မြန်မာနိုင်ငံရှိ လုပ်သားပြည်သူတစ်ရပ် လုံး၏စားဝတ်နေရေးအတွက် လိုအပ်ချက်ကုန် ပစ္စည်းများကို နိုင်ငံတော်က တာဝန်ယူဆောင် ရွက်ပေးချိန်ဖြစ်သည်။ မြို့နယ်တိုင်းတွင် မြို့ နယ်ကုန်သွယ်ရေးများက အခြေခံစားကုန် ဆိုင်၊ အထည်အလိပ်ဆိုင်၊ ကုန်မျိုးစုံဆိုင်နှင့် ဆေးနှင့်ဆေးပစ္စည်းဆိုင်၊ ဆောက်လုပ်ရေးနှင့် လျှပ်စစ်ပစ္စည်းဆိုင်၊ ယာဉ်နှင့် စက်ကိရိယာ ပစ္စည်းဆိုင် အစရှိသော သီးသန့်ပစ္စည်းဆိုင် များကိုဖွင့်လှစ်၍ စားသုံးသူများအတွက် ခွဲတမ်း စနစ်ဖြင့် ရောင်းချပေးရသည်။
သို့အားဖြင့် မြို့နယ်ကုန်သွယ်ရေးဦးစီး မန်နေဂျာဟူသည် လက်ထောက်မန်နေဂျာ ခြောက်ယောက်ဟူသော အရာရှိဝန်ထမ်းနှင့် အရာရှိမဟုတ်သော ဝန်ထမ်းများစွာ ရာနှင့် ချီ၍ ကြီးကြပ်ကွပ်ကဲအုပ်ချုပ်ပြီး တစ်မြို့နယ် လုံးရှိ ပြည်သူများအတွက် လိုအပ်သမျှ ကုန် ပစ္စည်းများကို မှာယူဖြည့်တင်းပေးခြင်းအား စနစ်တကျ ဦးစီးဦးဆောင်ပြုကာ ဆောင်ရွက် ရသည်။
မှာယူဖြည့်တင်းရာ၌ ဗဟိုကုန်သွယ်ရေး က ချမှတ်ထားသော မူအရအောက်ပါအချက် များအပေါ်မူတည်ပြီး အရေအတွက်ပမာဏ ကိန်းဂဏန်းများနှင့် တွက်ချက်မှာကြားရသည်။ ဗဟိုကုန်သွယ်ရေးကလည်း ဆိုင်ရာကုန်သွယ် ရေးကော်ပိုရေးရှင်း ၂၂ ခုကို အဆိုပါအချက် များနှင့်အညီ ပေးပို့ဖြည့်တင်းပေးရန် ကြီးကြပ် ဆောင်ရွက်ပေးသည်။
မှာယူဖြည့်တင်းပေးရာတွင် ရည်ညွှန်းရ မည့်အချက်များမှာ -
(၁) လူဦးရေ (ကျား၊ မ၊ ကလေး၊ လူကြီးခွဲခြားလျက်)
(၂) အိမ်ထောင်စုဦးရေ
(၃) စားသုံးမှုဓလေ့
(၄) လူနေမှုအဆင့်အတန်း (Standard of Living)
(၅) လူတစ်ဦးချင်း၏ဝင်ငွေ
(၆) လူနေမှုအသုံးစရိတ် (Cost of Living)
(၇) အစိုးရဝန်ထမ်းဦးရေ (ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ)
(၈) ကျောင်းဦးရေ
(၉) ကျောင်းသားကျောင်းသူဦးရေ
(၁ဝ) ရာသီဥတု
(၁၁) နှစ်စဉ်ကျင်းပသော ပွဲလမ်းသဘင်ကြီးများ
(၁၂) မြို့နယ်တွင်းရှိ စီးပွားရေးလုပ်ငန်းများ၊ ဆိုင်များ
(၁၃) စက်မှုလက်မှုလုပ်ငန်းများ
(၁၄) စိုက်ပျိုးရေးလုပ်ငန်းများ
(၁၅) စီမံကိန်းလုပ်ငန်းကြီးများ
(၁၆) အခြားထူးခြားချက်များ
အထက်ပါအချက်များကို စာရင်းဇယား ကိန်းဂဏန်းများ သေချာပြုစု၍ ဗဟိုကုန်သွယ် ရေး၊ စီမံကိန်းနှင့် စာရင်းအင်းဌာန၊ ဝယ်ယူရေး နှင့် ကြိတ်ခွဲရေးဌာန၊ ကုန်ပို့ကုန်ရောင်းဌာန များသို့ စာအမှတ်စ(၃)၊ စ(၅) စသည်တို့ဖြင့် တင်ပြရသည်။
