Trending in China ဆိုတဲ့ ၀က်ဆိုက်မှာ အမျိုးသမီးငယ်တွေကို အိုင်တီကုမ္ပဏီတွေက အမျိုးသားဝန်ထမ်းတွေကို မနက်စာ ပြင်ဆင်ပေးဖို့၊ စိတ်လက်ပေါ့ပါးဖို့ ပေါ့ပေါ့ပါးပါးစကားစမြည်ပြောဖို့နဲ့ အမျိုးသားဝန်ထမ်းတွေကို အလုပ်ခဏတာအားလပ်ချိန်မှာ ပင်ပေါင်ကစားပေးဖို့ကို လျှောက်ထားနိုင်တဲ့ အလုပ်တစ်ခုအဖြစ် ဖော်ပြထားပြီး ပါရမီအရည်အသွေးရှိတဲ့ မိန်းကလေးငယ်တွေကို စီနီယာဝန်ထမ်း တစ်ယောက်က အထူးလေ့ကျင့်ပေးမယ်ဆိုတာကိုလည်း ဖော်ပြထားပါတယ်။
programming cheerleaders ဆိုတဲ့ ဒီလိုအလုပ်အကိုင်နဲ့ ပက်သက်လို့ အွန်လိုင်းမှာ အရောင်တောက်တောက် အ၀တ်အစားတွေ ၀တ်ဆင်ထားတဲ့ မိန်းကလေးငယ်တွေက လုပ်ငန်းခွင်က အမျိုးသားဝန်ထမ်းတွေနဲ့ ပျော်ရွှင်စွာ စကားပြောနေကြပုံတွေနဲ့ ပင်ပေါင်ကစားနေပုံကို ဖော်ပြထားပါတယ်။ တရုတ်အိုင်တီကုမ္ပဏီတစ်ခုက HR မန်နေဂျာတစ်ယောက်ကတော့ အခုလို အမျိုးသမီးငယ်တွေကို အလုပ်က အမျိုးသားဝန်ထမ်းတွေ စိတ်ပျော်ရွှင်စေဖို့ ခန့်အပ်လိုက်တဲ့ အစီအစဉ်ဟာ ထူးခြားပြီး ထိရောက်မှု ရှိမယ်လို့ ယုံကြည်တဲ့အကြောင်း ဆိုထားပါတယ်။
ဒါပေမယ့် တချို့အွန်လိုင်းသုံးစွဲသူတွေကတော့ ဒီအစီအစဉ်ဟာ အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ ကလေးငယ်တွေရဲ့ အဖျော်ဖြေခံအဖြစ် သတ်မှတ်ရာရောက်တယ်လို့ ဝေဖန်နေကြပါတယ်။ အွန်လိုင်းသုံးစွဲတဲ့ အမျိုးသမီးအချို့ကလည်း ကုမ္ပဏီမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီးဝန်ထမ်းတွေဆိုရင် အမျိုးသားဝန်ထမ်းတွေလို ၀န်ဆောင်မှုပေးစရာ လိုမှာ မဟုတ်ကြောင်း ထောက်ပြဝေဖန်ခဲ့ကြပါတယ်။
Planet Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon