မှန်ရာကို သစ္စာဆိုပါမည်

ဦးမဲလုံး ဒေါသထွက်နေတယ်
သူ့သား ခြောက်ယောက်စလုံးကို တန်းစီခိုင်းထားပြီး စစ်မေးနေတယ်… …

“အိမ်သာကို တွန်းလှဲပစ်တာ ဘယ်သူလဲ”

ဘယ်သူမှ ပြန်မဖြေဘူး
ထပ်မေးတယ်… …

“အိမ်သာကို တွန်းလှဲပစ်တာ ဘယ်သူလဲ”

ဒါလည်း ဘယ်သူမှ ပြန်မဖြေဘူး

ဆိုတော့ ဦးမဲလုံးက ဆက်ပြောတယ်… …

“မင်းတို့ကို ဟိုဘက်အိမ်က မောင်ကျေးညိုလေးအကြောင်း ပြောပြမယ်၊ တခါက အဲဒီမောင်ကျေးညိုလေးဟာ သူ့အိမ်ရှေ့က တမာပင်ကို ဓားနဲ့ခုတ်လှဲပစ်တယ်၊ သူ့အဖေက ဘယ်သူခုတ်တာလဲလို့မေးတော့ မောင်ကျေးညိုလေးက သူခုတ်တာပါလို့ အမှန်အတိုင်း ဖြေလိုက်တယ်၊ အဲဒီလို အမှန်ပြောတော့ သူ့အဖေက မရိုက်ဘူးကွ”

ပြီးတာနဲ့ ခုနမေးခွန်းကို ပြန်မေးတယ်… …

“အိမ်သာကို တွန်းလှဲပစ်တာ ဘယ်သူလဲ”

အဲဒီမှာ တတိယ အငယ်ဆုံးသားက ပြန်ဖြေတယ်.. …

“ကျနော် တွန်းလှဲတာပါ”

…ဆိုတော့ ဦးမဲလုံးက အဲဒီသားကို ဆွဲထုတ်ပြီး ရိုက်ပါလေရော

သားလေးက ငိုရင်းနဲ့ မေးတယ်… …

“ကျေးညိုအပြစ်လုပ်တယ်၊ အမှန်ကို သူဝန်ခံတယ်၊ သူ့အဖေ မရိုက်ဘူး၊ ကျနော်အပြစ်လုပ်တယ်၊ အမှန်ကိုဝန်ခံတယ်၊ ကျနော့်ကို အဖေရိုက်တယ်”

ဒီတော့ ဦးမဲလုံးက ပြန်ပြောတယ်… …

“ကျေးညို တမာပင် ခုတ်လှဲတုန်းက သူ့အဖေက တမာပင်ပေါ်မှာ ငုတ်တုတ်ထိုင်မနေဘူးကွ”… တဲ့

Credit : Thanlay Ko
Previous
Next Post »
Powered by Blogger.