ရန်ကုန်မြို့ တွင်းနဲ့ နယ်ဒေသတွေထဲမှာ နေ့ စဉ်အသုံးပြုလာခဲ့ရတဲ့ မော်တော်ယာဉ်တွကို အနုပညာနဲ့ ပုံစံငယ်ပြုလုပ်ပြီး သမိုင်းမှတ်တမ်းတခုဖြစ်အောင် လူငယ်ဘ၀ကတည်းက စတင်လို့ ဖန်တီးပြုလုပ်ခဲ့သူတယောက် ရှိပါတယ်။
ပုံစံငယ် ကောင်းဟောင်းတွေထဲက အစိမ်းရောင် လော်ရီကားတစ်စီးကို သူက ထုတ်ကိုင်ပြရင်း .... "ကျနော် အခြေခံကျောင်းသားဘ၀၊ တက္ကသိုလ်ကျောင်းသားဘ၀က ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ ကားတွေကို လုပ်ထားတာပေါ့.. ဒီကားဆိုရင် ထူးထူးခြားခြားဆိုရင် အမှတ်ရနေစေတာက... လူကူးမျဉ်းကြားမှာ မကူးဘူးဆိုရင် မော်တော်ပီကယ်က လိုက်ဖမ်းတယ် ကိုယ်တွေကထွက်ပြေးတယ် မိရင်အတင်းဆွဲတင်တယ်... ဆိုတော့ ဒီကားတွေက တော်တော့်ကိုအမှတ်ရစရာ ဖြစ်ခဲ့တယ်"လို့ သူက ရယ်ရယ်မောမောနဲ့ ပြောပြန်ပါတယ်။
တီထွင်ဖန်တီးသူကတော့ ကိုကိုထိုက် ဖြစ်ပါတယ်။ သူ့ရဲ့ Facebook Account ကတော့>>
https://www.facebook.com/koko.htike.900?fref=ufi&rc=p ဖြစ်ပါတယ်။
(DVB TV News)
https://www.facebook.com/koko.htike.900?fref=ufi&rc=p ဖြစ်ပါတယ်။
(DVB TV News)
Sign up here with your email
ConversionConversion EmoticonEmoticon