နောင်ချိုမူးယစ်စစ်ဆေးရေးဂိတ်တွင် သေနတ်ဖြင့် ပစ်ခတ်ကာ ထွက်ပြေးခဲ့သူအား အသေဖမ်းဆီးရမိ



အောက်တိုဘာလ (၂၂) ရက်၊ ည ၈ နာရီခန့် က နောင်ချိုမြို့ ၊ အေးရှားဝေါလ် တိုးဂိတ်အနီး၊ မူးယစ်စစ်ဆေးရေးဂိတ်တွင် မတ်တူးအဖြူရောင်ယာဉ်အမှတ် 2C/1223 အား စစ်ဆေးရေးအဖွဲ့ က ရပ်တန့် စေခဲ့ရာ ယာဉ်မောင်း အမျိုးသား (၁) ဦးဘေးတွင် အမျိုးသား (၁) ဦး လိုက်ပါလာသည်ကိုတွေ့ ရပြီး လိုက်ပါလာသည့်အမျိုးသားက စစ်ဆေးရေးအဖွဲ့ ကို ပစ္စတို သေနတ်ဖြင့် ပစ်ခတ်ကာ ယင်းမတ်တူးယာဉ်ဖြင့် ထွက်ပြေးခဲ့သည့်ဖြစ်စဉ်အား ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဒုတိယရဲတပ်ဖွဲ့ မှူး ရဲမှူးကြီး အောင်မြတ်မိုး ၏ အနီးကပ်ကြီးကြပ်မှုဖြင့် လမ်းကြောများအား ပိတ်ဆို့ ကာ ပိုက်စိပ်တိုက် ရှာဖွေခဲ့ရာေ အာက်တိုဘာလ (၂၄) ရက်၊ မွန်းလွဲပိုင်း ၂း၄၅ မိနစ်ခန့် ၌ နောင်ချိုမြို့ နယ်၊ အုမ္မခါးကျေးရွာအုပ်စုအနီးတွင် ယင်းမတ်တူးယာဉ်ကို ပြန်လည်တွေ့ ရှိခဲ့ပြီး အခင်းဖြစ်ပွားစဉ်က စစ်ဆေးရေးအဖွဲ့ ကို သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး ခဲ့သူကိုလည်း ယင်းမော်တော်ယာဉ်ဦးခေါင်းခန်း၊ ၀ဲဘက်ထိုင်ခုံတွင် ယာဘက်ပေါင်၌ ကျည်ထိမှန်ဒဏ်ရာ (၁) ချက်မှ သွေးထွက်လျက် ထိုင်လျက်သေဆုံးနေသည်ကို တွေ့ ရှိရကြောင်း ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ကျ
အရာရှိကြီးတစ်ဦးက ပြောပြသည်။

နောင်ချိုမူးယစ်စစ်ဆေးရေးဂိတ်မှာ အဲဒီမတ်တူးကိုတားပြီးစစ်တော့ ကားက စက်မသတ်ပဲ ရပ်ပါတယ်။
ခေါင်းခန်းက လိုက်ပါလာသူကိုစစ်ဆေးတဲ့အခါ အသာတကြည်အစစ်ဆေးမခံတဲ့အတွက် တာဝန်ကျရဲတပ်ကြပ်ကြီးနဲ့ သက်သေ တစ်ဦးတို့ က Body Search လုပ်ပါတယ်။ Body Search လုပ်နေတဲ့အချိန်မှာ အဲဒီလူက ရုတ်တရက်ထိုင်ချလိုက်ပြီး အသင့်လွယ်လာတဲ့ လွယ်အိတ်ထဲကနေ ပစ္စတိုထုတ်ပြီး ၄-၅ ချက် ဆက်တိုက်ပစ်ပါတယ်။ အဲဒီအချိန်မှာ လုံခြုံရေး တာဝန် ထမ်းဆောင်နေတဲ့ ရဲတပ်ကြပ်ကြီး သာအွီး၊ မြို့ မရဲစခန်း၊ နောင်ချို က M-22 ပြောင်းရှည်သေနတ်နဲ့ အသင့်ရှိနေချိန်ဖြစ်ပြီး အဲဒီလူက ပစ္စတိုသေနတ်နဲ့ ပစ်ခတ်လို့  ပြန်ပစ်လိုက်တာ ယာဘက်ပေါင်ကို ထိမှန်ခဲ့ပါတယ်။ ဒဏ်ရာရသွားတော့ အဲဒီလူက မတ်တူးကားပေါ်ပြေးတက်ပါတယ်။ ယာဉ်မောင်းသူကလည်း တရှိန်ထိုးမောင်းနှင်ပြီး အေးရှားဝေါလ်ရဲ့ ကတ္တားပေါ်ကနေတက်ပြီး မောင်းတံကိုပါတိုက်ပြီး မောင်းပြေးသွားပါတယ်ဟု ၄င်းက ရှင်းပြသည်။

