အလုပ်ချိန်မှာ ဂေါက်သီးရိုက်တဲ့ ဒုတိယမြို့တော်ဝန် အလုပ်မှ ထုတ်ပယ်ခံရ


တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းမှ ဒုတိယမြို့တော်ဝန် တစ်ဦးသည် ဂေါက်ရိုက် ကလပ် တစ်ခုကို ပိုင်ဆိုင်ပြီး အလုပ်ချိန်တွင် ဂေါက်သီးရိုက် ကစားနေခဲ့သည့် အတွက် အလုပ်မှ ထုတ်ပယ် ခံလိုက်ရကြောင်း နိုင်ငံပိုင် မီဒီယာက ထုတ်ဖော်လိုက်သည်။

တရုတ်တွင် ဂေါက်သီးရိုက် ကစားနည်းမှာ လူချမ်းသာ ဇိမ်ခံသူတို့ အားကစားနည်း အဖြစ် ကွယ်လွန်သူ ခေါင်းဆောင် မော်စီတုန်းက သတ်မှတ် ရှုတ်ချခဲ့သော်လည်း နောက်ပိုင်းတွင် ချမ်းသာသူများစွာမှာ ၎င်းတို့ အဆင့်အတန်းကို ပြသသည့် အနေဖြင့် ဂေါက်သီး ကစားခြင်း များလာပြီး အစိုးရ အရာရှိများလည်း ကစားလာကာ ဂေါက်ကွင်း များမှာလည်း စီးပွားရေး သမားများနှင့် လာဘ်ပေး လာဘ်ယူလုပ်ရန် ချိန်းဆိုသည့် နေရာ တစ်ခုလည်း ဖြစ်လာသည်။

ဆင်ဟွာ သတင်း ဖော်ပြချက်အရ ရာထူးမှ ထုတ်ပယ်ခံရသည့် ဒုတိယ မြို့တော်ဝန်မှာ ဖူကျန့် ပြည်နယ်တွင်း ၀ူယီရှန်းမြို့မှဖြစ်ပြီး ဂေါက်ကလပ် တစ်ခုကို ပိုင်ဆိုင်သူ ဖြစ်ကြောင်း ဆိုသည်။ ၎င်းသည် သမ္မတ ရှီကျင်းဖျင် တက်လာပြီး နောက်ပိုင်း အစိုးရ အရာရှိများအား ခြစားမှု တိုက်ဖျက်ရေးများ အရှိန်မြင့် လုပ်ဆောင်လာစဉ် ၂၀၁၃ ခုနှစ်မှ စ၍ ဂေါက်ကလပ်တွင် အခြားသူ နာမည်ပြောင်း၍ အဖွဲ့ဝင် အဖြစ် ဆက်ရှိနေပြီး ကစားသည့် အခါတွင်မူ ငွေကြေးလည်း သူများထက် လျှော့ပေးခြင်းခံရကြောင်း ဆိုသည်။

သတင်း ဖော်ပြချက်တွင် လင်သည် ၂၀၁၃ ခုနှစ်၊ ဇွန်လ (၁၈) မှ ၂၀၁၅ ခုနှစ်သြဂုတ် (၁၆) အတွင်း ကာလ၌ ထိုဂေါက်ကွင်းတွင် (၁၆၃) ကြိမ် ကစားခဲ့ဖူးပြီး (၁၂) ကြိမ်မှာ ၎င်း၏ အလုပ်ချိန်အတွင်း ကစားနေခဲ့ကြောင်း စစ်ဆေး တွေ့ရှိရသည်ဟု ဆိုသည်။ ၎င်းကို ကွန်မြူနစ်ပါတီနှင့် အစိုးရ ခြစားမှု တိုက်ဖျက်ရေး အာဏာပိုင်များက ရာထူးမှ ထုတ်ပယ်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

messenger
Previous
Next Post »
Powered by Blogger.