ဦးနှောက်ကို နှစ်ပေါင်း ၁၀၀ နီးပါး ပုံမှန်အတိုင်းအလုပ်လုပ်နေအောင် ထိန်းထားရမှာဖြစ်ပါတယ်။
လူသေပြီးနောက်မှာ ဦးနှောက်ကို ဆက်ရှင်အောင်လုပ်ထားနိုင်မယ့်နည်းကို သုတေသနသမားတွေက ရှာဖွေနေပါတယ်။ အဆိုပါနည်းပညာကို ရှာဖွေဖို့အတွက် The Brain Preservation Foundation ဟာ ပြိုင်ပွဲတစ်ရပ်လိုပုံစံမျိုးကျင်းပနေတာဖြစ်ပြီး နည်းပညာကိုရှာဖွေနိုင်တဲ့ဦးနှောက်နဲ့အာရုံကြောဆိုင်ရာပညာရှင်အဖွဲ့ကို ဒေါ်လာ 100,000 ထိပေးသွားမှာဖြစ်ပါတယ်။အဆိုပါနည်းလမ်းကို ရရှိဖို့ ကြိုးစားနေတဲ့ သုတေသနတွေဟာ အောင်မြင်ဖို့အတွက် နှစ်ပေါင်းများစွာ အချိန်ယူရဦးမှာဖြစ်တယ်လို့ သုတေသနသမားအချို့က ပြောကြားထားပါတယ်။ အကုန်အကျသက်သာပြီး ထိရောက်တဲ့နည်းလမ်းကိုရရှိဖို့ဟာ ခက်ခဲနေတာဖြစ်ပြီး လူသေပြီးနောက်မှာ ဦးနှောက်ကို နှစ်ပေါင်း ၁၀၀ နီးပါး ပုံမှန်အတိုင်းအလုပ်လုပ်နေအောင် ထိန်းထားရမှာဖြစ်ပါတယ်။ လက်ရှိမှာ ဦးနှောက်နဲ့အာရုံကြောပညာရှင်အဖွဲ့နှစ်ဖွဲ့က အဆိုပါနည်းပညာကို ရရှိဖို့ကြိုးစားနေပါတယ်။
(DuWun)
Photos & Source: Daily Mail
Sign up here with your email
ConversionConversion EmoticonEmoticon