ဗြိတိန်နိုင်ငံက မုန့်ဖုတ်သူ အမျိုးသမီး တစ်ဦးဟာ နာရီ ၃၀၀ ကြာ အချိန်ယူပြီး သက်ရှိကျား အရွယ်အစား ပုံသဏ္ဍာန် ကိတ်မုန့် လုပ်ခဲ့ပါတယ်။ ဇိုးဖောက်စ်လို့ အမည်ရတဲ့ အဲဒီ အမျိုးသမီးဟာ အကြမ်းထည် ပုံသွင်းထားတဲ့ ချောကလက်တုံး၊ ချောကလက် ခရင်မ်၊ သကာရည်နဲ့ ဓာတုဆိုးဆေး မပါတဲ့ အရောင်တင်ဆီတွေကို အသုံးပြုပြီး ကျားပုံသဏ္ဍာန် ကိတ်မုန့် လုပ်ခဲ့တာပါ။
ဇိုးဖောက်စ်ဟာ Bakers Unite to Fight အဖွဲ့အစည်းကို စတင် တည်ထောင်သူ တစ်ဦး ဖြစ်ပါတယ်။ အဲဒီ အဖွဲ့အစည်းဟာ မျိုးသုန်း ပျောက်ကွယ်မယ့် အန္တရာယ်ရှိနေတဲ့ သားရဲတိရစ္ဆာန်တွေကို ကမ္ဘာတစ်လွှားက လူတွေ သတိပြုမိစေဖို့ ရည်ရွယ်ပြီး သားရဲတိရစ္ဆာန် ပုံသဏ္ဍာန် မုန့်တွေ ပြုလုပ်ခဲ့ကြပါတယ်။
ဇိုးဖောက်စ်လိုပဲ အခြား မုန့်ဖုတ်သူတွေကလည်း ဆင်၊ မျောက်မောင်းမ၊ ပုတ်သင်ညို၊ ပင်ဂွင်းငှက် စတဲ့ သတ္တ၀ါတွေရဲ့ ပုံသဏ္ဍာန် မုန့်တွေလုပ်ပြီး Bakers Unite to Fight အဖွဲ့အစည်း ဖေ့ဘွတ် စာမျက်နှာမှာ ဖော်ပြခဲ့ကြပါတယ်။ ဇိုးဖောက်စ်ရဲ့ ကျား ပုံသဏ္ဍာန် ကိတ်မုန့်ကို ဒီသီတင်းပတ်အတွင်း လန်ဒန်မြို့က Savoy ဟိုတယ်မှာ ခင်းကျင်းပြသမယ်လို့ သိရပါတယ်။
ဓာတ်ပုံများကို Bakers Unite to Fight ဖေ့ဘွတ် စာမျက်နှာမှ ကူးယူဖော်ပြထားပါသည်။
Nz (ရိုးရာလေး)
Sign up here with your email
ConversionConversion EmoticonEmoticon