ဘင်လာဒင်ကိုသတ်ခဲ့တဲ့ အမေရိကန်နေဗီဆီးလ်တပ်ဖွဲ့ဝင်ရဲ့လိပ်စာကို ဖော်ထုတ်ခဲ့သူ Mrs Terror ဆိုတဲ့ အမျိုးသမီးဟာ နောက်ထပ်အမေရိကန်ထိပ်တန်းစစ်သားတစ်ဦးရဲ့ အိမ်လိပ်စာ၊ မိသားစုဓာတ်ပုံတွေကိုလည်း ထပ်မံဖွင့်ချလိုက်ပြန်ပါတယ်။
အူမန်ဟူစိန်ဘရစ်တာနီယာဆိုတဲ့ တွစ်တာအကောင့်ကနေတစ်ဆင့် အခုတစ်ကြိမ်ထပ်မံဖွင့်ချလိုက်တာကတော့ တပ်ကြပ်ကြီးဒီလတ်ဂျွန်ဆင်ရဲ့အကြောင်းတွေပဲဖြစ်ပါတယ်။
အသက် ၄၆ နှစ်အရွယ်ရှိတဲ့ အဲဒီတွစ်တာအကောင့်ပိုင်ရှင် အမျိုးသမီးရဲ့နာမည်ရင်းဟာ ဆယ်လီအန်းဂျုံးစ်လို့သိရပြီး သူက ဒီလတ်ဂျွန်ဆင်ကို အမေရိကားမှာရှိတဲ့ အယ်လ်ကိုဒါအဖွဲ့ဝင်တွေ လိုက်ရှာပြီး သုတ်သင်နိုင်အောင် သူ့လိပ်စာကို အခုလိုဖွင့်ချတာလို့ ဆိုထားပါတယ်။
"သူက အီရတ်ရောက် အမေရိကန်စစ်တပ်မှာ လူအများဆုံးသတ်ထားတဲ့သူပါ" ဆိုပြီး ဒီလတ်ဂျွန်ဆင်ရဲ့ပုံနဲ့အတူ လိပ်စာကိုပါ ရေးသားဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် "သူဟာ အီရတ်စစ်မြေပြင်ကို ၂ ကြိမ်ရောက်ခဲ့ပြီး ဆုတံဆိပ်တွေရခဲ့တဲ့သူပါ။ အီရတ်တိုက်ပွဲတွေမှာ ပွိုင့် ၂၅ မီလီမီတာ စက်သေနတ်၊ စနိုက်ပါရိုင်ဖယ်၊ အမဲလိုက်ဓားတွေနဲ့ ရန်သူ ၂၇၄၆ ယောက် သတ်ခဲ့တယ်လို့ ဆိုထားပါတယ်" ဆိုပြီး ဖြည့်စွက်ထားပါသေးတယ်။
၂၀၀၃ နဲ့ ၂၀၀၅ ခုနှစ်တွေမှာ အီရတ်စစ်မြေပြင်ကို ၂ ကြိမ်ရောက်ခဲ့တဲ့ ဒီလတ်ဂျွန်ဆင်ဟာ ၂၀၁၃ ခုနှစ်က Carnivore ဆိုတဲ့ စာအုပ်ကိုရေးသားထုတ်ဝေခဲ့ပြီး သူသုတ်သင်ခဲ့တဲ့ ရန်သူအရေအတွက်လို့ လူတွေပြောနေတာဟာ မဟုတ်မမှန်သလို အဲဒီလောက်အထိ သူသုတ်သင်ခဲ့တယ်လို့လည်း မပြောခဲ့ကြောင်း ငြင်းဆန်ထားပါတယ်။
ဒါပေမဲ့ သူ့စာအုပ်အဖုံးနဲ့ ကြော်ငြာတွေမှာတော့ အမေရိကားရဲ့ ရန်သူကိုအသုတ်သင်နိုင်ဆုံးစစ်သားလို့ ညွှန်းဆိုရေးသားခဲ့တာတွေတော့ ရှိခဲ့ပါတယ်။
ဒီလတ်ဂျွန်ဆင်ရဲ့အိမ်လိပ်စာနဲ့ တခြားအကြောင်းတွေကို Mrs Terror က ဖော်ပြမှုဟာ နေဗီဆီးလ်တပ်ဖွဲ့ဝင် ရောဘတ်အိုနေးလ်ရဲ့လိပ်စာကို ဖော်ထုတ်အပြီး ၂ ရက်အကြာမှာ ဖွင့်ဟခဲ့တာဖြစ်ပါတယ်။
Mrs Terror ဟာ အခုဆိုရင် အိုင်အက်စ်အတွက် ဗြိတိသျှမှာလူစုဆောင်းသူအဖြစ် အန္တရာယ်အရှိဆုံးစာရင်းမှာ အမေရိကန်နဲ့ ဗြိတိသျှအစိုးရတွေက ထည့်သွင်းခံထားရပါတယ်။
ညီမင်းဟန်(ဆန္ဒကူး)
Sign up here with your email
ConversionConversion EmoticonEmoticon