ချစ်တင်းနှောပြီးရင် ဘာကြောင့် ဆီးသွားပေးဖို့ အရေးကြီးရတာလဲ ?


သင့်အနေနဲ့ သင့်လက်တွဲဖော်နဲ့ အိမ်ထောင်ရေးသုခကို အပြည့်အဝခံစားလိုတယ် ဆိုရင်တော့ ကျန်းမာဖို့ အရေးကြီးပါတယ် ။ သင့်အနေနဲ့ ချစ်တင်းနှောပြီးတဲ့အခါ ဆီးသွားပေးခြင်းလို သာမန်လုပ်ဆောင်ချက်လေးကနေ ကြီးစွာသော ကျန်းမာရေး အကျိုးကျေးဇူးကို ရရှိစေမှာပါ ။ ဘာလို့လည်းဆိုတော့ ချစ်တင်းနှောပြီး ဆီးသွားလိုက်ခြင်းဟာ ခန္တာကိုယ်ကို ကူးစက်လာမယ့် အန္တရာယ်ရှိ ရောဂါပိုးတွေကို ခုခံကာကွယ်ပေးနိုင်ပါတယ်။

ချစ်တင်းနှောတဲ့အခါမှာ သင်ဟာ မျက်စိနဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယားနဲ့ ရောဂါပိုးတွေ ဟာ ဆီးလမ်းကြောင်းမှာ လာပြီးစုတက်ပါတယ် ။ ဒါဟာ ရေရှည်မှာ သင့်ကို ဆိုးရွားလွန်းတဲ့ ကျန်းမာရေးအန္တရယ် ကျရောက်စေမှာ အမှန်ပါပဲ ။ အမျိုးသမီးတွေအနေနဲ့ ဆီးလမ်းကြောင်းရောဂါဖြစ်တာဟာ ဒါကြောင့်ဖြစ်တာပါ ။ ဒါကို မဖြစ်ရအောင် လုပ်နိုင်တာကတော့ ချစ်တင်းနှောပြီး ၄၅ မိနစ်အတွင်း ဆီးသွားပစ်လိုက်ဖို့ပါပဲ ။

အတူနေပြီးရင် အမျိုးသားရော အမျိုးသမီးရော ဆီးသွားဖို့ကို မပျင်းသင့်ပါဘူး ၊ ဖြစ်နိုင်ရင် အလေ့အကျင့်လေး လုပ်ထားသင့်ပါတယ် ၊ အမျိုးသမီးတွေအနေနဲ့ ပိုပြီး အရေးကြီးတာမို့ PH care လို ဟာမျိုးနဲ့တောင် သန့်စင်မှု ပြုလုပ်သင့်ပါတယ်။

Credit to MyanBuzz
Previous
Next Post »
Powered by Blogger.