Dubai နိုင်ငံဟာ ပိုက်ဆံသုံးတဲ့နေရာမှာ အနှမျှောမရှိမှုနဲ့ နာမည်ကြီးတဲ့မြို့ဖြစ်ပါတယ်။ ဒါကြောင့်လဲ Dubai ပြည်တွင်းကာကွယ်ရေးအစိုးရအတွက်ကို jetpack ၂၀ ဝယ်ဖို့ဆုံးဖြတ်ခဲ့တာပါ။ ဒီ jetpack တွေကို Martin လေယာဉ်ကုမ္ပဏီကနေ ထုတ်လုပ်တာပါ။ မီးသတ်သမားတွေက ဒီ jatpack တွေနဲ့ဆိုရင် အထပ်မြင့်အဆောက်အအုံကြီးတွေမှာ မီးတောက်မီးလျံတွေကို ငြိမ်းသတ်နိုင်မှာပါ။
ဒီ jetpack တွေမှာ စိတ်ကြိုက်ဒီဇိုင်းရေးဆွဲထားတဲ့ အင်ဂျင်တွေနဲ့ ဒလက်ပြွန်နှစ်လုံး ပါရှိပါတယ်။ ဒီ jetpack ဝတ်ပြီးပျံတဲ့သူဟာ အမြင့်ပေ ၃၀၀၀ အထက်မှာ တစ်နာရီ ၇၄ကီလိုမီတာနှုန်းနဲ့ ပျံသန်းနိုင်မှာပါ။
မိုးမျှော်တိုက်တွေနဲ့ ပြည့်နှက်နေတဲ့မြို့မှာ ဒီ jetpack တွေက တော်တော်လေးအသုံးဝင်တယ်လို့ အရာခံဗိုလ် Col Ali Hassan Almutawa ကပြောခဲ့ပါတယ်။ "ဒီတိုက်တွေရဲ့ အပေါ်ဆုံးထပ်ကို ရောက်ဖို့ဆိုတာ ကျွန်တော်တို့မှာ တစ်ခါတလေ အခက်အခဲနဲ့ စိန်ခေါ်မှုတွေရှိတယ်။ ရောက်ဖို့ခက်ခဲတဲ့ နေရာတွေကို ဒီ jetpack တွေနဲ့ သွားနိုင်တယ်။" လို့ သူကပြောပါတယ်။ အပူရှာတဲ့ ကင်မရာတွေပါဖို့ကိုလည်း အဆင့်မြှင့်လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သူကဖော်ပြပါတယ်။
Jetpack တစ်ခုကို ကန်ဒေါ်လာ ၁၅၀၀၀၀ ကျတယ်ဆိုတော့ ဒါ သိပ်ကိုဈေးကြီးပါတယ်။ ဒါပေမဲ့ ကန်ဒေါ်လာ ၁.၅ သန်းတန် Bugatti Veyron ကို ကင်းလှည့်ကားအနေနဲ့ ရဲတွေစီးတဲ့ မြို့အတွက်တော့ လုံးဝဈေးမကြီးပါဘူး။
Skyler - သစ်ထူးလွင်
Ref: engadget
Sign up here with your email
ConversionConversion EmoticonEmoticon