ဤသို့ ဆိုင်ရာမြို့နယ်များက တင်ပြသော စာရင်းဇယားများအပေါ် မူတည်၍ ထိုမြို့နယ် သို့ ကုန်ပစ္စည်းများကို ခွဲတမ်းချပေးပို့ဖြည့်တင်း ပေးခဲ့သည်။
မြို့နယ်သို့ ပေးပို့ရောက်ရှိလာသော ကုန် ပစ္စည်းအမျိုးမျိုးကို အမျိုးအမည်နှင့်ကိုက်ညီ သော ကုန်ရုံ(သိုလှောင်ရုံ)များ ကြိုတင်တည် ဆောက်စီစဉ်ထားရသည်။ ထိုကုန်ရုံကြီးများ ရှေ့တွင် ကုန်ပစ္စည်းဖွင့်ဖောက်စစ်ဆေးရေး နေရာတစ်ခုထားရှိသည်။ ရောက်ရှိလာသော ကုန်ပစ္စည်းများ အမျိုးအမည်နှင့် အရေအတွက် မှန်မမှန် ထုပ်ပိုးထည့်သွင်းပစ္စည်းများကို ဖွင့် ဖောက်၍ စနစ်တကျ စစ်ဆေးရသည်။ ဖွင့် ဖောက်စစ်ဆေးရေးအဖွဲ့တွင် သက်ဆိုင်ရာ ဌာနခွဲမန်နေဂျာက အဖွဲ့ခေါင်းဆောင်၊ မြို့နယ် လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီမှ ကိုယ်စား လှယ်တစ်ဦးကအဖွဲ့ဝင်၊ မြို့နယ်ရဲစခန်းမှ ကိုယ် စားလှယ်တစ်ဦးက အဖွဲ့ဝင်၊ ဆိုင်ရာကုန်ရုံ တာဝန်ခံ(ဂိုဒေါင်မှူး)က အတွင်းရေးမှူးအဖြစ် ဖွဲ့စည်းတာဝန်ယူကြရသည်။
မြို့နယ်ဦးစီးမန်နေဂျာသည် ဖွင့်ဖောက် စစ်ဆေးရေးအဖွဲ့အားလုံး၏ဥက္ကဋ္ဌဖြစ်ပြီး မြို့ နယ်လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီ (နလက) အတွင်းရေးမှူး လဝကဦးစီးမှူး (ထိုစဉ်က ဖွဲ့ စည်းပုံအရ)က အတွင်းရေးမှူးအဖွဲ့ တာဝန် ယူသည်။
ထို ဖွင့်ဖောက်စစ်ဆေးရေးအဖွဲ့များ၏ တာဝန်သည်အလွန်အရေးကြီးသည်။ မြို့နယ် သို့ ရောက်ရှိလာသော ကုန်ပစ္စည်းများအရေ အတွက် ပြည့်မပြည့်၊ မှန်မမှန်နှင့် ပျောက်ဆုံး၊ ပျက်စီး၊ လျော့နည်း၊ လေ့လွင့်မှုရှိမရှိ ဤအဖွဲ့ များ၏ စစ်ဆေးမှုက အဆုံးအဖြတ်ပေးသည်။
ဥပမာ- ဓာတ်ဘူးအလုံး ၁ဝဝဝဝရောက် လာသည်ကို ဖွင့်ဖောက်စစ်ဆေးသောအခါ ဖွင့်ဖောက်စစ်ဆေးရေးအဖွဲ့ဝင်များ ပူးပေါင်း ပြီး အလုံး၁ဝဝလျော့လာသည်ဟု စာရင်းပြ ပုံစံဖြင့် လက်မှတ်ရေးထိုးပါက အမှန်မလျော့ လည်း လျော့ရလေသည်။ သို့မဟုတ် အလုံး ၁ဝဝ ပေါက်ပျက်လာကြောင်း စစ်ဆေးတွေ့ ရှိသည်ဟု ပုံစံဖြင့် လက်မှတ်ရေးထိုးကြပါက အပျက်အလုံး ၁ဝဝပြပြီး ခွဲဝေယူကြကာဈေးသို့ မှောင်ခိုသွင်းနိုင်သည်။
ထိုခေတ်ထိုစဉ်က သတင်းစာများတွင် ပါလေ့ရှိသည်မှာ ချည်ထည်စီမံကိန်းလုပ်ငန်း ကို ဦးစီးလုပ်ဆောင်ရသော မြို့နယ်ကုန်သွယ် ရေးများသို့ ယူဂိုဆလားဗီးယားမှ ၂/၈ဝ၊ ၂/၆၄ ချည်ငင်ထုပ်အလေးချိန် ပေါင်၎ဝဝ ဝင် သေတ္တာကြီးများ ရောက်လာသောအခါ ဖွင့်ဖောက်စစ်ဆေးရာ အလယ်တွင်ဂုန်နီအိတ် များပါလာသည်ကို ဓာတ်ပုံရိုက်သတင်းစာ၌ ဖော်ပြခြင်း၊ အလယ်တွင် အုတ်နီခဲများပါလာ ပုံကို သတင်းထောက်က ဓာတ်ပုံရိုက်၍ သ တင်းစာ၌ ပါလာခြင်းများ ခေတ်စားခဲ့သည်။
