ထိုင်းနိုင်ငံ နန့်ခရိုင်မှာတော့ ရိုးရာ ပိုးတောင်မာအကောင်တွေကို တိုက်ခိုက်ခိုင်းတဲ့ပွဲဟာ အခုချိန်ထိ လူသိများနေဆဲ ဖြစ်ပါတယ်။
ပိုးတောင်မာတွေ ဦးခေါင်းက ဂျိုကို သုံးပြီး အချင်းချင်းတိုက်ခိုက်ကြတဲ့ ဒီအလေ့အထဟာ လန်းနား လူမျိုးတွေဆီကနေ ဆက်ခံခဲ့တဲ့ အမွေဖြစ်ပါတယ်။
ဒီပိုးတောင်မာတွေကို ရွာသားတွေ ဘယ်လို ရှာဖွေတယ်။ ဘယ်လို တိုက်ခိုက်ကြတယ်ဆိုတာကို ထိုင်း ဘန်ကောက်ပိုစ့်သတင်းဌာနက ၃ မိနစ်နဲ့ ၅ စက္ကန့် ရုပ်သံဖိုင်အဖြစ် ရိုက်ကူးမှတ်တမ်းတင်ထားပါတယ်။
မိုးတွင်းကာလမှာ ရွာကလူငယ်တွေ လယ်ထဲဆင်း အလုပ်လုပ်ပြီးရင် တောထဲသွားပြီး ပိုးတောင်မာတွေကို ရှာဖွေတယ်လို့ ဆိုပါတယ်။ ဒီနောက်မှာတော့ ရွာက လူငယ်တွေက ဒီပိုးတောင်မာတွေကို တိုက်ခိုက်ခိုင်းတာ ဖြစ်ပါတယ်။
ဒါဟာ ရွာသားတွေအတွက် စည်းလုံးညီညွတ်မှုကို ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။ ပိုးတောင်မာ အရွယ်အစားကို မူတည်ပြီး တိုက်ပွဲကလည်း ၄ မျိုးလောက်ရှိပါတယ်။
အရွယ်အစားကြီးတဲ့ အထီးတွေ တိုက်တဲ့ပွဲ၊ အရွယ်အစားငယ်ပြီး ရှည်တဲ့ ဦးချိုပိုလှတဲ့ ပိုးတောင်မာတွေတိုက်တဲ့ပွဲ၊ ဦးချို ၅ ခုပါတဲ့ ပိုးတောင်မာတိုက်ပွဲနဲ့ ဦးချို ၃ ခုပါတဲ့ ပိုးတောင်မာ တိုက်ပွဲတို့ ဖြစ်ပါတယ်။
အမ ပိုးတောင်မာကို အထဲမှာ ထည့်ထားတဲ့ သစ်သားစင်မြင့်ပေါ်မှာ အကောင်တွေကို တိုက်ခိုက်ခိုင်းတာလည်း ဖြစ်ပါတယ်။ အမနံ့ကို ရတဲ့ အထီးတွေက စိတ်လှုပ်ရှားပြီး တိုက်ခိုက်ကြတာ ဖြစ်ပါတယ်။
ဦးချိုနဲ့ ပြိုင်ဘက်ကို ထိုးနှက် တိုက်ခိုက်ပုံကို ကြည့်ပြီး သရေ အနိုင်အရှုံးကို ဆုံးဖြတ်ကြတာလည်း ဖြစ်ပါတယ်။
DVB
ရုပ်/သံ ကြည့်ရန်
http://burmese.dvb.no/archives/118280
Sign up here with your email
ConversionConversion EmoticonEmoticon