၆၉ နှစ်ကြာကွဲကွာသွားပြီးမှ ပြန်ဆုံတွေ့ခဲ့တဲ့ အမြွှာညီအစ်ကို


ဒုတိယကမ္ဘာကြီးစစ်ကြီး ပြီးဆုံးပြီးနောက် မွေးကတည်းက ကွဲကွာသွားတဲ့ အမြွှာညီအစ်ကိုနှစ်ဦးဟာ ပြန်လည်ဆုံတွေ့နိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။ ၆၉နှစ် ကြာကွဲကွာခဲ့ကြပြီးတဲ့နောက်သူတို့ညီအစ်ကိုနှစ်ဦးဟာ တစ်ဦးနဲ့တစ်ဦး အပြင်မှာပထမဆုံးအကြိမ် တွေ့ဆုံနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

George Skrzynecky နဲ့ Lucian Poznanski တို့ကို ပိုလန်မိခင်တစ်ဦးက ဂျာမနီမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သူတို့ကိုမွေးပြီးတဲ့နောက် သူတို့မိခင်ဟာ အလုပ်သမားစခန်းကို ပို့ဆောင်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကြာတဲ့အထိ သူတို့နှစ်ဦးမှာ အမြွှာတစ်ယောက် ရှိတဲ့အကြောင်း သူတို့မသိခဲ့ကြပါဘူး။ ၂၀၁၄ ခုနှစ်အတွင်းမှာ သူတို့ညီအစ်ကိုနှစ်ဦးဟာ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ရဲ့ ကွဲကွာနေတဲ့မိသားစုတွေ ပြန်လည်ဆုံတွေ့ဖို့ ကြိုးစားပေးတဲ့ အစီအစဉ်ကတဆင့် ပြန်တွေ့ခဲ့ကြတာဖြစ်ပါတယ်။ ညီအစ်ကိုနှစ်ဦးဟာ ပိုလန်နိုင်ငံမှာ
 ပြန်ဆုံတွေ့ခဲ့ကြပါတယ်။

တစ်ယောက်ကတော့ ပိုလန်မှာပဲ တစ်သက်လုံးနေထိုင်ခဲ့တာဖြစ်ပြီး နောက်တစ်ယောက်တော့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ နေထိုင်နေသူ ဖြစ်ပါတယ်။

Planet Myanmar
Previous
Next Post »
Powered by Blogger.