ပထမတော့ ရန်ကုန်ရှိ ကော်ပိုရေးရှင်း ဂိုဒေါင်များက မသမာသူများ၏လက်ချက်ဟု ဆိုသည်။ နောက်တော့ ဆိပ်ကမ်းရှိကုန်တင် ကုန်ချလုပ်သားများ၏ သေတ္တာလိုက် ဖန်တီး လဲလှယ်သော လက်ချက်ဟုဆိုသည်။ နောက် တော့ RTC ကားကြီးများ သယ်ပို့ဌာနနှင့် ရန် ကုန်ရှိ ချန်ပီယံတင်ညွန့်အမည်ရှိသူတို့ ပူး ပေါင်းပြီး ခြံဝင်းကြီးတစ်ခုထဲ ချည်သေတ္တာ မောင်းဝင်၊ အဆင့်သင့်ဂုန်နီအိတ်၊ အုတ်ခဲတစ် ဝက်ကြိုထည့် ဖန်တီးထားသော သေတ္တာများ နှင့် လဲတင်သည့်အဖြစ် ဘီအက်စ်အိုင်က ဖော် ထုတ်သည်ဆို၏။
နောက်ဆုံးတော့ မြို့နယ် အချို့ရှိ မသမာသောဖွင့်ဖောက်စစ်ဆေးရေး အဖွဲ့တို့က ရောင်တော်ပြန်နှင့်ရောလွှတ်ကာ မြို့နယ်ရောက်မှ လဲလှယ်ပြီး ရန်ကုန်က ပို့က တည်းက မသမာခဲ့ဟု ထွင်လုံးလုပ်သည်လည်း ရှိ၏။ ဤသို့လျှင် မြို့နယ်ကုန်သွယ်ရေးများသို့ ပေးပို့လာသော ပြည်သူလူထုအတွက် ကုန် ပစ္စည်းများသည် ဂိုဒေါင်ထဲမရောက်မီ ဖွင့် ဖောက်စစ်ဆေးရေးအဖွဲ့ကို စတွေ့ကတည်း က မသမာမှုများစွာဖြစ်ခဲ့သည်။
ဂိုဒေါင်ထဲ ရောက်ပြီးပြီဆိုပါအံ့။ မိုးယို သည်၊ မိုးစိုသည်၊ ကြွက်ကိုက်သည်၊ ခြစား သည်၊ အခိုးခံရသည်၊ ဆား-သကြား စသည် ဆိုပါက သဘာဝရာသီဥတုကြောင့် လျော့နည်း သည်၊ ဖောက်ထွင်းခံရသည်၊ မီးလောင်သည် အထိသာမက အညိုရောင်နှင့်အနက်ရောင် နယ်မြေဆိုလျှင် သူပုန်က ဗုံးခွဲဖျက်ဆီးသည် အထိရှိသည်။
ကျွန်တော်တာဝန်ယူခဲ့သော သံဖြူဇရပ် မြို့နယ်သည် အစတွင် အနက်ရောင်နယ်မြေ၊ သူပုန်မြို့ထဲ ခဏခဏဝင်သည်။ နောက်ပိုင်း အညိုရောင်နယ်မြေ၊ တပ်ရင်းနှစ်ခုကြားတွင် ရှိလျက် သူပုန်ခဏခဏဝင်စီးသည်။ မြို့စွန် ကုန်ရုံများအတွက် အမြဲစိုးရိမ်နေခဲ့ရသည်။ သို့သော် တစ်ခါမျှ ဖောက်ခွဲမခံခဲ့ရ။ ၁၉၇၄ ခု နှစ်နောက်ပိုင်း ကုန်ရုံများ၊ ဆိုင်များကို သမ ဝါယမဌာနသို့ လွှဲပြောင်းပေးပြီးနောက်မှ ဗုံးခွဲ ခံရ၊ မီးရှို့ခံရမှုများ ရှိခဲ့သည်။
