သီးခြား Lens ၁၆လုံးပါပြီး အရည်အသွေးမြင့်ပုံရိပ်တွေကို ပေးစွမ်းမယ့် ချိန်မယ်၊ရိုက်မယ် ကင်မရာသစ်တစ်လုံးကို Light ကနေထုတ်လုပ်လိုက်ပါပြီ။ သီးခြား Lens ၁၆လုံးကနေ သီးခြားပုံရိပ်တွေကို ဖမ်းယူပြီး 52 megapixel ရှိတဲ့ ပုံရိပ်ကို ပြန်လည်ပေါင်းစပ်ပေးမှာပါ။ မြင်ကွင်းတစ်ခုလုံးကို တိတိကျကျနဲ့ ပြတ်ပြတ်သားသား ရိုက်ကူးစေနိုင်မှာဖြစ်ပါတယ်။
ဒီကင်မရာဟာ ဓာတ်ပုံလောကအတွက်တော့ “အသံတိတ် တော်လှန်ရေး” တစ်ခုပဲဖြစ်တယ်လို့ ဆိုပါတယ်။ စမတ်ဖုန်းတွေမှာဆိုရင် ကင်မရာအစိတ်အပိုင်းတွေကို သေးနိုင်သမျှသေးအောင်လုပ်ပြီး အရည်အသွေးမြင့် ပလတ်စတစ် Lens တွေကိုဖန်တီးရတာပါ။
“L16ဟာ အလင်းဖမ်းပေါက်အများကြီးပါတဲ့ ပထမဆုံးသော တွက်ချက်မှုကင်မရာဖြစ်ပြီး DSLR အရည်အသွေးရှိပါတယ်။ သင့်အိတ်ကပ်ထဲကို ထည့်ဆောင်သွားလို့လည်းရပါတယ်။ L16က ပိုသေး၊ ပိုပေါ့ပြီး ဈေးပိုသက်သာပါတယ်။ ဒီဈေးနှုန်းတန်းထဲက ရနိုင်တဲ့ တခြားကင်မရာတွေနဲ့ယှဉ်ရင် ပိုကောင်းတဲ့ ပုံရိပ်အရည်အသွေးတွေကို ပေးပါတယ်။” လို့ Light ကနေပြောပါတယ်။
L16ဟာ Nexus 6 ထက်နှစ်ဆထူပေမဲ့ အရွယ်အစားတူတူလောက်ပါပဲ။ DSLR နေရာမှာ အစားထိုးသုံးနိုင်ပြီး အသုံးလည်းပိုတည့်မယ်လို့ Light ကမျှော်လင့်ထားပါတယ်။ ပါဝင်တဲ့ Lens တွေကတော့ 35mm Lens ၅ခု၊ မှန်ပါ 70mm Lens ၅ခု နဲ့ 150mm Lens ၆ခုတို့ပဲဖြစ်ပါတယ်။
၂၀၁၆ခုနှစ် စက်တင်ဘာလမှာ ထွက်ရှိဖို့ ရှိပြီး ကန်ဒေါ်လာ ၁၇၀၀ ကျသင့်မယ်လို့ သိရပါတယ်။
Skyler - သစ်ထူးလွင်
Ref:Daily Mail
Sign up here with your email
ConversionConversion EmoticonEmoticon