မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျောက်မဲမြို့ ရေကြီး















အောက်တိုဘာလ ၉ ရက်နေ့ညက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်မဲမြို့ နေရာတော်တော်များများမှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်တွေအတွင်း မနက် ၆ နာရီလောက်က စတင်ရေတက်လာပြီး ၈ နာရီကျော်လောက်မှာ နေရာတော်တော်များများ ရေဖုံးလွှမ်းခဲ့ပါတယ်။

အခုရေကြီးမှုဟာ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း အဆိုးရွားဆုံးဖြစ်ခဲ့ပြီး ယခင်မိုးရွာသွန်းမှုတွေထက် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။

ရေကြီးလို့ အိမ်ခြေ ၁၅၀ ကျော် နစ်မြုပ်ခဲ့ပြီး ကယ်ဆယ်ရေးအစီစဉ်တွေ ပြုလုပ်နေတယ်လို့ နယ်မြေမှူး ဦးသိန်းတန်က ပြောပါတယ်။

ရေကြီးမှုကြောင့် ခရီးသွားလာရေး အခက်ခဲကြုံနေရပြီး ဒဏ်ရာရ သေဆုံးမှုတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

သတင်းဓာတ်ပုံ – စုရည်ဖြိုး / DVB
Previous
Next Post »
Powered by Blogger.