သင့်ရဲ့နေ့စဉ်ဘ၀လေးကို ပျော်ရွှင်မှုတွေနဲ့ ဖြတ်သန်းချင်ပါသလား။ သင်လုပ်ဆောင်ရမယ့်အရာတွေက သိပ်ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒီမခက်ခဲတဲ့ အရာလေးတွေကို အမြဲလုပ်ဆောင်သွားဖို့တော့ လိုပါတယ်။ အဲ့ဒီအချက်လေးတွေကို ပြောပြရရင်ဖြင့်
၁။မနက်နိုးတဲ့အခါ တစ်နေ့တာအတွက် တည်ငြိမ်မှုကို အရယူပါ။
သင်မနက်နိုးတဲ့အခါ အလုပ်မသွားခင် လေ့ကျင့်ခန်းလုပ်တာမျိုး၊ ဒါမှမဟုတ် တရားထိုင်တာမျိုး၊ မနက်စာစားတာမျိုးတွေဟာ သင့်တစ်နေ့တာ အဆင်ပြေပြေ ဖြတ်သန်းသွားနိုင်ဖို့အတွက် အဖွင့်ပါပဲ။
၂။လေ့ကျင့်ခန်းဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
ပထမအချက်ကို ထပ်ပြီး ဖြည့်စွက်ရရင်ဖြင့် လေ့ကျင့်ခန်းလုပ်ပေးခြင်းအားဖြင့် သင်ဟာ သွက်လက်လာမယ်၊ ပေါ့ပါးလာမယ်၊ လုပ်ငန်းဆောင်တာတွေကို မမောမပန်းဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အပြင် ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း မြင့်မားလာပါလိမ့်မယ်။
၃။ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို ရွေးချယ်စားသောက်ပါ။
တစ်နေ့တာ စားသောက်တဲ့ အရာတွေထဲမှာ ဆီတွေသိပ်များတဲ့အစားအစာ၊ fast food လို ဘာဂါ၊ အာလူးကြော် စတာတွေစားမယ့်အစား သင့်ကျန်းမာရေးအတွက် ကောင်းမွန်သင့်တော်တဲ့ အစားအစာတွေကို ရွေးချယ်စားသောက်ပေးဖို့လိုပါတယ်။
၎။ရေသောက်ဖို့လည်း မမေ့ပါနဲ့။
အလုပ်တွေ မရပ်မနား လုပ်ဆောင်ဖြစ်နေပေမယ့် တစ်နေကုန် ရေတစ်ဗူးကုန်အောင် မသောက်ဖြစ်တာမျိုးတွေ ကြုံနေရတယ်ဆိုရင် ဒီအကျင့်ကို ပြင်ဆင်ပြီး ရေသောက်ဖြစ်အောင် သောက်ဖို့ ပြောချင်ပါတယ်။
၅။ခန္ဓာကိုယ်တွင်းက ဘာတွေလိုအပ်တောင့်တာနေတယ်ဆိုတာ သိပါစေ။
တစ်ခါတစ်လေ အရမ်းပင်ပန်းနေလို့ အိပ်ချင်နေပေမယ့် အလုပ်တွေက လုပ်စရာရှိသေးတာမို့ အတင်းကုန်းရုန်းလုပ်တာမျိုးတွေ ရှောင်ရပါမယ်။ သင့်ခန္ဓာကိုယ်က မောပန်းလာရင် အနားယူရပါမယ်။ ဗိုက်ဆာလာတဲ့အခါ အစာစားကိုစားရပါမယ်။ ခန္ဓာကိုယ်က တောင်းဆိုတဲ့အရာတွေကို လျစ်လျူရှုပြီး မနေပါနဲ့။
၆။အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို မဖြစ်မနေစားပေးပါ။
သင်တစ်နေ့တာ ဖြတ်သန်းတဲ့အခါ သင်စားတဲ့ အစားအသောက်တွေမှာ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို မစားဖြစ်ပဲ အသားတွေချည်း စားနေလို့ သင့်ခန္ဓာကိုယ်က မကျန်းမာနိုင်ပါဘူး။ ဒါမရှိမဖြစ် စားသင့်တဲ့ အရာတွေပါ။
၇။ဆေးစစ်တာမျိုး ပုံမှန်လုပ်ပါ။
နေမကောင်းဖြစ်မှ ဆေးခန်းသွားမယ့်အစား ပုံမှန်ဆေးစစ်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။ သင် ဘယ်လို ဗီတာမင်တွေ လိုနေလို့ အားဖြည့်ပေးသင့်တယ်၊ ခန္ဓာကိုယ်ရဲ့ဘယ်နေရာကတော့ဖြင့် အားနည်းနေလို့ ပုံမှန်ဘယ်လိုဆေးလေးတွေ သောက်ပေးသင့်သလဲ ဆိုတာမျိုးကို အမြဲစစ်ဆေးပေးနေသင့်ပါတယ်။
၈။ကျေးဇူးတင်တတ်ပါစေ။
သင်နဲ့ပတ်သက်နေတဲ့ သူတွေ၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်နဲ့ ချစ်သူ စတာတွေကို ကျေးဇူးတင်စကားပြောဖို့ ဘယ်တော့မှ မတွန့်ဆုတ်ပါနဲ့။ သူတို့ကိုယ့်ဘေးနားရှိခြင်းဟာ သင့်အတွက် ကံကောင်းခြင်းဖြစ်တာမို့ ကျေးဇူးတင်စကားတွေ ပြောပေးပါ။
၉။ပြုံးရွှင်စွာနေပါ။
လူတစ်ယောက်ကို ပြုံးပြရတာ သင့်အတွက် တန်ဖိုးကျမသွားတဲ့အပြင် လူတွေသင့်ကို ပိုတောင် ခင်မင်လာမှာပါ။ ဒါ့ကြောင့် လုပ်ဖော်ကိုင်ဖက်တွေ သူငယ်ချင်းတွေ၊ အိမ်နီးနားချင်းတွေကို အမြဲပြုံးပြနှုတ်ဆက်တတ်ပါစေ။
၁၀။အနားယူပါ။
အလုပ်တွေဘယ်လောက်များနေပါစေ သင့်အိပ်ချိန်ရောက်တဲ့အခါ ကွန်ပျူတာ ဖုန်းစတာတွေကို ပိတ်ပြီး အနားယူလိုက်ပါ။ အိပ်ချိန်ကို သေချာသတ်မှတ်ထားပါ။ ရုံးဆင်းချိန်ရောက်တဲ့အခါ အလုပ်အကြာင်းလုံးဝမတွေးတော့ပဲ သင့်အားလပ်ချိန်မို့ သင်လုပ်ချင်တဲ့ အရာတွေအတွက် အချိန်ပေးတတ်ပါစေ။Ref:popsugar
မေသော် - Trend Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon