အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ စစ်သွေးကြွအဖွဲ့က အီဂျစ်နိုင်ငံ ဆိုင်နိုင်းကျွန်းဆွယ်အလယ်ပိုင်းမှာ ရုရှားခရီးသည်တင်လေယာဉ်ကို သူတို့ ပစ်ချခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။
အောက်တိုဘာ ၃၁ ရက်နေ့က ပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်မှာ ခရီးသည် ၂၀၀ ကျော်လိုက်ပါခဲ့တာပါ။
ရုရှားလေကြောင်းလိုင်းပိုင် အဲဘတ်စ် A-321 လေယာဉ် ပျက်ကျမှုဟာ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် ဖြစ်တယ်လို့ အီဂျစ် လုံခြုံရေးအရင်းအမြစ်က အစောပိုင်းက ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် အိုင်အက်စ်အဖွဲ့ရဲ့ အီဂျစ်အဖွဲ့ခွဲက အောက်တိုဘာ ၃၁ ရက်နေ့မှာပဲ တွစ်တာကနေတဆင့် သူတို့ လက်ချက်လို့ ကြေညာလိုက်ပါတယ်။
DVB
Sign up here with your email
ConversionConversion EmoticonEmoticon