ရုပ်တူတဲ့အမြွာတွေဆိုတာ ခွဲခြားရ အရမ်းခက်ခဲပါတယ်။ အခုဟာကတော့ အမြွာ ၂ စုံပါ။ မော်စကိုမြို့ အိုင်ဒါဟိုက ရုပ်ချင်းခွဲမရတဲ့အမြွာတွေဖြစ်တဲ့ ဖီးလ်နဲ့ ဒေါက်တို့ညီအစ်ကိုဟာ သူတို့ဇနီးတွေဖြစ်တဲ့ ရုပ်တူတဲ့အမြွာညီအစ်မ ဂျီနာ၊ ဂျေးလ်တို့နဲ့အတူ တစ်အိမ်တည်းမှာ နေထိုင်ကြတာဖြစ်လို့ အိမ်ကိုလာလည်တဲ့ဧည့်သည်တွေအတွက်တော့ အမြဲတမ်းဇဝေဇ၀ါဖြစ်ရပါတယ်။ သူတို့ ဇနီးမောင်နှံ ၂ စုံလုံးဟာ တစ်အိမ်တည်းမှာအတူနေတဲ့အပြင် ရင်သွေး ၁ ဦးစီလည်း ရှိကြပြီး အဲဒီရင်သွေးတွေကလည်း ရုပ်ချင်းတူနေတာကတော့ အံ့သြစရာဖြစ်တော့မယ် မထင်ပါဘူး။
အသက် ၅၈ ရှိပြီဖြစ်တဲ့ ညီအစ်ကို ၂ ဦးနဲ့ အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ ညီအစ်မ ၂ ဦးဟာ ၁၉၉၃ ခုနှစ်က ကမ္ဘာ့အကြီးဆုံးအမြွာပွဲတော်မှာ ဆုံဆည်းခဲ့ကြတာဖြစ်ပါတယ်။ ဖီးနဲ့ ဒေါက်တို့ ညီအစ်ကိုဟာ တစ်သက်လုံးအတူနေလာခဲ့ပြီး ဂျီနာနဲ့ ဂျေးလ်တို့ကို တွေ့ချိန်မှာတော့ ချက်ချင်းကို သဘောကျသွားခဲ့ကြပါတယ်။ နောက်နှစ်ပွဲတော်ရောက်တော့ သူတို့ဟာ ညီအစ်မ ၂ ဦးကို ပွဲတော်စင်မြင့်ပေါ်ခေါ်သွားပြီး လူသိရှင်ကြား လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ နောက်နှစ်မှာတော့ အဲဒီပွဲတော်မှာပဲ သူတို့လက်ထပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဖီးလ်က သူတို့အတူနေကြတာနဲ့ပတ်သက်ပြီး လူတွေက နားမလည်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ အခုလိုအနေအထားဟာ အမြွာတွေသာသိနိုင်တဲ့ သံယောဇဉ်ဖြစ်ပြီး သူတို့အတွက် ဘာပြဿနာမှမရှိဘူးလို့ ပြောခဲ့ပါသေးတယ်။ ဖီးလ်နဲ့ ဂျီနာတို့မှာ တင်မ်လို့ခေါ်တဲ့ သားတစ်ဦးရှိပြီး ဒေါက်နဲ့ဂျေးလ်မှာတော့ ရိုင်လီလို့ခေါ်တဲ့သမီးတစ်ဦးရှိနေပါတယ်။
ညီမင်းဟန်(ဆန္ဒကူး)
Sign up here with your email
ConversionConversion EmoticonEmoticon