ဤသို့ဖြစ်ခဲ့သည့်အတွက် ကျွန်တော့်ကို သူပုန်နှင့် အဆက်အသွယ်ရှိသည်ဟု အတိုင် ခံရ၊ အစစ်ခံရဖူးသည်။ အစစ်ခံရပြီးနောက် ပိုင်း စီးပွားရေးကော်မတီဥက္ကဋ္ဌ ဂျီဝမ်းဒုဗိုလ် မှူးကြီး ဘထွေးကခေါ်တွေ့ပြီး ''မောင်ရင် မှတ် ကျောက်တင်ပြီးပြီ။ ကြိုက်တာ ရဲရဲလုပ်တော့။ ဟောဒီမယ် မောင်ရင့်တိုင်စာ''ဟုဆိုကာ အ စိတ်စိတ်အမြွှာမြွှာဖြဲ၍ အမှိုက်ခြင်းထဲပစ်ထည့် ကာ ''နောင် မောင်ရင့်ကိုတိုင်တဲ့စာလာရင် အ မှိုက်ခြင်းပဲ''ဟု ပြောခဲ့သည်ကို ဝမ်းသာစွာခံခဲ့ ရသည်။
ကျွန်တော့်ကို ဂက်စတင်နာနှင့် လှိမ့်၍ မိတ္တူများစွာနှင့်တိုင်သော ပါတီယူနစ်မှပုဂ္ဂိုလ် ဒေသပါတီတိုင်းခွဲသို့ ခေါ်ယူစစ်ဆေးခံရပြီး ပါတီမှ သန့်စင်ထုတ်ပယ်သည်။ အပေါင်းပါ ပါတီစိတ်အတွင်းရေးမှူးကမူ သူသည် ကိုယ် တိုင် မွန်သူပုန်နှင့် ဆက်သွယ်သူဖြစ်၍ တောခို သွားသည်။ မကြာမီ သူပုန်ဗိုလ်က ထိုသူကို ထမင်းဖိတ်ကျွေးပြီး မှိန်းနှင့်ထိုး၊ ပစ္စတိုနှင့်ပစ် သတ်လိုက်သည်။
မြို့နယ်ကုန်သွယ်ရေးအောက်တွင် ဂို ဒေါင်များက တရုတ်ပိတ်ဂိုက်ပိုများ မှောင်ခို ထုတ်သည်။ အခြေခံစားကုန်ဆိုင်က ဆန်ပြည် ပိုများ မှောင်ခိုထုတ်သည်။ံHot Items ခေါ် မှောင်ခိုတွင်ဈေးအလွန်ကောင်းသော ပစ္စည်း မျိုးစုံမှောင်ခိုထွက်သည်။ ရောင်းရအပ်ငွေများ အပြည့်မအပ်ဘဲ သုံးသည်။
မြို့နယ်ကုန်သွယ်ရေး၏ လုပ်ငန်းများ အလွန်ကျယ်ပြန့်သည့် ချည်ထည်စီမံကိန်း ကုန် ကြမ်းပေး ကုန်ချောယူဟူသော ထုတ်လုပ်ရေး လည်းရှိသည်။ ဆိုင်များစွာ၏ ကုန်သွယ်ရေး လည်းရှိသည်။ စားဖျော်၏ဝန်ဆောင်ရေးလည်း ရှိသည်။ နေရာတကာ ယိုပေါက်ချည်းဖြစ်သည်။ Man, Money, Materials ဟူသော လူ၊ ငွေ နှင့် ဝတ္တုပစ္စည်းကို ကိုင်တွယ်ရသည့် ဦးစီးမန် နေဂျာများ Method လုပ်နည်း၊ Manage-ment စီမံခန့်ခွဲမှုနှင့် Mind စိတ်ဓာတ် မခိုင် လျှင် လူတည်းဟူသော ဖို၊မပြဿနာ တတ် သည်။ ငွေဘုံးသည်။ ကုန်ပစ္စည်းအလွဲသုံးစား လုပ်သည်။
သို့ဖြင့် မြို့နယ်ကုန်သွယ်ရေးများ ဖွင့်ပြီး တစ်နှစ်ကြာသောအခါ ၃ဝ၈ မြို့နယ်ရှိ ဦးစီး မန်နေဂျာများအနက် ဒဏ်မခံနိုင်၍ ၁၅ဝ ဦး ခန့် အလုပ်ပြုတ်သူပြုတ်၊ အချုပ်ခံ ရသူခံရဖြစ် ခဲ့သည်။
အလွန်ရှုပ်ထွေးသောစီးပွားရေးကို တစ် မြို့နယ်လုံးအတွက် ချုပ်ကိုင်ခဲ့ရသော ဘွဲ့ရပြီးစ လူငယ်များ မြို့နယ်ကုန်သွယ်ရေး ဦးစီးမန်နေ ဂျာတာဝန်ကို ခလုတ်မထိဆူးမငြိဘဲ အောင် မြင်စွာ ကျော်လွှားနိုင်သူဆိုလျှင် ဤလုပ်ငန်း ကို အခြေခံမှစ၍ နိုင်နင်းအောင်မြင်ခဲ့ခြင်း ဖြစ်ပေတာ့မည်တည်း။ ။
အောင်ချိန်ဘွား / Yangon Media Group
Sign up here with your email
ConversionConversion EmoticonEmoticon