|
မင်းကွန်းမှာ ပြေးလွှားနေတဲ့ ကိုရင်လေးများ |
|
ပထမဆုရဓာတ်ပုံ |
|
ဗန်နူအာတူက မျိုးနွယ်စုရဲ့ သစ်သားမျှော်စင်ပေါ်က ခုန်ချတဲ့ရိုးရာဓလေ့ |
|
ပုဂံက ကိုရင်လေးများ |
|
ပုဂံနေထွက်ချိန် မြူကြားထဲက နွားအုပ်တစ်အုပ် |
|
အီတလီနိုင်ငံ၊ ဗင်းနစ်မြို့တူးမြောင်းတစ်ခုရဲ့ တံတားအောက်က မြင်ကွင်းတစ်ခု |
|
တပ်ခ်ျမဟာမှာ တံမြက်စည်းလှည်းနေသူတစ်ယောက် |
|
အင်ဒိုနီးရှား နွားမောင်းပြိုင်ပွဲ |
|
ကျောက်တုံးပေါ်တွယ်တက်နေတဲ့ ရေစိုမျောက်ကလေး |
|
ဆွစ်ဇာလန်နိုင်ငံတောင်တန်းတွေကို ဘက်ချက်ဆီးရေကန်ကနေ ရိုက်ကူးထားတဲ့ဓာတ်ပုံ |
|
ယူအေအီးနိုင်ငံ၊ အဘူဒါဘီပုံရိပ်နဲ့ ဓာတ်ပုံတစ်ပုံ |
ခြေမျက်စိပဲမြုပ်တဲ့ရေအိုင်ထဲမှာ ထီးတစ်ချောင်းနဲ့ဆော့ကစားနေတဲ့ ကလေးငယ်တွေရဲ့ပုံရိပ်ကို ရိုက်ကူးထားတဲ့ဓာတ်ပုံဟာ ဒီနှစ်ရဲ့အကောင်းဆုံးခရီးသွားဓာတ်ပုံဆု ရရှိသွားပါတယ်။
ဒီဓာတ်ပုံကို ဆူဂျန်ဆာကာက အိန္ဒိယနိုင်ငံ၊ ကော့ဘီဟာပြည်နယ် မြစ်ကမ်းနားကို သူဖြတ်သွားချိန် ကလေးငယ်တွေ တစ်ယောက်နဲ့တစ်ယောက် ရေပက်ကစားပြီး သစ်ငုတ်တစ်ခုပေါ်ကနေ ကလေးတစ်ယောက်ခုန်လိုက်တဲ့အချိန်ကို အမိအရရိုက်ကူးခဲ့တာဖြစ်ပါတယ်။
မဲလ်ဘုန်းအခြေစိုက်ခရီးသွားကုမ္ပဏီဟာ သူတို့စီစဉ်တဲ့ ခရီးသွားကဏ္ဍဓာတ်ပုံပြိုင်ပွဲကို ကမ္ဘာတစ်ဝှမ်းက ဓာတ်ပုံသမား ၃၀၀၀ ၀င်ရောက်ယှဉ်ပြိုင်ပြီး ပုံပေါင်း ၇၀၀၀ ကျော်ပေးပို့ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီပြိုင်ပွဲမှာ ပထမရသွားတဲ့ ဆူဂျန်ဆာကာရဲ့ဓာတ်ပုံဟာ မြန်မာနိုင်ငံ၊ ပုဂံမြို့က ကိုရင်လေးပုံ၊ ဂျပန်နိုင်ငံမှာ ကျောက်တုံးတစ်တုံးပေါ်တွယ်တက်နေတဲ့ ရေစိုမျောက်ကလေးပုံ၊ အင်ဒိုနီးရှားနိုင်ငံက နွားလှည်းပြိုင်ပွဲပုံတွေကို ကျော်ဖြတ်ပြီး အနိုင်ရခဲ့တာပါ။
တခြားအံ့အားသင့်စရာ ပြိုင်ပွဲဝင်ဓာတ်ပုံကတော့ ရိုးရာဓလေ့အဖြစ် ခြေကျင်းဝတ်ကို နွယ်ပင်တွေနဲ့ချည်နှောင်ပြီး ပေ ၈၀ မြင့်တဲ့ သစ်သားမျှော်စင်ထိပ်ကနေ ဒိုင်ဗင်ထိုးရတဲ့ ဗန်နူအာတူက မျိုးနွယ်စုတွေရဲ့ ဓာတ်ပုံပဲဖြစ်ပါတယ်။ သူတို့ရဲ့ ရိုးရာဓလေ့ပြုလုပ်ပုံကို ဒီ Link မှာ ကြည့်နိုင်ပါတယ်။
https://www.youtube.com/watch?v=cM_9s9-Neukအခုပြိုင်ပွဲမှာ ပထမဆုရသွားတဲ့ ဆူဂျန်ဆာကာဟာ ဆုကြေး သြစတြေးလျဒေါ် ၃၀၀၀ (အမေရိကန်ဒေါ်လာ ၂၂၀၀ နီးပါး)နဲ့ ထိုက်တန်တဲ့ ခရီးသွားခွင့် ရခဲ့ပါတယ်။
ဒါ့အပြင် ဒီပြိုင်ပွဲရဲ့အကောင်းဆုံးဓာတ်ပုံတွေထဲမှာ မြန်မာနိုင်ငံပုံရိပ်နဲ့ တခြားဓာတ်ပုံ ၂ ပုံ ပါဝင်ပါသေးတယ်။ တစ်ပုံကတော့ မင်းကွန်းက ကိုရင်လေးတွေ ပြေးနေတဲ့ပုံဖြစ်ပြီး နောက်တစ်ပုံကတော့ ပုဂံမှာနေထွက်ချိန် မြူတွေကြားမှာ နွားအုပ်တစ်အုပ်ရဲ့လှုပ်ရှားနေပုံပဲဖြစ်ပါတယ်။
ညီမင်းဟန်(ဆန္ဒကူး)
Sign up here with your email
ConversionConversion EmoticonEmoticon