ခေါင်းတလား လုပ်နည်း သင်တန်းဖွင့်




စကော့တလန်နိုင်ငံ ဂလော့စ်ရှိ စထရော အရပ်တွင် ယခုလကုန် ကျင်းပမည့် ဟော်လိုဝင်း ပွဲတော်တွင် လူများအား ကိုယ်ပိုင် ခေါင်းတလား နှင့် အိပ်တတ်အောင် သင်ပေးမည့် ဆွေးနွေးပွဲ ၀ပ်ရှော့ပ် တစ်ခုကို ပေါင် (၃၀၀) ခန့်ပေး၍ တက်ရောက်နိုင်မည် ဖြစ်ကြောင်း ဆိုသည်။

The Making your Own Willow Casket ဟု အမည် ပေးထားသည့် ထိုဝပ်ရှော့ပ်မှာ ခေါင်းတလားများ အပြင် အထဲတွင် အိပ်စက်ရန် ခေါင်းအုံးများလည်း ပါဝင်မည် ဖြစ်သည်။ ပွဲစီစဉ်သူများက ထိုအရာများသည်သင်္ဂြိုဟ်ချိန်နှင့် မြေမြှပ်ချိန်များတွင် အသုံးဝင် သင့်တော်ကြောင်းလည်း ဆိုသည်။

သင်ကြားပေးမည့် ဆရာဖြစ်သူ မာတင်က ''ခေါင်းတလားတွေကို တစ်ချိန်ချိန်မှာ လိုလာတာမျိုး မဖြစ်ဖို့ မျှော်လင့်ရတာပါပဲ။ အဲဒါတွေကို ခြောက်သွေ့တဲ့ နေရာမှာ ထားရင် နှစ်များစွာ ထိန်းသိမ်း ထားနိုင်ပါတယ်။ လူတွေဟာ ဒီခေါင်းတလားတွေကို စာအုပ်သေတ္တာ၊ သေတ္တာလွတ် စသဖြင့် သုံးနိုင်ပါတယ်။

တန်းတွေပေါ် တင်ထားနိုင်ပါတယ်။ ဒါဟာ ကျွန်တော်တို့နဲ့ သေခြင်းတရားတို့ကြား ဆက်နွယ်မှုကို ရှာဖွေဖို့နဲ့ တီထွင် ဖန်တီးမှု ဖြစ်စဉ် တစ်ရပ်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကိုယ့်သေခြင်းတရားကို ကြုံလာတဲ့ အခါမှာ ကောင်းမွန်တဲ့ နည်းနဲ့ လက်ခံနိုင်မှာပါ'' ဟု ရှင်းပြသည်။

messenger
Previous
Next Post »
Powered by Blogger.