ပစ္စတိုသေနတ်ဖြင့် ၄-၅ ချက်ခန့် ပစ်ခတ်ခဲ့သော်လည်း စစ်ဆေးရေးအဖွဲ့ မှ တစ်ဦးတစ်ယောက်မှ ထိမှန်ဒဏ်ရာရရှိခြင်း မဖြစ်ခဲ့ဘဲ အခင်းဖြစ်ရာနေရာ၌ သွေးစက်များ၊ ၉-မမ ကျည်ခွံ (၄) ခု၊ ဂျန့် ဖြစ်သွားသည့် ၉ မမ ကျည် (၁) တောင့် တို့ နှင့်အတူ ပစ္စတိုဖြင့်ပစ်ခတ်သူကျန်ရစ်ခဲ့သည့် ရှမ်းလွယ်အိတ် (၁)လုံးနှင့်အတွင်းရှိ သားရေပိုက်ဆံအိတ်အတွင်းမှ(၁၀၀၀) ကျပ်တန်ငွေစက္ကူ (၃၁) ရွက်၊ မောင်ဝင်းနိုင်ထွန်း (ဘ) ဦးထွန်းဝေ အမည်နှင့် ဆမ္မဆယ်ကျေးရွာ၊ နောင်ချိုမြို့ နယ် လိပ်စာပါ နိုင်ငံသားစိစစ်ရေးကဒ်ပြားတစ်ခု တို့ ကို သိမ်းဆည်းရမိခဲ့ကြောင်း ၄င်းက ဆက်လက်ပြောပြသည်။

ထို့ နောက် ရဲတပ်ဖွဲ့ ဝင်များက အဆိုပါမတ်တူးမော်တော်ယာဉ်အား ပိုက်စိပ်တိုက်၍ရှာဖွေရာမှ အောက်တိုဘာလ ၂၄ ရက်၊ မွန်းလွဲပိုင်း ၂း၄၅ အချိန်၌ နောင်ချိုမြို့ နယ်၊ အုမ္မခါးကျေးရွာအုပ်စု၊ ငုက္ခလေးကျေးရွာ၊ အုမ္မခါးမှ ငုက္ခလေးကျေးရွာသွားလမ်းအရှေ့ ဘက်၊ တောင်ယာသွားလမ်းဘေးချုံပုတ်အတွင်းတွင် အဆိုပါ 9C/1223 မတ်တူးအဖြူရောင် ယာဉ်အား တံခါးများပိတ်၍ သော့တပ်ထားလျက် ယာဉ်မောင်းထိုင်ခုံနောက် ကူရှင်ဖြဲထားသည်ကို တွေ့ ရှိရပြီး သေနတ်နှင့်ပစ်ပြေးသူ တရားခံ ၀င်းနိုင်ထွန်း (၃၁) နှစ်၊ (ဘ) ဦးထွန်းဝေ၊ ဗမာ/ဗုဒ္ဓ၊ တောင်သူ၊ ဆမ္မဆယ်ကျေးရွာအား နီညိုရောင်ဆွယ်တာအင်္ကျီိလက်ရှည်၊ အဖြူရောင်ဂျင်းဘောင်းဘီရှည်ဝတ်ဆင်လျှက် ယာဉ်ဦးခေါင်းခန်း၊ ၀ဲဘက်ထိုင်ခုံတွင် ယာဘက်ပေါင်၌ ကျည်ထိမှန်ဒဏ်ရာ (၁) ချက်မှ သွေးထွက်လျက် အသက်သေဆုံးနေသည်ကို တွေ့ ရှိရပြီး ၄င်းဘေးမှ HBO လက်ကိုင်ဖုန်း (၁) လုံး၊ ၄င်းခြေထောက်အနီးမှ Prepro Beretta T-83242 ပစ္စတို၊ ၉မမ ကျည်ဆံ(၇)တောင့် ထည့်ထားသည် ကျည်ကပ် (၁) ခု တပ်လျှက် (၁) လက် တို့ ကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲမှူးကြီးအောင်မြတ်မိုး က ပြောပြသည်။

ထို့ အပြင် ယာဉ်နောက်ပိုင်း၊ ကားတာယာနှင့်ပစ္စည်းတင်သည့်အခန်းအတွင်၌ သိုဝှက်ထားသော စိတ်ကြွရူးသွပ်ဆေးပြားအပြား (၈၀၀၀) ထက်မနည်းကိုတွေ့ ရှိရကြောင်း၊ ယခုအခါ အမှုမှထွက်ပြေးတရားခံဖြစ်သူ အဆိုပါမတ်တူးယာဉ်မောင်း အားလည်း ဆက်လက်ရှာဖွေနေကြောင်း ၄င်းက ဖြည့်စွက်ရှင်းပြသည်။

Lashio News Diary
Previous
Next Post »
Powered by Blogger.