ကျီးနဲ့ခွေး အပေးအယူတည့်ပြီး ချီးကျူးကြတဲ့ ဇာတ်လမ်း ဘုရားဟောမှာ ရှိပါတယ်။ ကျီးဆိုတဲ့ကောင်ကလည်း ကြောင်တောင်တောင်နဲ့ အမြဲ အာတတ်သလို၊ ခွေးဆိုတာကလည်း မထင်ရင် မထင်သလို ဟောင်တဲ့ နေရာမှာ အလွန်နာမည်ရပါတယ်။ ခေတ်အဆက်ဆက် ကျီးနဲ့ ခွေးဆိုတာက မသူတော်တွေလို့ သတ်မှတ်ထားခြင်း ခံရတာ သူတို့ရဲ့ အကျင့်စရိုက်နဲ့ ယုတ်ညံ့တဲ့ အပြုအမူတွေကြောင့်ပဲ။
တစ်နေ့တော့ ကျီးတစ်ကောင်ဟာ သပြေပင်ကြီးတစ်ပင်မှာနားပြီး သပြေသီးစားနေတယ်။ အဲဒီသပြေသီးတွေက လည်း တောထဲမှာ အရသာ အရှိဆုံး အပင်ပါ။
အဲဒီအချိန်မှာ ခွေးတစ်ကောင်က သပြေပင်အောက်ကိုရောက်လာပြီး အပင်ပေါ်မော့ကြည့်ကာ သပြေသီး စားချင်စိတ်ပေါ်လာတယ်။ ခွေးဆိုတော့ အပင်မတက်တတ်ဘူး။ ဒါနဲ့ ကျီးကို မြှောက်ပင့်ပြောဖို့ အကြံရပြီး
“အလို အဆင်းနဲ့ အချင်းလှပသော ငှက်ရယ်။ ဘယ်လို ငှက်မျိုးပါလိမ့်။ ဒီတောထဲမှာ ကျွန်ုပ်အနေကြာ သင့်လောက်လှပတဲ့ ငှက်ကို မတွေ့ဘူးသေးပါလား” လို့ မြှောက်လိုက်တယ်။
အမြှောက်ကြိုက်တဲ့ ကျီးကလည်း ထိန်းမနိုင်သိမ်းမရ ပါးစပ်ကနေ “အ .. အာ .. အား” ဆိုပြီး ထွက်သွားတယ်။ ခွေးက
“အလို အဆင်းသာ ဥဒေါင်းငှက်လို လှတာမဟုတ်၊ အသံကလည်း ကရဝိတ်၊ ကြိုးကြာသံထက်တောင် သာယာ လှပါလား။ ဘယ်လိုငှက်မျိုး ဒီတောထဲကို ရောက်နေပါလိမ့်” လို့ ပြောလိုက်တော့ ကျီးကန်းလည်း ဘဝင် လေဟပ်ပြီး တောင်ပံခတ်လိုက်တာ သပြေသီးတွေ ကြွေပြီး အောက်က ခွေးလည်း သပြေသီးစားရပါတော့ တယ်။
ဒီမှာတင်မပြီးသေးဘူး။ ခွေးကကျီးကို မြှောက်တော့ ကျီးကလည်း ခွေးကို ပြန်မြှောက်မှ တော်မယ်ဆိုပြီး
“ခြင်္သေ့အလား ကိုယ်ခန္ဓာ ထွားကျိုင်းသော အမျိုးကောင်းသား ရဲစွမ်းသောသူဟာ ဘယ်လို အမျိုးအနွယ်လည်း သိချင်လိုက်တာ” လို့ အာလိုက်မိတယ်။
အဲဒီအချိန်မှာ အေးအေးဆေးဆေး အိပ်နေတဲ့ သပြေပင်စောင့် ရုက္ခစိုးက ကျီးနဲ့ခွေးရဲ့ နားကလောစရာ စကား တွေကိုကြားပြီး
“ဟယ် .. ခွေးယုတ်နဲ့ ကျီးမိုက်။ အန်ဖတ်စားကျီးက သပြေသီးစားပြီး အီးစကားဆို။ အကောင်ပုပ်စား ခွေးမိုက်က သပြေသီးစားချင်လို့ ဟောင်ပုပ်တဲ့ ခံတွင်းနဲ့ အဖျင်းစကားဆို၊ နားခါးလှတယ်။ ဟဲ့ .. ခွေးယုတ်နဲ့ ကျီးစုတ် နင်တို့ရဲ့ အကျင့်ယုတ်စကားကို ဒီအပင်မှာ လာပြောရင် သပြေသီးတွေမှာ အရသာပျက်၊ ရနံ့လည်း ပုပ်၊ အဆင်းယုတ်တော့မယ်။ သွားဟဲ့ တိရိစ္ဆာန်ယုတ်တွေ” ဆိုပြီး မောင်းထုတ်လိုက်ပါတယ်။
ဟောင်ပုပ်နေတဲ့ အမျိုးယုတ်တွေကို မောင်းထုတ်ဖို့ အချိန်ရောက်နေပါပြီ။
(ငါးရာငါးဆယ်နိပါတ်၊ ဇမ္ဗုခါဒဇာတ်တော်ကို မှီငြမ်းမှုပြုပါတယ်)
Sayar U TIn Nyunt
Sign up here with your email
ConversionConversion EmoticonEmoticon