နေ့စဉ် ရုန်းကန်လှုပ်ရှားနေရတဲ့ ဘဝမှာ လေ့ကျင့်ခန်းလုပ်ဖို့ဆိုတာ မလွယ်လှပါဘူး။
ကိုယ်အလေးချိန်တက်နေမှန်းလည်းသိတယ်။ လေ့ကျင့်ခန်းလုပ်ဖို့လည်း ဘယ်လိုမှ အချိန်မပေးနိုင်သလို အစားလည်း လျှော့စားချင်စိတ် မရှိဘူး မဟုတ်လား။
ကိုယ့်ရဲ့ နေ့စဉ် လှုပ်ရှားမှုတွေမှာ မခက်ခဲလှတဲ့ အောက်ပါအချက်လေးတွေကို လိုက်နာလိုက်ရုံနဲ့ ကိုယ်အလေးချိန် တက်တာကိုလည်း ကာကွယ်ပြီးသားဖြစ်သလို တဖြည်းဖြည်းနဲ့ ကိုယ်အလေးချိန်ကျသွားတာကိုလည်း တွေ့ရှိရပါလိမ့်မယ်။
၁။ ကြာကြာဝါးပါ။
ဘာပဲစားစား ကြာကြာဝါးပါ။ အသီးအနှံတွေကိုလည်း ဖျော်ရည်လုပ်မသောက်ဘဲ ဝါးစားပေးပါ။ ဝါးစားခြင်းဟာ ဆာလောင်မှုကို လျော့နည်းစေလို့ပါ။
၂။ ရယ်ဒီမိတ် အချိုရည်တွေ မသောက်ပါနဲ့။
အချိုရည်တိုင်းမှာ သကြားပါတယ်။ ဒါဟာ ကျန်းမာရေးအတွက် မသင့်တော်သလို သင့်ရဲ့ ကိုယ်အလေးချိန်ကို တက်စေတဲ့ အဓိကအကြောင်းအချက်တစ်ခုပါပဲ။
၃။ အသီးအရွက် များများစားပါ
ထမင်းစားမယ်ဆိုရင် ထမင်းထက် ဆီနည်းနည်းနဲ့ ကြော်ထားတဲ့ အသီးအရွက်ကြော်က ပန်းကန်ထဲမှာ ပိုများပါစေ။
၎။ ရေများများသောက်ပါ။
သတိရတိုင်း ရေသောက်ပါ။ ထမင်းမစားခင်လည်း ရေသောက်ပါ။ ရေဓာတ်ပြည့်ဝရင် ကျန်းမာပြီး အသားအရေလှသလို အစားစားချင်စိတ်ကိုလည်း လျော့နည်းစေလို့ပါ။
၅။ တစ်ပတ်ကို အနည်းဆုံး နှစ်ရက် ကစီဓာတ်ပါတဲ့ အစားအစာတွေကို ရှောင်ပါ။
ပေါင်မုန့်၊ အာလူး စတဲ့ ကစီဓာတ်များတဲ့ အစားအစာတွေကို နေ့တိုင်း စားဖြစ်နေတယ်ဆိုရင် တစ်ပတ်ကို နှစ်ရက်လောက်တော့ မစားဘဲ နေလိုက်ပါ။
၆။ နေ့စဉ် ကိုယ်အလေးချိန် ချိန်ကြည့်ပါ။
နေ့စဉ် ကိုယ်အလေးချိန်ကို ချိန်ကြည့်တဲ့အတွက် ကိုယ့်ရဲ့ ပေါင်ချိန်တက်လာရင် ချက်ချင်းသတိထားမိပြီး အစားအစာစားရာမှာလည်း ဆင်ခြင်ချင်စိတ် ဖြစ်လာစေပါတယ်။
၇။ အိပ်ရေးဝဝအိပ်ပါ။
အိမ်ချိန်နည်းရင် အစာစားချိန်က ပိုများပါတယ်။ နောက်ပြီး လုံလောက်တဲ့ အိပ်ချိန်ကို မရတဲ့အတွက် သင့်ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေက ပုံမှန်မဟုတ်တော့ဘဲ ပျက်ယွင်းသွားကာ ကိုယ်အလေးချိန်မှာ သက်ရောက်မှု ရှိလာပါတယ်။
Duwun
Sign up here with your email
ConversionConversion EmoticonEmoticon