီတာ EarPod များထက် ဈေးနှုန်းမြင့်မားမည် ဖြစ်ကြောင်း သိရသည်။
Ref: PCMag
စိုးထက် - Internet Journal
Sign up here with your email
ConversionConversion EmoticonEmoticon