အမေရိကန်စစ်သမီးတွေရဲ့ အခြားတစ်ဖက်က မိခင်ဘဝ

ဖို့တ်ဘလစ်ရင်ခွင်ပိုက်မူကြိုထဲမှာ ရင်သွေးတွေကို နို့တိုက်ကျွေးနေတဲ့ အမေ ၃ ယောက်
လေတပ်စစ်သမီးတစ်ဦး စစ်ဝတ်စုံနဲ့ ရင်သွေးကို နို့တိုက်နေပုံ
ယူနီဖောင်းဝတ်လျက်နဲ့ ရင်သွေးနို့တိုက်နေတဲ့ အခုလိုပုံတွေကိုလည်း စစ်သမီးတွေက မျှဝေခဲ့ကြပါတယ်
ယူနီဖောင်းဝတ်လျက်နဲ့ ရင်သွေးနို့တိုက်နေတဲ့ အခုလိုပုံတွေကိုလည်း စစ်သမီးတွေက မျှဝေခဲ့ကြပါတယ်
စစ်သမီးဆောင်ထဲမှာ ရင်သွေးတွေကို နို့တိုက်ကျွေးနေတဲ့ အမေများ
Normalize လှုပ်ရှားမှုနဲ့အတူ အွန်လိုင်းမှာပျံ့နှံ့သွားတဲ့ဓာတ်ပုံ
စစ်ဝတ်စုံအပြည့်နဲ့ ရင်သွေးအတွက် နို့ထုတ်ယူနေပုံကို ရိုက်ယူထားတဲ့ မိခင်စစ်သမီးတစ်ဦးရဲ့ပုံ
ရူဘီရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာက ယူနီဖောင်းဝတ်စစ်သမီးတစ်ဦးကလေးနို့တိုက်နေပုံ
တခြားတပ်ဖွဲ့ဝင်တွေရှိနေတုန်းမှာ ရင်သွေးအတွက် တိတ်တဆိတ်နို့ထုတ်ယူနေတဲ့ သားသည်မိခင်စစ်သမီးတစ်ဦး
အမေရိကန်စစ်တပ်က စစ်သမီးတစ်စု သူတို့သားသမီးတွေကို ယူနီဖောင်းအပြည့်အစုံနဲ့နို့တိုက်ကျွေးနေတဲ့ဓာတ်ပုံဟာ စစ်တပ်အတွင်းကလေးငယ်တွေကိုမိခင်နို့တိုက်ကျွေးဖို့လှုံ့ဆော်တဲ့ Normalize အမည်ရ လှုပ်ရှားမှုနဲ့အတူ ပျံ့နှံ့လာခဲ့ပါတယ်။

အခုလိုဓာတ်ပုံတွေရိုက်ကူးတာက ၁၉၉၇ ကနေ ၂၀၀၁ ခုနှစ်အထိလေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တာရာရူဘီရဲ့အကြံဥာဏ်ဖြစ်ပြီးနို့တိုက်ကျွေးဖို့အတွက် ရုံးခန်းလွတ်တွေ သန့်စင်ခန်းတွေ ရှာဖွေနေရတာကိုထောက်ပြခဲ့တာပါ။

ရူဘီဟာ အခုဆိုရင်ဓာတ်ပုံသမားတစ်ဦးဖြစ်နေပြီး တက္ကဆက်ပြည်နယ်၊ အယ်လ်ပါဆိုကဖို့တ်ဘလစ်စစ်စ
ခန်းမှာ ရင်ခွင်ပိုက်မူကြိုတစ်ခုတည်ထောင်ပြီး စစ်သမီးမိခင်တွေအတွက်တစ်ဖက်တစ်လမ်းကနေ ကူ
ညီပေးနေပါတယ်။

အခုလိုဓာတ်ပုံတွေရိုက်ကူးဖို့အတွက် တက်ကြွသူစစ်သမီး ၁၀ ဦးက ယူနီဖောင်းအပြည့်နဲ့ဓာတ်ပုံအရိုက်ခံဖို့ကူညီပေးခဲ့ပါတယ်။ ရူဘီဟာ သူရိုက်ခဲ့တဲ့ပုံတွေထဲက တစ်ပုံကိုသူ့ရဲ့လုပ်ငန်းဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ 
တင်လိုက်ချိန်မှာတော့ အကြိမ်ရေ ၇၀၀၀ ကျော်မျှဝေခံခဲ့ရပါတယ်။
ညီမင်းဟန်(ဆန္ဒကူး)
Previous
Next Post »
Powered by Blogger.