Photo - MFF |
၂၀၁၆ အိုလံပစ် အမျိုးသမီး ဘောလုံး ခြေစစ်ပွဲ (ဒုတိယအဆင့်) ပွဲစဉ်များကို မန္တလေးမြို့ မန္တလာသီရိ ဘောလုံးကွင်းတွင် စက်တင်ဘာ ၁၄ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။ ထို့ကြောင့် ယင်းပြိုင်ပွဲအတွက် ကွင်းဝင်ကြေးများသပ်မှတ်ခဲ့ပြီး လက်မှတ် တစ်စောင်လျင် နှစ်ပွဲနှုန်း ကြည့်ရှုခွင့်ရမည်ဖြစ်သည်။ စက်တင်ဘာလ ၁၂ရက်နေတွင် မန္တလေးမြို့ရှိ ဗထူးကွင်းနှင့် အားကာသိပ္ပံ (မန္တလေး)တို့တွင် ရောင်းချပေးသွားမည်ဖြစ်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေသည့် မော်တော်ယာဉ်များ တွင်လည်း ရောင်းချ ပေးသွား မည်ဖြစ်ပါသည်။ ထို့နောက် မြန်မာအမျိုးသမီးအသင်း ပွဲစဉ်များကို MRTV Entertainment Channel မှတိုက်ရိုက်ပြသသွား မည်ဖြစ်ကြောင်းသိရသည်။
၂၀၁၆ အိုလံပစ် အမျိုးသမီး ဘောလုံး ခြေစစ်ပွဲ (ဒုတိယအဆင့်)တွင် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ဂျော်ဒန် နှင့် တရုတ်(တိုင်ပေ) ပါဝင်ပြီး အုပ်စုပတ်လည်စနစ်ဖြင့် ကျင်းပသွားမည်ဖြစ်သည်။ ယင်းထဲကမှ အမှတ်အများဆုံး တစ်သင်းသာ နောက်ဆုံးအဆင့်သို့ တက်ရောက်ခွင့် ရမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် အဖွင့်ပွဲစဉ်အဖြစ် စက်တင်ဘာလ ၁၄ရက်နေ့တွင် ဂျော်ဒန်အသင်းနှင့် စတင်ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းပွဲစဉ်များ
နေ့ အသင်း အချိန်
၁၄-၉-၂၀၁၅ ဂျော်ဒန် - မြန်မာ ၆း၃၀
၁၆-၉-၂၀၁၅ မြန်မာ - ထိုင်း ၆း၃၀
၁၈-၉-၂၀၁၅ ဗီယက်နမ် - မြန်မာ ၆း၃၀
၂၂-၉-၂၀၁၅ မြန်မာ - တရုတ်(တိုင်ပေ) ၆း၃၀
MKZ - PlanetMyanmar
Sign up here with your email
ConversionConversion EmoticonEmoticon