ရွေးကောက်ပွဲကို တည် ငြိမ်စွာ ဖြတ်သန်းနိုင်ရန် သာကေတမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်နှင့် ပါတီဝင်အချို့တိုက် ခိုက်ခံရမှုအပေါ် ပြန်လည်တုံ့ပြန်ခြင်း မပြုရန် တစ်နိုင်ငံလုံးရှိ ပါတီဝင်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အရေးပေါ်ကြေညာ ချက်ထုတ်ပြန်ကာ ညွှန်ကြားလိုက်သည်။
ပါတီ၏ လွှတ်တော်ကိုယ် စားလှယ်နှင့် ပါတီဝင်အချို့ကို တိုက်ခိုက်ခံရမှုအပေါ် ကျူးလွန်သူများကို သာကေတမြို့နယ် ရဲစခန်းတွင် အမှုဖွင့်လျက် တရားဥပဒေနှင့်အညီ ရင်ဆိုင်ဖြေရှင်းသွား မည် ဖြစ်ကာ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးရှိ ဒီချုပ် အဖွဲ့ဝင်များအနေဖြင့် မည်သည့် တုံ့ပြန်မှုကိုမျှ မပြုလုပ်ကြရန် အောက်တိုဘာ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်သော ဒီချုပ်ဗဟိုရွေး ကောက်ပွဲအောင်နိုင်ရေးအဖွဲ့၏ အရေးပေါ်ကြေညာချက်တွင် အ သိပေးထားခြင်းဖြစ်သည်။
အောက်တိုဘာ ၂၉ ရက် ည ၉ နာရီခန့်တွင် သာကေတမြို့နယ် အတွင်း မဲဆွယ်စည်းရုံးရေးအ တွက် လှည့်လည်စည်းရုံးနေသော ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးနိုင်ငံလင်းနှင့် ဒီချုပ် အဖွဲ့ဝင်များအား လူတစ်စုက လက်နက်ဖြင့် လည်းကောင်း၊ လက်နက်မဲ့ဖြင့်လည်းကောင်း အ ကြိမ်ကြိမ်တိုက်ခိုက် ခံခဲ့ရသည် ဟု အရေးပေါ်ကြေညာချက်တွင် ပါရှိသည်။
တိုက်ခိုက်မှုများကြောင့် ဦးနိုင်ငံလင်းအပါအ၀င် ဒီချုပ် အဖွဲ့ ၀င် ဦးကျော်သူ၊ မသန္တာမော်တို့ ထိခိုက်ဒဏ်ရာရခဲ့ရာတွင် မသန္တာ မော်သည် ဆေးကုသမှုခံရပြီး နေအိမ်သို့ ပြန်သွားနိုင်ခဲ့သော် လည်း ဦးနိုင်ငံလင်းနှင့် ဦးကျော်သူတို့မှာ ရန်ကုန်မြို့ ပြည်သူဆေးရုံ ကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ခဲ့ရကာ အသက်အန္တ ရာယ်မစိုးရိမ်ရသော်လည်း ဆေး ကုသမှု ဆက်လက်ခံယူနေရ သည်။
ဒီချုပ်၏ အရေးပေါ်ကြေ ညာချက်တွင် မြို့နယ်အသီးသီး ၌ လောလောဆယ်ဆောင်ရွက်နေ ကြသော စည်းရုံးလှုပ်ရှားမှုများကို အရှိန်မပျက် ဆက်လက်ဆောင် ရွက်ကြရန်လည်း တိုက်တွန်းထား သည်။
သာကေတမြို့နယ်တွင် တိုက်ခိုက်ခံခဲ့ရသော်လည်း မဲဆွယ်စည်းရုံးမှုများကို ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး၊ ညနေ ၆ နာရီ နောက်ပိုင်းတွင်မူ မဲဆွယ်မှုပြုလုပ် မည်မဟုတ်ကြောင်း ဒီချုပ်၏ သာကေတမြို့နယ် ပြည်သူ့လွှတ် တော် အမတ်လောင်း ဒေါက်တာ ဝေဖြိုးအောင်က ပြောသည်။
ပြစ်မှုကျူးလွန်သူ ဇော်လတ် သည် မည်သည့်ပါတီဝင်မျှမဟုတ် ဘဲ သာမန်အရပ်သားတစ်ဦးသာ ဖြစ်ကာ အရက်သေစာသောက် စားထားသည်ကို တွေ့ရှိရကြောင်း၊ ယခုဖြစ်စဉ်သည် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ချင်း၏ ခိုက်ရန်ဖြစ် ပွားမှုသာဖြစ်ပြီး ပါတီစည်းရုံးရေး ကိစ္စ ဆောင်ရွက်နေမှုနှင့် သက် ဆိုင်မှုမရှိကြောင်း မျက်မြင်သက် သေများ၏ ပြောကြားချက်အရ သိရသည်ဟု ပြန်ကြားရေးဝန်ကြီး ဌာနက အောက်တိုဘာ ၃၀ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။
ထို့အပြင် အလားတူ တရား ဥပဒေဆိုင်ရာ တာဝန်ရှိသူများအ နေဖြင့်လည်း ပြစ်မှုဖြစ်ပွားပါက မည်သည့်ဘက်ကိုမျှ ဘက်လိုက် ခြင်းမပြုဘဲ မျှမျှတတ အရေးယူ ဆောင်ရွက်ခြင်းဖြင့် ရွေးကောက် ပွဲမတိုင်မီ တည်ငြိမ်အေးချမ်းရေး၊ ရွေးကောက်ပွဲကာလ တည်ငြိမ် အေးချမ်းရေးနှင့် ရွေးကောက်ပွဲပြီး တည်ငြိမ်အေးချမ်းရေးကို ထိန်း သိမ်းသွားမည်ဟု ထုတ်ပြန်ချက် ကဆိုသည်။
7day daily
Sign up here with your email
ConversionConversion EmoticonEmoticon