မဂ္ဂဇင်းအယ်ဒီတာအမျိုးသမီးကို သတ်မှုဖြင့် ဖမ်းဆီးခံထားရသော မင်းအုပ်စိုးအား အင်းစိန်ထောင်သို့ ပြောင်းလဲထိန်းသိမ်း

တစ်အိမ်တည်းနေ ထိုင်သည့် အမျိုးသမီးတစ်ဦးအား သေဆုံး သည်အထိ ထိုးကြိတ်ရိုက်နှက်သည့် အမှု ဖြင့် ဖမ်းဆီးခံထားရသော သရုပ်ဆောင် မင်းအုပ်စိုးကို ဒီဇင်ဘာ ၂၆ ရက်က အင်း စိန်ထောင်သို့ ပြောင်းလဲ ထိန်းသိမ်းလိုက် ကြောင်း သိရသည်။

မင်းအုပ်စိုး(ခ) ကိုအောင်နိုင်ထွန်း အား ဗဟန်းရဲစခန်းတွင် ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် ဖမ်းဆီးထိန်းသိမ်းထားရာမှ ဗဟန်းမြို့ နယ်တရားရုံးတွင် ရမန်ရယူပြီး အင်းစိန် ထောင်သို့ ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။

''ရဲအလုပ် မပြီးသေးဘူးဆိုရင် ရမန်ဆက်ယူရမယ်။ ပြီးသွားပြီဆိုရင်တော့ အနောက်ပိုင်းခရိုင်တရားရုံးမှာ တရားစွဲမှာ'' ဟုရုံးထုတ်ရာတွင် လိုက်ပါလာသည့်ရဲတစ်ဦး ကပြောသည်။

ဒီဇင်ဘာ၂၅ရက်က မင်းအုပ်စိုး နှင့် တစ်အိမ်တည်းနေထိုင်သည့် သရပါ မဂ္ဂဇင်းမှ အယ်ဒီတာမနုနု ယဉ်(ခ)
တေးနုယဉ်တို့စကားများကြစဉ် မင်းအုပ်စိုးကရိုက် နှက်ထိုးကြိတ်ခဲ့သဖြင့် မနုနုယဉ်မှာ မျက် နှာ၊ ဦးခေါင်းနှင့် ကိုယ်တွင် ဒဏ်ရာများရရှိ ပြီး သေဆုံးခဲ့ရာ မင်းအုပ်စိုးက ရဲစခန်းသို့ လာရောက်ဖမ်းဆီးခံခဲ့ခြင်း ဖြစ်သည်။

မင်းအုပ်စိုးမှာ လွန်ခဲ့သည့် နှစ်က လည်း ရပ်ကွက်အတွင်းဆူပူမှုကြောင့် ဖမ်း ဆီးခံခဲ့ရဖူးပြီး ထောင်ဒဏ် သုံးလ ကျခံခဲ့ဖူး သူဖြစ်သည်။
Previous
Next Post »
Powered by Blogger.