နိုင်ငံတကာ အာကာသစခန်း (ISS) ကို ဂြိုဟ်သားများ ထိန်းချုပ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ISS အပေါ်တွင် နောက်ထပ် ပန်းကန်ပြားပျံ တစ်စင်းကို တွေ့ရှိခဲ့ကြောင်း ဂြိုဟ်သားများ ရှိနေသည်ကို ယုံကြည်သူများက ပြောဆိုခဲ့သည်။ နာဆာမှ ကင်မရာများဖြင့် ရိုက်ကူးထားသည့် ဗီဒီယိုဖိုင် တစ်ခုတွင် အဖြူနှင့် ပန်းရောင် ရောစပ်နေသည့် အရာတစ်ခုကို မြင်တွေ့လိုက်ရ ပြီးနောက် ကိုဂြိုဟ်သားများက ထိန်းချုပ်နေကြောင်း ပြောဆိုမှုများ ရှိလာခဲ့ခြင်း ဖြစ်သည်။
နာဆာသည် ဂြိုဟ်သားများ နှင့် ပတ်သက်ပြီး အများပြည်သူ မသိအောင် ဖုံးဖိထားသော်လည်း ယခုဗီဒီယိုဖိုင်ကြောင့် ပန်းကန်ပြားပျံများ ရှိနေသည်ကို သိရှိခဲ့ရပြီ ဖြစ်ကြောင်း ယူကျူ အသုံးပြုသူ Streetcap1 ဆိုသူက ပြောဆိုခဲ့သည်။ သို့သော် ဖြစ်တန်ရာ ရှိသည်မှာ နေရောင်ကြောင့် အလင်းပြန်ခြင်း ဖြစ်နိုင်သလို၊ ကမ္ဘာအထက်တွင် လွင့်မျောနေသည့် ဂြိုဟ်အစိတ်အပိုင်း တစ်ခုသာ ဖြစ်နိုင်ကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။
နာဆာသည် ၄င်းဗီဒီယိုကို ဇွန်တွင် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ယင်းဗီဒီယိုဖိုင်ကို မစ္စတာ အဲနစ်ဂမာ ဆိုသူက ယူကျူတွင် တင်ခဲ့ပြီး ပန်းကန် ပြားပျံသည် သေးငယ်သောကြောင့် ဖန်သားပြင် အပြည့် ကြည့်ကြရန် အကြံပြုခဲ့သည်။
ဗီဒီယိုဖိုင်ထဲ၌ နိုင်ငံတကာ အာကာသ စခန်းအထက်တွင် အလင်းပြောက်လေး တစ်ခုကို မြင်တွေ့ရမည် ဖြစ်သည်။
ဗီဒီယို၏ အရည်အသွေးမှာ အင်မတန် နိမ့်ကျနေသောကြောင့် နေမှ အလင်းပြန်မှုသာ ဖြစ်နိုင်ကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။
Messenger News Journal
Sign up here with your email
ConversionConversion EmoticonEmoticon