ဒီနေ့ မနက်ပိုင်းမှာ ယှဉ်ပြိုင်ကစားခဲတဲ့ ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသား ဗိုလ်လုပွဲစဉ်မှာ နိုဗက် ဂျိုကိုဗစ်က ရော်ဂျာ ဖက်ဒဲရားကို အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။
ဂျိုကိုဗစ်က ဖက်ဒဲရားကို (၆-၄၊ ၅-၇၊ ၆-၄၊ ၆-၄)နဲ့ အနိုင်ရ ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။.
ဂျိုကိုဗစ်က ဒီနှစ်အတွင်း သြစတြေးလျ အိုးပင်း၊ ဝင်ဘယ်ဒန် အိုးပင်းနဲ့ ယူအက်စ် အိုးပင်း ပြိုင်ပွဲတွေမှာ ဗိုလ်စွဲခဲ့ပြီး ပြင်သစ် အိုးပင်း ပြိုင်ပွဲ တစ်ခုတည်းမှာပဲ ဗိုလ်စွဲနိုင်ခြင်း မရှိတာ ဖြစ်ပါတယ်။
အခုလို ဗိုလ်စွဲခဲ့တဲ့ အတွက် ဂျိုကိုဗစ်က ဂရန်း ဆလမ်း ၁၀ကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့တာဖြစ်ပြီး ၂၀၁၁ နောက်ပိုင်း ယူအက်စ် အိုးပင်းမှာ ပြန်လည် ဗိုလ်စွဲနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အနိုင်ရ ဗိုလ်စွဲခဲ့လို့ ပေါင် ၂.၁၅သန်း ရရှိခဲ့တဲ့ ဂျိုကိုဗစ်က ပြောဆိုရာမှာ “ဒီပွဲက အရမ်းခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲပါ၊
ကျွန်တော့် အနေနဲ့ ဖက်ဒဲရားကို အများကြီး လေးစားပါတယ်၊ သူက သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားပါ၊
သူက ကြိုးစားကစားပြီး လက်စွမ်းလည်း သိပ်မကျသေးပါဘူး၊ နောက်ဆုံးပွဲစဉ်မှာ သူက ချန်ပီယံလက်စွမ်းကို ပြသနိုင်ခဲ့ပ်ါတယ်၊
အဲဒီ နောက်ဆုံးပွဲမှာ ဆာဗင်ကနေ အမှတ်တွေရလို့ ကျွန်တော် ကံကောင်းခဲ့တာပါ”လို့ ပြောဆိုခဲ့ပါတယ်။
ဖက်ဒဲရားက ပြောဆိုရာမှာ “လွန်ခဲ့တဲ့ ၂ပတ်အတွင်း ပျော်စရာ အချိန်တွေကို ရရှိခဲ့ပါတယ်၊
ဘယ်လိုပဲ ဖြစ်ဖြစ် ကျေနပ်ပါတယ်၊ ဒီပွဲကလည်း ပွဲကောင်းတစ်ပွဲလို့ ထင်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြိုင်ပွဲကို ၃နာရီခန့် နောက်ဆုတ်ပြီးမှ ကျင်းပနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒီပွဲစဉ်ကို ဒေးဗစ် ဘက်ခမ်းနဲ့ နာမည်ကျော်တွေ ဖြစ်ကြတဲ့ လီယိုနာဒို၊ X-Men မင်းသား ဟုခ်ျ ဂျက်မန်း၊ ဘရက်ဒ်လေ ကူးပါး၊ ရှောင်ကွန်နရီ အစရှိသူတွေလည်း လာရောက်ကြည့်ရှု အားပေးကြတယ်လို့လည်း သိရပါတယ်။
aung sann moe - Planet Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon