ငွေကုန်ကြေးကျမခံနိုင်ကြတဲ့ ကျောင်းသားတစ်စုဟာ သူတို့ရဲ့နေ့စဉ်လိုအပ်ချက်အသုံးအဆောင်တွေကို ဘယ်လိုဖြည့်ဆည်းပြုပြင်လည်းဆိုတာကို အွန်လိုင်းပေါ်တင်ပြီး ငွေကုန်ကြေးကျသက်သာမယ့်နည်းလမ်းတွေကို မျှဝေခဲ့ကြပါတယ်။ သူတို့ရဲ့ဖြေရှင်းမှုတွေကတော့ ပီဇာကို မီးပူရယ် ဆံပင်အခြောက်ခံစက်ရယ်နဲ့ ဖုတ်တာကစပြီး 7Up ပုလင်းကို ရေပန်းအဖြစ် အသုံးပြုတာအထိ ပါဝင်ပါတယ်။
ပိုပြီးတီထွင်ဥာဏ်ရှိတာကတော့ ဈေးဝယ်တွန်းလှည်းကို အသားကင်ဖို့သုံးတာ ခွေးခြေခုံကို ပြောင်းပြန်ထားပြီး အမှိုက်ပုံးလုပ်တာနဲ့ ထိုင်ခုံတစ်လုံးကို ကူရှင်မရှိတဲ့ဆိုဖာနေရာမှာ အစားထိုးထည့်သွင်းတာတွေပဲဖြစ်ပါတယ်။ ပီဇာဖုတ်စက်အသစ်ကိုတော့ သူတို့က Wyofil ဆိုတဲ့ဝက်ဘ်ဆိုက်မှာ "ဧည့်သည်တွေအတွက် မိုက်ခရိုဝေ့ဗ်မီးဖိုမရှိတာတော့ စိတ်မကောင်းပါဘူး"ဆိုတဲ့ ပုံစာနဲ့တင်ထားပါတယ်။
ဒါ့အပြင် Shotsfiredyo ၀က်ဘ်ဆိုက်မှာတော့ ခြေအိတ်ပေါက်နေတာကို ဘယ်လိုကာကွယ်ရမလဲဆိုတာ ဓာတ်ပုံတွေနဲ့ သရုပ်ပြတင်ဆက်ထားပါတယ်။ ဒါ့အပြင် ကော်ဖီဖျော်စက်နဲ့ ခေါက်ဆွဲပြုတ်တာ၊ နွားနို့ဘူးအလွတ်တွေကို စပီကာလုပ်တာတွေကိုလည်း ပုံတွေမှာ ဆက်လက်ရှုစားကြည့်ပါဦး။
ညီမင်းဟန်(ဆန္ဒကူး)
Sign up here with your email
ConversionConversion EmoticonEmoticon