ရင်ထဲကို ခဏဖြစ်ဖြစ် ဝင်ကြည့်ပါ


တိုင်းတပါးရောက် နေထိုင်ရသူတွေဟာမိသားစုကို ခွဲခွာပြီး အပျော်ရှာချင်လို့ မဟုတ်ပါဘူး ။

လိုင်းပေါ်မှာ အချိန်ပြည့်နေပြီး ရှုပ်ပွေ ငွေဖြုန်းနေတာ မဟုတ်ပါဘူး ။

အားလပ်ရက်လေးတွေမှာ ဓာတ်ပုံတင်တာကြွားပြီး ဖလန်းဖလန်းထ နေတာ မဟုတ်ပါဘူး ။

အစားအသောက်လေးတွေ ဓာတ်ပုံတင်တာဆိုင်ထိုင်နိုင်တယ်ဆိုပြီး ကြွားနေတာ မဟုတ်ပါဘူး ။

မိသားစု အတွက်လို့ အားတင်းပြီး နေနေကြရတာပါ ။အလုပ်ရှင် ၊စက်ရုံ ဝန်းတွေမှာWifi free ရတာမို့ လိုင်းကအချိန်ပြည့်လိုဖွင့်ထားတာပါ ။ ဓာတ်ပုံ လေးတွေတင်ပြီးမိသားစုကို ရှု့ခင်းအလှတွေမြင်စေချင်တာပါ။ စားသောက်ဆိုင် ကပုံတွေတင်တာမိသားစုနဲ့ ဝေးပြီး အထီးကျန်စားသောက်
နေရကြောင်း သိစေချင်တာပါ ။

တစ်လမှာ တစ်ရက်လောက် မြန်မာ့အစားအစာ စားရတာပါ ။အဲဒီရက်တောင် မျက်စိမှိတ်ပြီး ကျိတ်မှိတ်ဝယ်ယူစားသောက်ရတာပါ။

ကျန်တဲ့ရက်တွေမှာ ဖြစ်သလို စားသောက်လိုက်ရတာ ။ လက်ဘက်ရည် တစ်ခွက်သောက်ဖို့ အတော်စဉ်းစားရပါတယ် ။တခွက်ကို မြန်မာငွေ ၉ရာကျော် . . . ။
မသုးံရက် မစားရက် ပါပဲ . . . ။

ဒေါ်လာငွေ တက်လို့ ပျော်ရတာ အိမ်ကိုလွှဲဖို့ အတွက်ပါ ။ ကိုယ်တိုင်ချက်ပြုတ်စားဖို့အတွက် ဒေါ်လာတက်တာ ရင်မောစရာပါ ။တစ်ခုခု စားဖို့ စဉ်းစားမိတိုင်းမြန်မာငွေနဲ့ တွက်မိတော့ စားဖို့ မဝံ့မရဲပါ။

ပြောပြချင်တာ များစွာပါ . . . ။

နောက်များမှ . . . ဆက်ပြောပြပါရစေ။

သင်းသင်း*ရွှေလင်းမြေ*
Previous
Next Post »
Powered by Blogger.