သမီးတူအမေရဲ့ Selfie ပုံများ



တချို့မိန်းကလေးတွေက ရည်းစားသနာရလာရင် အခုခေတ်ရေစီးအရ ရိုမန်တစ်ဆန်ဆန်ပုံလေးတွေတွဲရိုက်ပြီး အွန်လိုင်းပေါ် မကြာမကြာတင်ကြလေ့ရှိပါတယ်။ နယူးယောက်မှာနေတဲ့ အမ်မီလီမက်ဆန်ဆိုတဲ့ ကောလိပ်ကျောင်းသူလေးကလည်း အဲဒီလိုမိန်းကလေးမျိုးပဲဖြစ်ပါတယ်။ သူ့ချစ်သူ ဂျွန်နီနဲ့စတွဲခဲ့ချိန်ကစပြီး ၂ ပတ်အတွင်းမှာ သူတို့ ၂ ဦးရဲ့ပုံတွေကို လူမှုမီဒီယာပေါ်မျိုးစုံတင်ခဲ့ပါတယ်။ 

အဲဒီလို သူ့သမီးရဲ့မဏ္ဍပ်တိုင်တက်နေတာကို အိမ်ထောင်သက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ အမ်မလီရဲ့ အသက် ၅၅ နှစ်အရွယ်အမေနဲ့ ၅၃ နှစ်အရွယ်အဖေက တုံ့ပြန်ပုံကတော့ သင်းလှပါတယ်။ ဘယ်လိုတုံ့ပြန်သလဲဆိုတော့ သူတို့သမီးရဲ့ Facebook ပေါ်က စုံတွဲဓာတ်ပုံတွေအတိုင်း အမူအရာထပ်တူလုပ်ပြီး လင်မယား ၂ ယောက် Selfie တွေဆွဲကာ သမီးဖြစ်သူကို စနောက်ခဲ့တာကြောင့် သူတို့ပုံတွေ Like တွေ အများကြီးရခဲ့တဲ့အပြင် Dailymail လို သတင်းဌာနကတောင် သတင်းတစ်ပုဒ်အဖြစ် တင်ဆက်ခဲ့ရပါတယ်။

ညီမင်းဟန်(ဆန္ဒကူး)
Previous
Next Post »
Powered by Blogger.