အလုပ်တွင် နာရီများစွာ ကြာအောင်ထိုင်ပြီး အလုပ်လုပ်ရ ခြင်းကြောင့် ကျောရိုး ထိခိုက်သည့် ဒဏ်(သို့မဟုတ်) နောက်ကျော မာတောင့်နေသည့် ဒဏ်ကို ခံစားနေရပါက ယင်းဖိအားများကို လျော့စေမည့် ရိုးရှင်းသော အောက်ပါလေ့ကျင့်ခန်းများ လုပ်ပေးပါ။
ပခုံးတွန့်လှုပ်ပေးခြင်းဖြင့် လည်ပင်းနှင့်ပခုံးမာကြော တောင့်တင်းနေမှုကို သက်သာစေသည်။ အသက်ပြင်းပြင်း ရှူသွင်းပြီး ပခုံးနှစ်ဖက်ကို လက်ချောင်းများဖြင့် ဆုပ်ကိုင်ပြီး နားထိရောက်အောင် မတင်ပါ။ ငါးစက္ကန့်ခန့် ထိန်းထားပြီး ဖြေလျှော့လိုက်ပါ။ ဖိစီးမှု သက်သာစေရန် ပခုံးနှစ်ဖက်ကို စက်ဝိုင်းသဏ္ဌာန် လှည့်၍ လေ့ကျင့်ခန်း လုပ်နိုင်သည်။
ထိုင်ခုံတွင် ထိုင်နေစဉ် လက်သီးနှစ်ဖက်ဆုပ်ပြီး လက်ကိုရှေ့သို့ ဆန့်ထုတ်ပါ။ လက်ကောက်ဝတ်ကို လှည့်ပါ။ နာရီလက်တံအတိုင်း ငါးမိနစ်ခန့်လှည့်ပြီး နာရီ လက်တံ ပြောင်းပြန်အတိုင်း ငါးမိနစ်ခန့်လှည့်ပါ။
ခြေထောက်များကို ဆန့်ထုတ်လိုက်ခြင်းမှာ ဝမ်းဗိုက်ပိုင်း ခြေထောက်အတွက် အကျိုးရှိသည်။ အလုပ်တွင် တစ်နေ့လျှင် အနည်းဆုံးနှစ်ကြိမ်ခန့် ခြေထောက် ဆန့်ထုတ်ခြင်း လေ့ကျင့်ခန်းလုပ်ပါ။
ထိုင်နေချိန်တွင် ခြေထောက်နှစ်ဖက်ကို ရှေ့သို့ ဖြောင့်ဖြောင့် ဆန့်ထုတ်လိုက်ပါ။ သင်၏ခြေထောက်နှင့် ကြမ်းပြင်မှာ မျဉ်းပြိုင်ပုံစံ ဖြစ်နေပေမည်။ ခြေချောင်းများကို ကွေး လိုက်ပြီး သင်၏ ရှေ့အောက်ဘက်သို့ စိုက်ထားပါ။ ငါးကြိမ်ခန့် ထပ်၍လုပ်ပါ။
လက်နှစ်ဖက်ကို ယှဉ်လိုက်ပြီး ညာဘက်လက်ကို ဘယ်ဘက်ပခုံး ပေါ်ထားပြီး ဘယ်ဘက်လက်ကို ညာဘက်ပခုံးပေါ်တွင် ထားကာ အသက်ပြင်းပြင်း ရှူသွင်းရှူထုတ် လုပ်ပါ။ ငါးမိနစ်ခန့် ထိန်းထားပြီး ဖြေလျှော့ လိုက်ပါ။
လည်ပင်းကို မတ်မတ်ထားပြီး ဆန့်ထုတ်လိုက်ပါ။ လည်ပင်းနောက်ဘက်ကို လက်ချောင်းများနှင့် ဖိနှိပ်လိုက်ပါ။ မျက်နှာကြက်ရှိရာသို့ မော့ကြည့်ပြီး လည်ပင်းကို ဆန့်ထုတ်ပါ။
လက်မောင်းများကို မတင်ပါ။ ရေဘူးကို ဝိတ်ပြားအဖြစ်သုံးပြီး ယာဘက်လက်ထဲ ကိုင်ပါ။ တံတောင်ဆစ် ကိုကွေးပြီး လက်ကိုအပေါ်သို့ မြှင့်တင်ပါ။ အခြားလက်တစ်ဖက်
ဖြင့် ထပ်လုပ်ပါ။ သင်သည်အလုပ်တွင် အချိန်များစွာ ထိုင်နေရသူ
ဖြစ်ပါက ဖော်ပြပါ လေ့ကျင့်ခန်းများကို ထိုင်နေလျက်နှင့် လုပ်ဆောင်နိုင်ပါသည်။
Healthcare.com.mm
Ref: JOI
Sign up here with your email
ConversionConversion EmoticonEmoticon