မဟာတံတိုင်းအစစ်နဲ့ မှားကြတဲ့ တရုတ်ရဲ့မဟာတံတိုင်းပုံတူ





တရုတ်နိုင်ငံမှာသာရှိတဲ့ မဟာတံတိုင်းကြီးကတော့ တရုတ်နိုင်ငံမှာပဲ ပုံတူပေါ်လာပါတယ်။

၂.၅ မိုင်ရှည်တဲ့ ပုံတူတံတိုင်းဟာ တရုတ်နိုင်ငံအလယ်ပိုင်းမှာ နန်ချန်ပြည်နယ်မှာ တည်ဆောက်ထားတယ်လို့ သိရပါတယ်။

မဟာတံတိုင်းအစစ်ထက် မိုင်ပေါင်း ၁၃၀၀၀ ကျော်ပိုတိုပေမယ့် ဒီနေရာကို မဟာတံတိုင်းအစစ်ထင်ပြီး တချို့ခရီးသွားတွေ ရောက်လာကြတယ်လို့လည်း သိရပါတယ်။

မဟာတံတိုင်းပုံတူဟာ ဒီနှစ်ဧပြီလက ဒေသခံခရီးသွားတွေများတဲ့ တရုတ်နိုင်ငံအလယ်ပိုင်းမှာ ထွက်ပေါ်လာတယ်လို့ သိရပါတယ်။

မဟာတံတိုင်းပုံတူဟာ မပြီးစီးသေးပေမယ့် ခရီးသွားအမြောက်အမြားကိုတော့ ဆွဲဆောင်ထားနိုင်ထားပြီး မဟာတံတိုင်းအစစ်လိုပဲ တောင်ကြောတွေပေါ်မှာ ကျောက်တုံးတွေနဲ့ တည်ဆောက်ထားပါတယ်။

တံတိုင်းအကန့်တစ်ခုချင်းစီကို ကင်းမျှော်စင်တွေနဲ့ ပိုင်းခြားထားတာကလည်း မဟာတံတိုင်းအစစ်မှာလိုပဲဖြစ်ပေမယ့် အရှည်ကတော့ ၂.၅မိုင်သာရှိလို့ တကယ့်မဟာတံတိုင်းအစစ်ရဲ့ ခန့်မှန်းအရှည် ၁၃၁၇၀ မိုင်နဲ့ မနှိုင်းယှဉ်သာပါဘူး။

အဲဒီလောက်အရှည်ပဲရှိပေမယ့် မဟာတံတိုင်းပုံတူဟာ ပီပြင်လွန်းလို့ ခရီးသွားတွေက တကယ့်မဟာတံတိုင်းအစစ်နဲ့မှားပြီး လာရောက်ကြတယ်လို့ သိရပါတယ်။

ညီမင်းဟန်(ဆန္ဒကူး)
Previous
Next Post »
Powered by Blogger.