တရုတ်နိုင်ငံ နန်ယင်းမြို့လယ်က Hanzhong လမ်းမဘေးမှာ စိတ်ဝင်စားစရာ စာအုပ်ဆိုင်လေးတစ်ဆိုင် ရှိပါတယ်။ အဲဒီစာအုပ်ဆိုင်ဟာ ဆိုင်ပိုင်ရှင်လဲမရှိသလို၊ ဝန်ထမ်းလဲမရှိပါဘူး။ ပိုက်ဆံရှင်းရမယ့် ကောင်တာလည်း မထားပေးထားပါဘူး။
ဝယ်ယူသူတွေဟာ လိုချင်တဲ့စာအုပ်ကို ယူနိုင်ပြီး ပိုက်ဆံထည့်ဖို့ လုပ်ပေးထားတဲ့ သေတ္တာလေးထဲကို ကိုယ့်အသိစိတ်နဲ့ ကိုယ်ထည့်ပေးရမှာ ဖြစ်ပါတယ်။ စာအုပ်ယူပြီး ပိုက်ဆံမပေးပဲ ထွက်သွားလို့ရနိုင်ပေမယ့်လည်း အများစုကတော့ ပိုက်ဆံရှင်းသွားကြတယ်လို့ ဒီစာအုပ်ဆိုင်ကို ဖွင့်လှစ်တဲ့ကုမ္ပဏီက ဈေးကွက်ရှာဖွေရေးဒါရိုက်တာက ပြောပါတယ်။
အခုထိတော့ ရောင်းချရတဲ့ စာအုပ်တန်ဖိုးတွေရဲ့ ၉၅ ရာခိုင်နှုန်းလောက်ကို ပြန်လည်ရရှိထားပါတယ်။ ဆိုင်နာမည်ကိုတော့ ရိုးသားမှုစာအုပ်ဆိုင်(Honesty Bookshop) လို့အမည်ပေးထားပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေနဲ့ ငွေရှင်းကောင်တာ မရှိတဲ့စာအုပ်ဆိုင်မှာ ဝယ်ယူအတော်များများက စာအုပ်ဖိုးကို အလိုက်တသိပေးချေသွားကြတယ်လို့ ဆိုနိုင်ပါတယ်။ တကယ်တမ်းမှာလည်း ကုမ္ပဏီရဲ့ ရည်မှန်းချက်က ဒီဆိုင်ကနေ အမြတ်အစွန်းရရှိဖို့ မဟုတ်ပါဘူး။ နန်ယင်းမြို့သူ၊ မြို့သားတွေ စာဖတ်ခြင်းအလေ့အထကို ပိုမိုရရှိလာစေဖို့လို့ ကုမ္ပဏီဒါရိုက်တာက ပြောပြပါတယ်။
စာအုပ်ဖိုးရှင်းသွားသည်ဖြစ်စေ မရှင်းသွားသည်ဖြစ်စေ စာအုပ်ဝယ်သွားသူတွေဟာ စာအုပ်ကို ပြီးဆုံးအောင်ဖတ်ဖို့က အရေးကြီးတယ်လို့ ကုမ္ပဏီက မျှော်လင့်ထားပါတယ်။ ဒီလိုစာအုပ်ဆိုင်မျိုးတွေ တရုတ်နိုင်ငံမှာ နေရာအနှံ့ဖွင့်လှစ်ဖို့ သူတို့စီစဉ်ထားကြပါတယ်။
စာအုပ်ဖိုးရှင်းသွားသည်ဖြစ်စေ မရှင်းသွားသည်ဖြစ်စေ စာအုပ်ဝယ်သွားသူတွေဟာ စာအုပ်ကို ပြီးဆုံးအောင်ဖတ်ဖို့က အရေးကြီးတယ်လို့ ကုမ္ပဏီက မျှော်လင့်ထားပါတယ်။ ဒီလိုစာအုပ်ဆိုင်မျိုးတွေ တရုတ်နိုင်ငံမှာ နေရာအနှံ့ဖွင့်လှစ်ဖို့ သူတို့စီစဉ်ထားကြပါတယ်။
Planet Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon